လူခိုးသယ်သည်ဆိုသည့် အုပ်ချုပ်ရေးမှူးအား တာဝန်ရပ်စဲ၊ ယာဉ်မောင်းဖြစ်သူကို အမှုဖွင့်
diz_admin
December 21, 2020ရန်ကုန်တွင် သောင်တင်နေသူများကို ထားဝယ်သို့ခိုးသယ်သည်ဆိုသည့် ဒေါင်းငူရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးစိုးထိုက်အား တာဝန်မှရပ်စဲလိုက်ပြီး ၎င်း၏ ယာဉ်မောင်းဖြစ်သူကို သဘာဝ ဘေးဥပဒေပုဒ်မဖြင့် အမှုဖွင့်ထားကြောင်း ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးထံမှ သိရသည်။ လူခိုးသယ်သည့်ကိစ္စနှင့် ပတ်သက်ပြီး တိုင်းအစိုးရမှ စာဖြင့်ညွှန်ကြားလာ သည့်အတွက် ဒီဇင်ဘာလ ၁၁ ရက်နေ့တွင် တာဝန်မှရပ်စဲလိုက်ကြောင်း မြို့နယ် အုပ်ချုပ်ရေးမှူး ဦးအောင်ဆန်းဝင်းက ဆို သည်။ “အဲဒါနဲ့ပတ်သက်ပြီးတော့ တိုင်းကနေ စာလည်းဝင်လာတယ်။ တာဝန်က ရပ်စဲပါဆိုပြီး” ဟု ဦးအောင်ဆန်းဝင်းက ပြောသည်။ လူခိုးသယ်သည်ဆိုသည့်ကိစ္စ တိုင်းအစိုးရထံ တင်ပြမည် ပြီးခဲ့သည့်လက အဆိုပါရပ်ကွက် အုပ်ချုပ်ရေးမှူးကို ဘေးစီမံဥပဒေပုဒ်မ-၂၅ ဖြင့် အရေးယူရန်ညွှန်ကြားထားသည့် စာတစ်စောင်မှာ င်္ခေနဘသသု လူမှုကွန် ရက်ပေါ် ပျံ့နှံ့လာခဲ့သည်။ မြို့နယ်ရဲ တပ်ဖွဲ့မှူးမှ ထားဝယ်မြို့နယ်အုပ်ချုပ်ရေးမှူးအား ညှိနှိုင်းအကြောင်းကြားသည့် စာဖြစ်သည်။ […]


