အဆိုနှင့် မေးခွန်ပေါင်း ၁၀ဝ ကျော် တိုင်းအစိုးရက အကောင်ထည်ဖော်ရန်ကျန်
diz_admin
December 28, 2020တနင်္သာရီတိုင်းအစိုးရသည် တိုင်းလွှတ်တော်တွင် ကတိ၊ ကဝတ်သက် ရောက်ခဲ့ပြီး ဆောင်ရွက်ရန်ကျန်နေသည့် အဆိုနှင့် မေးခွန်း စုစုပေါင်း ၁၂၀ ခုရှိသေးကြောင်း တိုင်းလွှတ်တော်ကိုယ်စားလှယ် ဒေါက်တာထူးနေအောင်က ပြောသည်။ ဒီဇင်ဘာလ ၂၂ ရက်က ကျင်းပသည့် တိုင်းလွှတ်တော်ပုံမှန်အစည်းအဝေးတွင် ပြောဆိုခဲ့ခြင်းဖြစ်သည်။ NLD အစိုးရ စတင်တာဝန်ယူသည့် အချိန်မှစပြီး ၂၀၂၀ ပြည့်နှစ် စက်တင်ဘာ လအထိ တိုင်းလွှတ်တော်ကို ၁၇ ခေါ်ယူ ကျင်းပခဲ့သည်။ ယင်းလွှတ်တော် ၁၇ ကြိမ်တွင် လွှတ်တော်ကိုယ်စားလှယ်များက အဆိုနှင့် မေးခွန်းလေးရာကျော် (၄၃၇ ခု) ကို မေးမြန်းခဲ့ပြီး ကတိ၊ ကဝတ်သက်ရောက်သည့် အဆိုနှင့် မေးခွန်းပေါင်း ၂၅၀ ရှိခဲ့သည်။ ယင်းတို့အနက် ၁၂၀ ခုမှာ တိုင်းအစိုးရ က ဆောင်ရွက်ပေးရန် ကျန်နေသေးခြင်း […]


