ထားဝယ်တွင် စားအုန်းဆီဈေးပြန်တက်
diz_admin
October 26, 2022စားအုန်းဆီဈေးနှုန်း တစ်ပုံး ကျပ်ခြောက်သောင်းကျော်အထိ ကျဆင်းခဲ့ရာမှ အောက်တိုဘာလ တတိယအပတ်မှစပြီး ကျပ်ခုနစ်သောင်းကျော်အထိ ပြန်တက်လာကြောင်း ယင်းဈေးကွက်အတွင်းမှ စုံစမ်းသိရှိရသည်။ စက်တင်ဘာလ ပထမအပတ်က ထားဝယ်ဈေးကွက်တွင် စားအုန်းဆီ ဆယ်ပိဿာဝင် ကော်ပုံးဝါတစ်ပုံးကို ကျပ်တစ်သိန်းငါးထောင်အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီးနောက် တဖြေးဖြေး ပြန်လည်ကျဆင်းလာခဲ့ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ယင်းနောက် အနိမ့်ဆုံးဈေး ကျပ်ခြောက်သောင်းလေးထောင်ခန့်အထိ ကျဆင်းခဲ့ပြီး အောက်တိုဘာလ တတိယအပတ်တွင် ကျပ် ခုနစ်သောင်းလေးထောင်ကျော်အထိ ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ စားအုန်းဆီမှာ ပြည်ပမှတင်သွင်းရပြီး လက်ရှိပြည်တွင်းဖြစ်ပေါ်နေသော ပဋိပက္ခများကြောင့် လမ်းကြောင်း ပိတ်ဆို့ ခြင်းနှင့် မြန်မာငွေ တန်ဖိုးမတည် ငြိမ်မှုတို့ကြောင့် ဈေးပြန်တက်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ရှိ စားသုံးကုန် အမျိုးမျိုး လက်ကားဖြန့်ဝေရောင်းချသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “အဓိကက တိုက်ပွဲတွေကြောင့် လမ်းပိတ်တာရယ်၊ ငွေကြေးမတည်ငြိမ်တာရယ် အဲဒါကြောင့်ပါ” […]


