ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ် ကညနရုံးဝန်ထမ်း တစ်ဆယ်ကျော်တွင် ကိုဗစ်ပိုးတွေ့၍ ရုံးယာယီပိတ်

diz_admin

July 14, 2021

တနင်္သာရီတိုင်း ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန (ကညန) ရုံးဝန်ထမ်းတစ်ဆယ်ကျော် ကိုဗစ်ကူးစက်ခံရသည့် အတွက် ရုံးကိုယာယီပိတ် ထားကြောင်း ယင်းဌာနထံမှ သိရသည်။ ရုံးဝန်ထမ်းနှစ်ဦးတွင် ကိုဗစ်ပိုးတွေ့သည့်အတွက် ဝန်ထမ်းအားလုံးကို ဇူလိုင်လ ၁၃ ရက်နေ့လယ်က စစ်ဆေးလိုက်ရာ နောက်ထပ်ဆယ်ဦးတွင် ကိုဗစ်ပိုးတွေ့ရကြောင်း ကညနဌာန တိုင်းဒေသကြီးဦးစီးမှူးက ဆိုသည်။ အရင်ဆုံး ပိုးတွေ့သော ဝန်ထမ်းနှစ်ဦးမှာ ဖျားနာသည့် လက္ခဏာပြနေသည့် အတွက် ကိုဗစ်ပိုး ရှိ၊ မရှိ စစ်ဆေးခဲ့ကြောင်း သိရသည်။ထိုသို့ ကိုဗစ်ပိုးတွေ့သည့်အတွက် ထားဝယ်မြို့ရှိ ကညနဌာန၏ ရုံးလုပ်ငန်း အားလုံးကို ဇူလိုင်လ ၁၄ ရက်နေ့မှစတင်ကာ ယာယီရပ်နားထားကြောင်း ၎င်းက ပြောသည်။ “လာတဲ့ပြည်သူတွေကိုလည်း ကူးမှာကြောက်တော့ တိုင်းကောင်စီကို တင်ပြပြီးတော့ ခေတ္တရပ်ဆိုင်းထားတယ်ခင်ဗျား” ဟု တိုင်းဒေသကြီး ဦးစီးမှူးက ဆိုသည်။ ယာယီရပ်နားသည့်အချိန်ကာလကို ယာယီအားဖြင့် […]

တွေ့ဆုံဆွေးနွေးရန်ဟု ဖိတ်ကြားကာ ရဲစခန်းနှင့် စစ်တပ်အတွင်း စစ်မေး

diz_admin

July 13, 2021

ဆွေးနွေးစရာရှိသည်ဟုဆိုကာ ထားဝယ်ခရိုင် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနက ဆင့်ခေါ်ခဲ့သူလေးဦးကို ရဲစခန်းနှင့် စစ်တပ်ဝင်းတို့အတွင်း စစ်ဆေးမေးမြန်းနေကြောင်း သရက်ချောင်းမြို့ပေါ် ရပ်ကွက် အုပ်ချုပ်ရေးမှူး တစ်ဦးထံမှ သိရသည်။ အဆိုပါလေးဦးအနက် အမျိုးသား သုံးဦးအား စစ်တပ်ထဲတွင်လည်းကောင်း အမျိုးသမီးတစ်ဦးအား ရဲစခန်းတွင်လည်းကောာင်း စစ်ဆေးမေးမြန်း နေကြောင်း ၎င်းထံမှ သိရသည်။ သရက်ချောင်းမြို့ မြို့မရပ်ကွက်နေ မသန်စွမ်းတစ်ဦးဖြစ်သူ ကိုမျိူးမင်းဦး ခေါ် ကိုအန့်ကူ၊ ဦးအောင်မျိုးသက်၊ ဦးပြည့်စုံဦး၊ ဒေါ်အေးအေးမွန်တို့ လေးဦးအား ဆွေးနွေးစရာရှိသည်ဟုဆိုကာ မြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးက ဇူလိုင်လ ၁၂ ရက်စွဲဖြင့် စာပို့ဖိတ်ကြားခဲ့သည်။ ထိုသို့ တွေ့ဆုံဆွေးနွေးရန်ဟုဆိုကာ ဖိတ်ကြားထားသော အချိန်မှာ ယင်းနေ့ ညနေ ၅ နာရီဖြစ်သည်။ ယင်းနေ့ ညနေသုံးနာရီခန့်တွင် ရောက်လာသော ဖိတ်ကြားစာအရ ဖိတ်ခေါ်ခံရသူလေးဦးသည် သရက်ချောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးမှူးရုံးသို့သွားရောက်ခဲ့ကြောင်း […]

စက်ရုံအတွက် ဝယ်ထားသည့် အောက်ဆီဂျင်အိုးခွံများ ယနေ့ရောက်မည်

diz_admin

July 13, 2021

ထားဝယ်ဈေးကွက်တွင် အောက်ဆီဂျင်ပြတ်လပ်နေပြီဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဈေးကွက်တွင် အောက်ဆီဂျင်ပြတ်လပ်နေသည်မှာ တစ်ပတ်ခန့် ရှိပြီဖြစ်ကြောင်း ဧရာဝတီဘဏ်အနီးရှိ အောက်ဆီဂျင် ရောင်းချသည့် ဆိုင်ပိုင်ရှင် အမျိုးသားက ပြောသည်။ “ရန်ကုန်မှ မဟုတ်ဘူး၊ တရုတ်ပြည်လည်း မှာမရဘူး၊ ယိုးဒယားကိုလည်း မှာမရဘူး၊ အိန္ဒိယကိုလည်း မှာမရ။ ဘယ်မှာလည်း မှာ မရဘူးဖြစ်နေတယ်။ ဘယ်မှာလည်း ပစ္စည်းမရှိဘူး” ယင်း အမျိုးသားက ဆိုသည်။ ကိုဗစ်တတိယလှိုင်း ကူးစက်ဖြစ်ပွားမှုမြင့်မားလာသဖြင့် ရန်ကုန်နှင့် အခြားမြို့များတွင် အောက်ဆီဂျင်ဝယ်ယူမှုမြင့်တက်လာပြီး စက်ရုံများနှင့် အရောင်းဆိုင်များတွင် အောက်ဆီဂျင်လုံလောက်မှုမရှိဘဲ ဖြစ်လာခြင်းဖြစ်သည်။ ပြည်တွင်းစက်ရုံများနှင့် နိုင်ငံခြားမှ တင်သွင်းရန် ခက်ခဲခြင်းတို့ကြောင့် ဈေးကွက်အတွင်း ပြတ်လပ်သွားခြင်းဖြစ်ကြောင်း ပိန္နဲတောရပ်ကွက် ရေးလမ်းရှိ အောက်ဆီဂျင်အိုး ရောင်းချနေသည့် အမျိုးသားတစ်ဦးက ပြောသည်။ မော်လမြိုင်၊ ရန်ကုန်၊ မန္တလေးရှိ ပြည်တွင်းစက်ရုံများအပြင် […]

ထားဝယ်သပိတ်စစ်ကြောင်းတွင် ပါဝင်သူများကို ‌သေနတ်ပစ် ဖမ်းရန် ကြိုးပမ်း

diz_admin

July 13, 2021

ထားဝယ်သပိတ်စစ်ကြောင်းတွင် ပုံမှန်ပါဝင်နေသည့် လူငယ်လေးဦးကို အရပ်ဝတ် လက်နက်ကိုင်နှစ်ဦးက သေနတ်ဖြင့် ပစ်ခတ်ဖမ်းဆီးရန် ကြိုးပမ်းမှုတစ်ခု ဇူလိုင်လ ၁၂ ရက် နေ့လယ် ၁၂ နာရီခန့်က ဖြစ်ပွားခဲ့ကြောင်း တပ်ပေါင်းစုသပိတ်စစ်ကြောင်း ဦးဆောင်သူက ပြောသည်။ လူငယ်သပိတ်စစ်ကြောင်းနှင့် တပ်ပေါင်းစု သပိတ်စစ်ကြောင်းနှစ်ခု ပူးပေါင်းပြီး ဆန္ဒထုတ်ဖော်ရန်အတွက် လူငယ်လေးဦးက ဆိုင်ကယ်နှစ်စီးဖြင့် မတူညီသော လမ်းကြောင်း နှစ်ခုမှ စုရပ်သို့ ထွက်ခွာလာစဉ် ယင်းကဲ့သို့ ဖြစ်ပွားခဲ့ကြောင်း ၎င်းက ပြောသည်။ ပထမလူငယ်နှစ်ဦး စီးနင်းလာသည့်ဆိုင်ကယ် ပုံကျွန်းရပ်ကွက်သို့ အရောက်တွင် အရပ်ဝတ်လက်နက်ကိုင်နှစ်ဦးက ဆိုင်ကယ်တစ်စီးဖြင့် နောက်ယောင်ခံလိုက်လာကြောင်း ၎င်းကပြောသည်။ ယင်းနောက် လူပြတ်သည့်နေရာဖြစ်သော မြောင်းပုလဲရပ်ကွက်ရှိ တံတားတစ်ခုအရောက်တွင် လက်နက်ကိုင်ထားသည့် ဆိုင်ကယ်က အရှေ့မှ ပိတ်ရပ်ကာ တားဆီးခဲ့သည်ဟု ဆိုသည်။ “သူတို့ဆိုင်ကယ်ပိတ်ရပ်ပြီးတာနဲ့ ခါးထဲကနေ ပစ္စတို(သေနတ်) […]

Home Stay နေသူများကို ဈေးဝယ်ပြီး အခမဲ့ပို့ပေးမည့် ကူညီသူများ ထပ်ပေါ်လာ

diz_admin

July 13, 2021

ကိုဗစ်ကပ်ဘေးကြောင့် Home Stay နေအိမ်တွင်နေထိုင်သူများအတွက် ဈေးဝယ်ပြီး အခမဲ့ပို့ပေးမည့် ကူညီသူများ ထားဝယ်မြို့တွင် ထပ်ပေါ်လာခဲ့သည်။ ကိုဗစ်ကူးစက်ခံရသူများ၊ ထိတွေ့ဆက်စပ်သူများနှင့် ကိုဗစ်ကူးစက်ခံရမည်စိုး၍ အပြင်မထွက်ဘဲ နေအိမ်တွင်သာ နေထိုင်လို သူများအတွက် ဈေးဝယ်ပြီး အခမဲ့ပို့ပေးရန် စီစဉ်နေကြောင်း သိရသည်။ ထားဝယ်မြို့ရှိ ရွှေဝယ်-A ဒေသထွက် စားစရာများနှင့် ရေထွက်ပစ္စည်းအမျိုးမျိုး အိမ်အရောက် ရောင်းဝယ်ရေးလုပ်ငန်းက ဇူလိုင်လ ၁၅ ရက်နေ့ နောက်ပိုင်းတွင် လုပ်ဆောင်ပေးရန် စီစဉ်နေခြင်းဖြစ်သည်။ Dream Journey ကော်ဖီဆိုင်ကလည်း မိသားစုအားလုံး ကိုဗစ်ကူးစက်ခံရသူများကို အစားအသောက်နှင့် ဆေးဝါး ဝယ်ယူပို့ဆောင်မည့် အခမဲ့ဝန်ဆောင်မှုကို ဇူလိုင်လ ၁၁ ရက်နေ့တွင် စတင်လုပ်ဆောင်နေသည်။ လက်ရှိတွင် ရွှေဝယ်-A လုပ်ငန်းအနေဖြင့် ဈေးဝယ်ယူပို့ဆောင်ပေးရန် အသေးစိတ်စီစဉ်နေဆဲဖြစ်ပြီး နောက်ပိုင်းတွင် ဆက်သွယ်ရမည့် ဖုန်းနံပါတ်ထုတ်ပြန်ပေးမည်ဖြစ်ကြောင်း ယင်းလုပ်ငန်း၏ […]

ထားဝယ်တွင် နှာခေါင်းစည်းတစ်ထုပ်လျှင် ၁၈၀၀ကျပ်ဖြင့် စရောင်း

diz_admin

July 13, 2021

ကိုဗစ်ရောဂါ ထိန်းချုပ်ကာကွယ်ရေးလူထုအခြေပြု အထောက်အကူပြု အဖွဲ့ (ထားဝယ်ဒေသ) က နှာခေါင်းစည်းတစ်ထုပ်လျှင် ၁၈၀၀ ကျပ်ဖြင့် စတင်ရောင်းချပေးနေပြီဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ အခုရေ ငါးဆယ်ပါနှာခေါင်းစည်းအထုပ်များကို ရောင်းချပေးနေခြင်းဖြစ်ပြီး ထားဝယ်မြို့ စာတိုက်လမ်းဆုံအနီးရှိ (ပုလဲဆေးခန်းအရှေ့) အထောက်အကူပြုရုံးတည်ရှိသည့်နေရာတွင် နံနက်ပိုင်းတွင် ရောင်းချပေးနေကြောင်း ယင်းအဖွဲ့၏ အတွင်းရေးမှူးအဖွဲ့ဝင် တစ်ဦးက ဆိုသည်။ ယခင်က နှာခေါင်းစည်းကို လိုသလောက်ရောင်းချပေးရန် ရည်ရွယ်ခဲ့သည့် လက်ရှိတွင် မှာထားသည့် ပစ္စည်းအားလုံး မရောက်သေးသည့်အတွက် တစ်ဦးလျှင် ငါးထုပ်အထိသာ ရောင်းပေးနေကြောင်း ၎င်းက ပြောသည်။ “ပစ္စည်းကလည်း အားလုံးမရောက်သေးဘူး၊ ပစ္စည်းအားလုံးရောက်ရင်တော့ လိုသလောက်ရောင်းပေးမယ်ပေါ့နော်” ဟု အထက်ပါအတွင်းရေးမှူးအဖွဲ့ဝင်က ဆိုသည်။ လက်ရှိရောင်းချနေသည့် နှာခေါင်းစည်းတစ်ထုပ်၏ ဝယ်ရင်းဈေးမှာ ၁၇၅၀ ကျပ် ကျသင့်နေကြောင်း ၎င်းက ရှင်းပြသည်။ ပြင်ပဈေးကွက်တွင် နှာခေါင်းစည်းတစ်ထုပ်လျှင် […]

လောင်းလုံး ပန်းတင်အင်းရွာတွင် စစ်မှုထမ်း‌ဟောင်း တစ်ဦး ပစ်သတ်ခံရ

diz_admin

July 13, 2021

ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် ပန်းတင်အင်းကျေးရွာတွင် ဇူလိုင်လ ၁၂ ရက် ညနေ ၄ နာရီခန့်တွင် စစ်မှုထမ်းဟောင်းအမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၇၀ ဝန်းကျင်အရွယ် ဦးအောင်ကြည် ခေါ် ဒူးလန်ဆိုသူဖြစ်ပြီး ပန်းတင်အင်းကျေးရွာ ညောင်ပင်ဆိပ် အဝင်လမ်းတွင် နေထိုင်သူဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ “ဦးခေါင်းကို သေနတ်နဲ့ပစ်သွားတယ်လို့ကြားရတယ်။ အလောင်းကတော့ ထားဝယ်ကိုသယ်သွားတယ်။ အခုထိတော့ ရွာကို ပြန်မရောက်လာသေးဘူး” ဟု ဒေသခံအမျိုးသားတစ်ဦးက ယနေ့ ၁၀ နာရီခန့်တွင် ပြောကြားသည်။ ဦးအောင်ကြည်သည် စစ်မှုထမ်းဟောင်းတစ်ဦးဖြစ်ပြီး ဆေးတပ်သားတစ်ဦးဖြစ်ကြောင်း ၎င်းနှင့် ရင်းနှီးသူတစ်ဦးက ပြောသည်။ လွန်ခဲ့သော နှစ် ၂၀ ခန့်ကတည်းက တပ်မှအငြိမ်းစားယူပြီးနောက် ပန်းတင်အင်းရွာတွင် ဇနီးနှင့်အတူ အခြေချနေထိုင်ကာ ဆေးကုသခြင်းဖြင့် […]

ရောင်းမော်တိုက်ပွဲတွင် DDT ခေါင်းဆောင် ကိုတင်နိုင် ကျဆုံးခဲ့ဟု ထုတ်ပြန်

diz_admin

July 12, 2021

ထားဝယ်မြို့နယ် ရောင်းမော်ရွာတိုက်ပွဲတွင် ထားဝယ်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(DDT) ခေါင်းဆောင်ဖြစ်သူ ကိုတင်နိုင် ကျဆုံးသွားကြောင်း ယင်းအဖွဲ့က ဇူလိုင်လ ၁၁ ရက်နေ့တွင် ထုတ်ပြန်ခဲ့သည်။ DDTတပ်ဖွဲ့၏ အဖွဲ့ခေါင်းဆောင်တစ်ဦးဖြစ်သူ ကိုတင်နိုင် ခေါ် ကိုဂျိမ်းဘွန်းသည် အခြားတပ်ဖွဲ့ဝင်တစ်ဦးနှင့်အတူ ဇူလိုင်လ ၇ ရက်ညက ဖြစ်ပွားခဲ့သည့် တိုက်ပွဲတွင် ကျဆုံးခဲ့ကြောင်း ဖော်ပြထားသည်။ တိုက်ပွဲတွင် ကိုယ်ပိုင်အမှတ် ၀၀၇ ဖြစ်သူ ကိုတင်နိုင်နှင့် အတူ ကိုယ်ပိုင်အမှတ် ၀၃၃ တို့ ကျဆုံးခဲ့ရသည့်အတွက် ဝမ်းနည်းဂုဏ်ယူကြောင်း ထုတ်ပြန်ထားသည်။ ဒေသခံများအဆိုရ ရောင်းမော်ရွာ စာသင်ကျောင်းတွင် တပ်စွဲထားသည့် အဖွဲ့နှင့် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ DDT နှင့် အပြန်အလှန်ပစ်ခတ်သူများကမူ ၎င်းတို့မှာ ပြည်သူ့စစ်အဖွဲ့သာဖြစ်ကြောင်း ပြောဆိုထားသည်။ကိုတင်နိုင်သည် ထားဝယ်မြို့တွင် ထင်ရှားသော ဧည့်လမ်းညွှန်တစ်ဦဖြစ်ပြီး တိုက်တန် ကုမ္ပဏီ ထူထောင်ကာ ခရီးသွားလုပ်ငန်း […]