တနင်္သာရီတိုင်း၏ ကိုဗစ်စည်းကမ်းချက်များ တင်းကျပ်မည်
diz_admin
January 2, 2021တနင်္သာရီတိုင်းဒေသကြီး ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီမှ ထုတ်ပြန်ထားသည့် ကိုဗစ် ကာလ အမိန့်ညွှန်ကြားချက်များကို သေချာစွာ တင်းကျပ်မည်ဖြစ်ကြောင်း ယင်းကော်မတီထံမှ သိရသည်။ အဆိုပါ စည်းကမ်းချက်များအနက် ရိုးရာနတ်ပွဲများ၊ ညမထွက်ရအမိန့် ဖောက်ဖျက်သူများနှင့် တိုင်းအတွင်း ခွင့်ပြုချက်မဲ့ ခိုးဝင်လာသူများအရေးလည်း ပါဝင်သည်။ ယင်းကိစ္စနှင့်ပတ်သက်၍ ကိုဗစ် ထိန်းချုပ်ရေးနှင့် အရေးပေါ်တုံ့ပြန်ရေး ကော်မတီ၏ ၁၄ ကြိမ်မြောက် အစည်းအဝေးကို ဒီဇင်ဘာလ ၂၂ ရက်နေ့က ပြုလုပ်ခဲ့သည်။ ကိုဗစ်နှင့်ပတ်သက်၍ ထုတ်ပြန်ထားသည့် စည်းမျဉ်းစည်းကမ်းများကို ပိုမိုတင်းကျပ်ရန် ဆွေးနွေးခဲ့ကြောင်း အထက်ပါကော်မတီအတွင်းရေးမှူး ဗိုလ်မှူးကြီးကျော်ဇေယျက ဆိုသည်။ နတ်ပွဲ လူ ၃၀ ထက်ပိုက အရေးယူမည်နတ်တော်လအတွင်း ထားဝယ် ဒေသရှိ ရပ်ရွာများတွင် ကျင်းပလေ့ရှိ သည့် ရိုးရာနတ်ပွဲများတွင် လူ ၃၀ […]


