သတ္တုမိုင်းတွင်းကြောင့် ချောင်းကော၊ ခြံပျက်သည်ကိစ္စ သုံးလကြာမှစစ်
diz_admin
November 25, 2020တောင်ပိုင်းကမ္ဘာ သတ္တုမိုင်း၏ ကျောက်တုံး၊ ကျောက်ခဲများနှင့် စွန့်ပစ် မြေစာတို့ကြောင့် ချောင်းကော၊ ခြံပျက် ခဲ့မှုအပေါ် ဒေသခံများကတိုင်ကြားထားသည်ကို သက်ဆိုင်သည့် ဌာနဆိုင်ရာများ စုပေါင်းပြီး နိုဝင်ဘာလ ၁၈ ရက်က သွားရောက်စစ်ဆေးခဲ့သည်။ မိုးတွင်းကာလဖြစ်သည့် သြဂုတ်လအတွင်းက တောင်ပိုင်းကမ္ဘာ ကုမ္ပဏီက လုပ်ကိုင်နေသည့် ဇော်ဖိုးလလုပ်ကွက်မှ ကျောက်တုံး၊ ကျောက်ခဲနှင့် စွန့်ပစ် မြေစာတို့သည် တောင်ကျရေနှင့်အတူ ဖွတ်လက်တိုချောင်းအတွင်း စီးဝင်ခဲ့ သည်။ ယင်းသို့ စီးဝင်သဖြင့် ချောင်းရေစီကြောင်းပြောင်းသွားပြီး ဒေသခံတို့၏ ဥယျာဉ်ခြံအတွင်း စီးဝင်သဖြင့် ခြံပါပျက်ခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကိစ္စဖြစ်ပြီးသည်ကို ဒေသခံများက သက်ဆိုင်ဌာနဆိုင်ရာတို့ထံ တိုင်ကြားခဲ့ပြီးနောက် ယခုလ တတိယပတ်တွင် သတ္တုတွင်း ဦးစီးဌာန၊ အမှတ်(၂) သတ္တုတွင်းလုပ်ငန်း တနင်္သာရီတိုင်း အထွေထွေမန်နေဂျာရုံး၊ သစ်တောဦးစီး ဌာန၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန […]


