ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ရှေးဟောင်းစ္စည်းအပ်နှံပါက ဆုကြေးတိုးပေးရန်စီစဉ်

diz_admin

December 23, 2020

ရှေးဟောင်းယဉ်ကျေးမှုအမွေအနှစ် ပစ္စည်းများ အပ်နှံလာပါက ပေးအပ်သည့် ဆုကြေးကို ခေတ်ကာလနှင့်အညီ တိုးမြှင့်ပေးရန် တွက်ချက်နေကြောင်း ရှေးဟောင်း သုတေသနနှင့် အမျိုးသားပြတိုက် ဦးစီးဌာန ထားဝယ်ဌာနခွဲထံမှ သိရသည်။ ဆုချီးမြှင့်ရာတွင် လာရောက်အပ်နှံသည့် ပစ္စည်း၏ ကာလတန်းဖို၊ ခေတ်ဆုကြေး၊ လက်ရာကြေး တို့ကိုပေါင်းကာ ဆုချီးမြှင့်ခြင်းဖြစ်သည်၊။ ဥပမာ ပုဂံခေတ်သုံး တစ်ကျပ်သား ရွှေထည်ပစ္စည်းတစ်ခုခုကို လာရောက် အပ်နှံပါက ရွှေတစ်ကျပ်သားကာလ ပေါက်ဈေး၊ ပုဂံခေတ်ဖြစ်သောကြောင့် ခေတ်ကြေးအဖြစ် ရွှေတန်ဖိုး၏ ၇၀ ရာခိုင်နှုန်း၊ လက်ရာပစ္စည်းမပျက်စီးသေးဘဲ ကောင်းမွန်နေလျှင် ရွှေတန်ဖိုး၏ ၇၀ ရာခိုင်နူန်း၊ အသင့်အတင့်ဆိုလျှင် ၆၀ ရာခိုင်နှုန်း စသည်ဖြင့် ပေါင်းကာ ဆုကြေးအဖြစ် ချီးမြှင့်ခြင်းဖြစ်သည်။ “ဒီလိုဆုကြေးကိုထိုက်ထိုက်တန်တန်ပေးအပ်မှာသာ ဒေသအတွင်းက ရှေးဟောင်းအမွေအနှစ်တွေ အခြားနိုင်ငံ ရောက်သွားမှာကို ကာကွယ်နိုင်တာပေါ့” ဟု ရှေးဟောင်းသုတေသနနှင့် […]

သဘင်၊ ဂီတ၊ မီဒီယာလုပ်ငန်းများ ကိုဗစ်ချေးငွေရမည်

diz_admin

December 23, 2020

ကိုဗစ်ကပ်ဘေးကြောင့် ထိခိုက်မှုရှိသည့် သဘင်၊ ဂီတ၊ ရုပ်ရှင်နှင့် မီဒီယာ လုပ်ငန်းများကို ကိုဗစ်ချေးငွေ ထုတ်ချေးရန် စီစဉ်နေကြောင်း တနင်္သာရီတိုင်းဒေသကြီး ကုန်သည်များနှင့် စက်မှုလက်မှုလုပ် ငန်းရှင်များအသင်းထံမှ သိရသည်။ အဆိုပါလုပ်ငန်းများကို ချေးငွေ ထုတ်ချေးနိုင်ရေး အဆင်သင့်ပြင်ဆင်ထားရန် မြန်မာနိုင်ငံ ကုန်သည်များနှင့် စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ် (UMFCCI) မှ အကြောင်းကြားထားကြောင်း တိုင်းကုန်သည်/စက်မှု အသင်း ဥက္ကဋ္ဌ ဦးကျော်ကျော်ဦးက ဆိုသည်။ “နောက်တစ်ပတ်လောက်ထဲမှာ ဒါကိုဆောင်ရွက်ပေးရမယ်ဆိုပြီးပြော တယ်” ဟု ဦးကျော်ကျော်ဦးက ပြောသည်။ ကိုဗစ်ကုစားရေး ချေးငွေထုတ်ချေးခြင်းကို ဒုတိယအကြိမ်အထိ ထုတ်ချေးခဲ့ ပြီးဖြစ်ကာ စိုက်ပျိုးရေးနှင့် မွေးမြူရေး လုပ်ငန်း၊ ရေထွက် ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ ပြည်ပပို့ကုန် ထုတ်လုပ်သည့် ကုန်ထုတ်လုပ်ငန်း၊ သွင်းကုန်အစားထိုး ပစ္စည်းထုတ်လုပ်သည့် လုပ်ငန်း၊ စားသောက်ကုန်ထုတ်လုပ်သည့်လုပ်ငန်း၊ ဟိုတယ်လုပ်ငန်း […]

နာတာရှည်ထားဝယ်မြေယာ ပြဿနာ တိုင်းလွှတ်တော်ကွင်းဆင်းစစ်၊ တွေ့ရှိချက် အစီရင်ခံစာကို ဇန်နဝါရီလကုန်အပြီး ပြုစုမည်

diz_admin

December 23, 2020

တိုင်းအတွင်း နာတာရှည်ရောဂါ သဖွယ်ဖြစ်နေသည့် ထားဝယ်မြေယာ ပြဿနာကို တိုင်းလွှတ်တော်၏ မြေယာ အငြင်းပွားမှု စောင့်ကြည့်လေ့လာသုံးသပ်ရေးအဖွဲ့မှ ကွင်းဆင်းစစ်ဆေးပြီးနောက် တွေ့ရှိချက်အစီရင်ခံစာကို လာမည့်နှစ် ဇန်နဝါရီလကုန်အပြီး ပြုစုမည်ဖြစ်ကြောင်း တိုင်းဒေသကြီးလွှတ်တော်ဥက္ကဋ္ဌ ဦးခင်မောင်အေးက ပြောကြားသည်။ အစိုးရနှစ်ဆက်တိုင် မဖြေရှင်းနိုင်သည့် ယင်းပြဿနာကို ဒီဇင်ဘာလ ၁၇ ရက်နေ့တွင် တိုင်းလွှတ်တော်ဥက္ကဋ္ဌ ပါဝင်သည့် အထက်ပါအဖွဲ့က ကွင်းဆင်း စစ်ဆေးခဲ့ကြသည်။ ထားဝယ်မြို့၊ ကမြောကင်းလမ်း တစ်ဖက်တစ်ချက်ရှိ လယ်ယာမြေများကို မြို့ပြအကောင်အထည်ဖော်ရန် ၁၉၉၀ ပြည့်လွန်နှစ်များကတည်းက သိမ်းဆည်း ထားခဲ့သည်။ အဆိုပါ မြေယာသိမ်းဆည်းမှုနှင့် ပတ်သက်၍ ပြည်ခိုင်ဖြိုးပါတီအစိုးရ လက်ထက်မှ လက်ရှိ NLDအစိုးရ လက်ထက်အထိ ပြေလည်မှုမရသေးဘဲ မူလပိုင်ရှင်ဟုဆိုသည့်လယ်သမားများမှာ လက်ရှိအချိန်ထိ တရားစွဲဆိုခံနေရ ဆဲဖြစ်သည်။ ထိုကဲ့သို့ အခြေအနေတွင် လယ်သမားများက ၎င်းတို့၏ အခက်အခဲကို […]

စည်းကမ်းမဲ့အမှိုက်ပစ်သူကို ကင်မရာဖြင့်စောင့်ကြည့်ရန် စီစဉ်

diz_admin

December 23, 2020

ထားဝယ်မြို့အတွင်း စည်းကမ်းမဲ့ အမှိုက်ပစ်သူကို စောင့်ကြည့်ရန်အတွက် လုံခြုံရေးကင်မရာ (CCTV) အလုံး၂၀ တပ်ဆင်ရန် လျာထားကြောင်း ထားဝယ်မြို့နယ် စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ စည်းကမ်းမဲ့ အမှိုက်လာပစ်လေ့ရှိသည့် နေရာများတွင် ရွေ့လျားစနစ်ဖြင့် တပ်ဆင်နိုင်မည်ဖြစ်ပြီး ယင်းအတွက် ငွေကျပ်သိန်း ၇၀ သုံးစွဲရန် လျာထားကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ အမှုဆောင်အရာရှိက ဆိုသည်။ “အဖြစ်များတဲ့နေရာတွေမှာ တပ်မှာ။ ပြီးလို့ရှိရင် တကယ်စည်းကမ်းကျ သွားရင် ပြန်ဖြုတ်မှာပေါ့” ဟု အမှုဆောင် အရာရှိက ပြောသည်။ ယင်း စောင့်ကြည့်ကင်မရာများကို ယခုဘဏ္ဍာနှစ်၏ ပထမသုံးလပတ် (အောက်တိုဘာ၊ နိုဝင်ဘာ၊ ဒီဇင်ဘာလ အထိ)တွင် လုပ်ဆောင်မည်ဖြစ်ကြောင်း မြို့နယ်စည်ပင်သာယာရေးအဖွဲ့ထံမှ သိရသည်။ ၂၀၁၈ ခုနှစ် မီနီဘတ်ဂျက်ကာလကလည်း မီးပွိုင့်လမ်းဆုံများနှင့် မြို့တွင်း နေရာအချို့တွင် CCTV ကင်မရာ ၃၃ […]

သယံဇာတ တူးဖော်ထုတ်ယူမှု စာချုပ်များ အများပြည်သူသို့ ထုတ်ဖော်ရန် သမ္မတ ညွှန်ကြား

diz_admin

December 23, 2020

ဓာတ်သတ္တု၊ ပုလဲ၊ ရေနံနှင့် သဘာဝဓာတ်ငွေ့ကဲ့သို့ တွင်းထွက် သယံဇာတ တူးဖော်သည့်လုပ်ငန်းများ ၏ စာချုပ်စာတမ်းများကို အများပြည်သူသိရှိစေရန် ထုတ်ပြန်ပေးရတော့ မည်ဖြစ်သည်။ အထက်ပါစာချုပ်များအား လာမည့်နှစ်သစ် ဇန်နဝါရီလ ၁ ရက်နေ့မှ စကာ အများပြည်သူသိရှိစေရေး ပွင့်လင်း မြင်သာစွာ ထုတ်ပြန်ရန် နိုင်ငံတော် သမ္မတက ယခုလဆန်းပိုင်းက အမိန့်ထုတ်ပြန်ထားသည်။ တွင်းထွက်သယံဇာတတူးဖော်ခြင်း လုပ်ငန်းဆိုသည်မှာ ရေနံနှင့်သဘာဝ ဓာတ်ငွေ့၊ ဓာတ်သတ္တု၊ ပုလဲ၊ သစ်တော၊ ကျောက်မျက်ကျောက်စိမ်း စသည် တို့ကို ရှာဖွေတူးဖော်သည့် လုပ်ငန်းများ ပါဝင်သည်။ အထက်ပါလုပ်ငန်းများနှင့် သက်ဆိုင်သည့် တိုင်းဒေသကြီးအဆင့် အစိုးရဌာန နှစ်ဖက်သဘောတူညီမှုဖြင့် ချုပ်ဆိုထားသော စာချုပ်များ၊ လိုင်စင်များ၊ သဘောတူညီမှုများကို ထုတ်ပြန်ရမည်ဖြစ်သည်။ ယင်းစာချုပ်များကို မြန်မာ MEITI ရုံး၏ ဝက်ဘ်ဆိုက်၊ သယံဇာတနှင့် […]

တစ်ရွာလုံး ကိုဗစ် ထောက်ပံ့ကြေးမရသည့်ရွာ

diz_admin

December 22, 2020

အစိုးရက ကိုဗစ်ကာလ အခြေခံ လူတန်းစုမျာ ထောက်ပံ့သည့် ငွေကြေးကို တစ်နိုင်ငံလုံးက အခြေခံလူတန်းစား အားလုံးနီးပါး ရကြသော်လည်း လောင်းလုံးမြို့နယ်က ပင်လယ်ရွာလေးတစ်ရွာဖြစ်သည့် ရမ်းဇုကီး (ရမ်းမဇူ) ရွာတစ် ရွာလုံးမှာ ထောက်ပံ့ကြေး တစ်ကြိမ်မျှ မရခဲ့ပေ။ ရမ်းဇုကီး‌ကျေးရွာသည် သကျက်တောကျေးရွာအုပ်စုတွင်ပါဝင်ပြီး တီဇစ်ကျေးရွာမှတစ်ဆင့် လှေလမ်းခရီးဖြင့် မိနစ် ၄၀ ခန့်သွားရပြီး သကျက်တောကျေးရွာမှ ကုန်းလမ်း၊ လှေလမ်းနှစ်မျိုးဖြင့်လည်းသွားရောက်နိုင်သည်။ ယင်းကျေးရွာတွင် ကမ်းနီးရေလုပ် သားအများနေထိုင်ကြပြီး အိမ်ထောင်စု ၅၀ ခန့်ရှိသည်။ အများစုမှာ ကိုယ်ပိုင် အိမ်မရှိကြဘဲ ယင်းကမ်းခြေတွင်ပင် တဲထိုးနေထိုင် လုပ်ကိုင်စားသောက်နေကြသည့် အခြေခံလူတန်းစားများဖြစ်သည်။ “အခု သူများရွာတွေမှာ ဆန်အိတ်တွေ၊ ကြက်သွန်တွေပေးတယ်။ ဒီကမ်းခြေမှာ မရဘူး။ သူများတွေမှာ လေးသောင်းစီ၊ သုံးသောင်းစီပေးတယ်၊ ဒီကမ်းခြေကသူတွေမရကြဘူး။ ဘယ်လိုပေးတယ်ဆိုတာလဲ မသိဘူး။ သူများတွေ […]

စည်ပင်ဈေးကြီးအတွင်း ဆိုင်ခန်းကျူးကျော်မှုကြောင့် လျှောက်လမ်းကျဉ်းမြောင်း

diz_admin

December 22, 2020

ဆိုင်ခန်းများ ကျူးကျော်ပြီး ခင်းကျင်း ရောင်းချနေကြသဖြင့် ထားဝယ်မြို့ စည်ပင်သာယာဈေးကြီးအတွင်းရှိ လူလျှောက်လမ်းများမှာ ကျဉ်းမြောင်းသထက် ကျဉ်းမြောင်းလာသည်။ ဈေးအတွင်း ပင်မဝင်ပေါက်၏လမ်းအကျယ်မှာ ၁၀ ပေ ဝန်းကျင်ရှိသော် လည်း အချို့နေရာများတွင် ဆိုင်ခန်းများ ကျူးကျော်ခင်းကျင်းမှုများကြောင့် ငါးပေဝန်းကျင်ခန့်သာ ကျယ်တော့သည်။ ထို့အပြင် တိုက်တန်းဟုခေါ်သည့် ဈေးရုံအတွင်းရှိ လမ်းအကျယ်မှာလည်း သုံးပေဝန်းကျင်ခန့်သာ ကျယ်သည်။ ယင်းကဲ့သို့ အခင်းအကျင်းမှာ လူစည်ကားသည့်ရက်များတွင် ဈေးဝယ်သူများ အခက်တွေ့လေ့ရှိပြီး ခါးပိုက်နှိုက် အန္တရာယ် စိုးရိမ်ရကြောင်း ဈေးကြီး တောင်ဘက်နေ အသက် ၃၂ နှစ်အရွယ်ရှိ အမျိုးသမီးတစ်ဦးက ဆိုသည်။ “ဈေးတာဝန်ရှိသူတွေကလည်း ကြပ်ကြပ်မတ်မတ် လုပ်တာမျိုး မရှိဘူး” ဟု အထက်ပါ အမျိုးသမီးက ပြောသည်။ ထို့အပြင် ဈေးအတွင်းဝင်ရောက်ရာတွင် ဆိုင်ခန်းပစ္စည်းများကို မတော် တဆထိမိပါက ဆိုင်ရောင်းချသူအချို့၏ […]

ခွင့်ပြုချက်မဲ့ သဲထုတ်ယူနေမှုကို တိုင်ကြား၊ စုံစမ်း စစ်ဆေးမည်ဟုဆို

diz_admin

December 22, 2020

လောင်းလုံးမြို့နယ်၊ သဘော့ဆိပ် ကမ်းခြေအော်၊ ချောင်းဝတွင် ခွင့်ပြုချက် မရှိဘဲ စီးပွားဖြစ် သဲထုတ်ယူ သုံးစွဲနေမှုကို တားဆီး၊ အရေးယူပေးရန် ဒေသခံ ၂၈ ဦးက လက်မှတ်ထိုးကာ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူးထံ ဒီဇင်ဘာလ ၁၆ ရက်က တိုင်ကြားလိုက်သည်။ ခွင့်ပြုချက်မဲ့ သဲထုတ်ယူသုံးစွဲနေသော နေရာမှာ ဒေသခံများ သဲပုံစေတီပွဲ ကျင်းပသည့် နေရာအနီးအနားတွင်ဖြစ်သည်။ သဲထုတ်ယူသုံးစွဲသူများမှာ ဆောက်လုပ်ရေးတွင် အသုံးပြုရန်လိုအပ်သည့် သဲကို ထော်လာဂျီ၊ ကား စသည်တို့ဖြင့် နေ့တိုင်းနီးပါး ထုတ်ယူနေကြပြီး တစ်နေ့လျှင် အနည်းဆုံး ငါးစီးခန့်ထုတ်ယူနေကြကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းကဲ့သို့ သဲထုတ်ယူနေခြင်းကြောင့် ပင်လယ်လှိုင်းလုံးများ ရွာထဲအထိ တိုက်ရိုက်ဝင်ရောက်လာပြီး နေအိမ်ပျက်စီးခြင်း၊ သဲပုံစေတီတော်ပွဲပြုလုပ်နေသည့် သဲသောင်ပျက်စီးသွားနိုင်ခြင်း၊ ငါးဖမ်းလှေများ နားခိုသည့် နေရာ ပျောက်သွားနိုင်ခြင်းများ ဖြစ်လာနိုင်ကြောင်း […]