CDM များ နိုင်ငံကူးလက်မှတ် လျှောက်ခွင့်မရဟုဆို
diz_admin
October 28, 2022အာဏာဖီဆန်ရေးလှုပ်ရှားမှု CDM တွင် ပါဝင်ထားသည့် နိုင်ငံ့ဝန်ထမ်းများ နိုင်ငံကူးလက်မှတ် (Passport) လျှောက်ထားခွင့် မရဘဲ ကန့်သတ်ခံနေရကြောင်း ပွဲစားအချို့ထံမှ သိရသည်။ ပွဲစားမှတစ်ဆင့် နိုင်ငံကူးလက်မှတ် လျှောက်ထားပါက CDM ဝန်ထမ်း ဟုတ်၊ မဟုတ် ဦးစွာမေးလေ့ရှိပြီး CDM ဝန်ထမ်းဆိုပါက လက်ခံလေ့မရှိကြောင်း ထားဝယ်မြို့ခံ ပွဲစားတစ်ဦးက ပြောသည်။ “ပုဂ္ဂလိက လုပ်ငန်းကနေပြီး CDM လုပ်ထားတဲ့သူဆိုရင်တော့ ဘာမှမဖြစ်ဘူး။ အစိုးရဝန်ထမ်း CDM ဆိုရင်တော့ မှတ်ပုံတင်နံပတ် ရိုက်ထည့်လိုက်တာနဲ့ ကွန်ပျူတာမှာ တန်းပေါ်တာ။ အဲဒါကြောင့် လက်မခံဘူး” ဟု ထားဝယ်မြို့ခံ ပွဲစားတစ်ဦးက ဆိုသည်။ နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံကူးလက်မှတ် လျှောက်ထားရန်အတွက် ကန့်သတ်ချက်တစ်ခုရှိသည်။ ၎င်းအချက်မှာ နိုင်ငံ့ဝန်ထမ်းတစ်ဦးဦးက နိုင်ငံကူးလက်မှတ်လျှောက်ထားမည်ဆိုပါက မိမိဌာနသို့ တင်ပြရပြီး သက်ဆိုင်ရာ ဌာနအကြီးအကဲ […]


