မြေဖို့ထားခြင်းကို ဖယ်ရှားရန်အမိန့်ထုတ်ထားသည့် လယ်ကွက်ပေါ်တွင် ငှက်ပျောပင်စိုက်
diz_admin
July 18, 2021လောင်းလုံးမြို့နယ် သာယာကုန်းကျေးရွာရှိ လယ်ယာမြေပေါ်တွင် မြေဖို့ထားသည့်အတွက် ၇ ရက်အတွင်း ဖယ်ရှားရန် မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့က အမိန့်ထုတ်ထားသည့်လယ်မြေပေါ်တွင် ငှက်ပျောပင်များ စိုက်ပျိုးထားသည်။ လယ်ကွက်ပေါ်ဖို့ထားသည့် မြေကို ၇ ရက်အတွင်း ဖယ်ရှား၍ မူလပုံစံအတိုင်းပြန်လုပ်ရန် အထက်ပါအဖွဲ့က ယခုနှစ် ဧပြီလ ၂၂ ရက်နေ့က အမိန့်ထုတ်ထားသည်။ ၇ ရက်အတွင်း ဖယ်ရှားခြင်းမရှိပါက လယ်ယာမြေဥပဒေ အရ အရေးယူမည်ဖြစ်ကြောင်း ထုတ်ပြန်သည့် ညွှန်ကြားစာတွင် ရေးသားထားသည်။ ယင်းအချိန်က ထုတ်ပြန်ခဲ့သည့် အမိန့်တွင် ဖို့ထားသည့်မြေကို ဖယ်ရှားပြီး မူလစိုက်ပျိုးခဲ့သည့်စပါးကို ပြန်လည်စိုက်ပျိုးရန်ဟုလည်း ဖော်ပြထားသည်။ သို့ရာတွင် လက်ရှိအခိန်အထိ အဆိုပါလယ်ကွက်ပေါ်တွင် ဖို့ထားသည့်မြေကို မဖယ်ရှားဘဲ ငှက်ပျောပင် အနည်းငယ် စိုက်ပျိုးထားသည်ကို တွေ့ရသည်။ အဆိုပါကိစ္စနှင့် ပတ်သတ်၍ မြို့နယ်လယ်ယာမြေစီမံခန့်ခွဲမှုအဖွဲ့ အတွင်းရေးမှူးထံ ဖုန်းဖြင့်အကြိမ်ကြိမ် ဆက်သွယ် […]


