ပုံစံပြောင်းကျင်းပလာကြသည့် တနင်္သာရီတိုင်းက ဘုရားလှည့်ပွဲများ
diz_admin
November 8, 2022ပုံမှန်ဆိုလျှင် ထားဝယ်တန်ဆောင်တိုင်ပွဲပြီးသည်နှင့် ဘုရားပွဲများ တိုင်းအတွင်း နေရာအနှံ့အပြားတွင် ကျင်းပကြသော်လည်း ယခုနှစ်တွင် မြို့ကြီးအချို့နှင့် ကျေးရွာအနည်းငယ်တွင်သာ ကျင်းပကြတော့သည်။ ကျင်းပသည့်ဒေသတွင်လည်း ယခင်မြင်တွေ့နေကျပုံစံ မဟုတ်တော့ပေ။ ကော့သောင်းမြို့ ဘုရားလှည့်ပွဲတွင် လက်နက်အပြည့်အစုံ ကိုင်ဆောင်ထားသည့် စစ်ကောင်စီတပ်သား သုံးလေးဦး ပါသည့် စစ်ကားတစ်စီးနှင့် အရာရှိများစီးလေ့ရှိသည့် ရဲကားတစ်စီး ဘုရားတန်း၏ ထိပ်ဆုံးတွင် တွေ့ရသည်။ ဘုရားတန်း၏ အလယ်တွင်လည်း ရဲတပ်ဖွဲ့ကားနှစ်စီး၊ ယူနီဖောင်းအပြည့်အစုံဝတ်ထားသည့် ခြေကျင် လမ်းလျှောက် သွားနေသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ရှိနေကြောင်း ဘုရားပွဲတွင်ပါဝင်သူ ကော့သောင်းမြို့ခံအချို့က ပြောသည်။ “စစ်ကားတွေ၊ ရဲကားတွေကတော့ လုံခြုံရေးအနေနဲ့ လိုက်တာပါ။ အရင်ကတော့ ဒါမျိုးစစ်ကားတွေ လက်နက်တွေနဲ့ ပါတာမျိုးတော့ မရှိဘူးပေါ့။ ရဲတပ်ဖွဲ့ကတော့ အရင်ကလည်း အမြဲပါနေကျပါ” ဟု ဘုရားလှည့်ပွဲတွင် ပါဝင်သူ ကော့သောင်းမြို့ခံတစ်ဦးက ဆိုသည်။ […]


