ထားဝယ်ခရိုင်အတွင်း ရေကြီးမှု နောက်ဆုံးအခြေအနေ
diz_admin
July 27, 2021မိုးသည်းထန်စွာရွာသွန်းပြီး ထားဝယ်ခရိုင်အတွင်း နေရာအချို့တွင် ရေကြီးရေလျှံလေ့ရှိသည်။ ယင်းကဲ့သို့ ရေကြီး ရေလျှံ ဖြစ်ပွားလေ့ရှိသည့် နေရာအချို့၏ နောက်ဆုံးအခြေအနေကို မေးမြန်းထားပါသည်။ ဇူလိုင်လ ၂၆ ရက် ညနေသုံးနာရီအထိ ဆက်သွယ်မေးမြန်းချက်အား စုစည်းဖော်ပြလိုက်သည်။ ။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။ ထားဝယ်မြို့ ထားဝယ်မြို့အတွင်း ဆေးရုံလမ်းမှာ ရေပြန်ကျနေပြီဖြစ်ပါတယ်။ မြို့အထွက် ပေါက်တိုင်းတံတားနားမှာလည်း ရေပြန်ကျပြီး ဆိုင်ကယ်၊ ကားတွေ သွားလာနေပြီဖြစ်ပါတယ်။ ပကာရီကျေးရွာ ထားဝယ်- မေတ္တာ သွားလမ်းပိုင်းတစ်နေရာဖြစ်တဲ့ ပကာရီကျေးရွာအတွင်း ကားလမ်းမပေါ်မှာ ရေပြန်ကျနေပြီလို့ ဒေသခံအချို့ဆီ ကနေသိရပါတယ်။ ဇူလိုင်လ ၂၅ ရက်ကမူ ကားလမ်းမအထက် ခုနစ်ပေ၊ ရှစ်ပေလောက်အထိ ရေကြီးခဲ့ပြီး ယင်းည ၁၁ နာရီလောက်ကစပြီး တဖြည်းဖြည်း ရေပြန်ကျသွားတယ်လို့ ဒေသခံတစ်ဦးဖြစ်တဲ့ ဦးတင့်ဝေက ပြောပါတယ်။ အနိမ့်ပိုင်းရှိ နေအိမ်အချို့မူ ရေနစ်မြုပ်ခဲ့ပေမယ့် […]


