လယ်ရှိသော်လည်း ဆန်ဝယ်စားနေရသည့် ရွာ
diz_admin
December 11, 2020အချို့သောလယ်သမားများအနေနှင့် လယ်လုပ်ငန်းကို စွန့်ခွာနေချိန်တွင် ထားဝယ်ခရိုင်၊ ရေဖြူမြို့နယ်၊ မောရဝတီ ရေတပ် အနီးအနားရှိ ဆင်ကူးကျေးရွာက လယ်သမားများမှာမူ လယ်လုပ်ချင်နေသည်။ သို့သော်လည်း လုပ်ပိုင်ခွင့်မရ။ အဆိုပါနေရာမှ လယ်ဧက ထောင်နှင့်ချီသော လယ်ဧကများမှာ ဟိန္ဇဲချောင်းမှ ရေငန်ဝင်သဖြင့် လုပ်ကိုင်မရတော့ဘဲ စွန့်ပစ်ထားကြရသည်မှာ ဆယ်စုနှစ် တိုင်နေပြီဖြစ်ကြောင်း ဒေသခံလယ်သမား အချို့က ပြောသည်။ “ကျွန်တော်တို့ လယ်လုပ်ချင်တယ်။ ကျွန်တော်မှာ ထွန်စက်လည်းရှိတယ်။ အခုက လယ်ရှိလျက်သားနဲ့ ပစ်ထားရတာ ဆိုတော့ ဆန်ဝယ်စားနေရတယ်” ဟု ယင်းကျေးရွာမှ မွန်တိုင်းရင်းသား လယ်သမားဖြစ်သူ ဦးကျော်ငြိမ်းက ဆိုသည်။ ကိုဗစ်နှင့် အိမ်အဟောင်းဈေးကွက် ၎င်း၏ လယ်မြေ ၁၀ ဧကခန့်မှာ ရေငန်ဝင်ရောက်မှုကြောင့် စိုက်ပျိုးလုပ်ကိုင်၍ မရဘဲ ဖြစ်နေသည်။ ယခင်က လယ်ထဲသို့ ရေငန်မဝင် စေရန်အတွက် […]


