ဒေါက်တာလဲ့လဲ့မော်နှင့်အတူ ကုမ္ပဏီတာဝန်ရှိသူများ ပြန်လွတ်
diz_admin
November 17, 2022တနင်္သာရီတိုင်းဝန်ကြီးချုပ်ဟောင်း ဒေါက်တာလဲ့လဲ့မော်နှင့်အတူ အဂတိအမှုဖြင့် ထောင်ဒဏ်ချမှတ်ခံထားရသည့် GGS ကုမ္ပဏီတာဝန်ရှိသူများ ယနေ့ပြန်လည်လွတ်မြောက်လာကြောင်း စုံစမ်းသိရှိရသည်။ “ဒီနေ့အကုန်လုံးပြန်လွတ်လာပါပြီ။ ဦးသိန်းထွေးပါတယ်။ ဒေါ်လဲ့လဲ့မော်ပါတယ်။ ဦးအောင်မြတ်ပါတယ်။ အခုထောင်ရှေ့မှာပါ။ ကျွန်တော်သူတို့ဘေးမှာရှိနေပါတယ်” ဟု ဦးသိန်းထွေး၏ မိတ်ဆွေ ဦးစိုးနိုင်က ပြောသည်။ ဦးစိုးနိုင်သည် GGS ကုမ္ပဏီတာဝန်ရှိသူများ ထားဝယ်မြို့တွင် တရားရင်ဆိုင်နေစဉ်က မကြာခဏလာရောက်ခဲ့သူဖြစ်သည်။ GGS ကုမ္ပဏီမှာ ဝန်ကြီးချုပ်ဒေါက်တာလဲ့လဲ့မော် လက်ထက်က ထားဝယ်ခရိုင် လျှပ်စစ်ဓာတ်အား ထုတ်လုပ်ရေးကုမ္ပဏီတစ်ခုဖြစ်သည်။ ဒေါက်တာလဲ့လဲ့မော် အဂတိအမှု ၄ မှုနှင့်တရားစွဲခံရသည့်အထဲ GGS ကုမ္ပဏီက နိုင်ငံတော်သို့ ဂက်စ်ဖိုးငွေ ၉ ဘီလီယံနီးပါးပေးချေရန် ပျက်ကွက်ခဲ့မှု၊ ဒေါက်တာလဲ့လဲ့မော်ပိုင် နေအိမ်နှင့်ခြံကို ကျပ်သိန်း ၂၀၀၀ ဈေးပေးပြီး ဝယ်ယူခဲ့မှုတို့ဖြင့် GGS ကုမ္ပဏီဥက္ကဋ္ဌ ဦးသိန်းထွေးနှင့် တာဝန်ခံဦးအောင်မြတ်တို့မှာ ထောင်ဒဏ် ၁၀ နှစ်စီချမှတ်ခံရခြင်းဖြစ်သည်။ အထွေထွေမန်နေဂျာဖြစ်သူ ဦးသူရအုံမှာလည်း ထောင်ဒဏ် ၅ နှစ်ချမှတ်ခံခဲ့ရသည်။ ယင်းထောင်ဒဏ်ချမှတ်ခံထားရသူ သုံးဦးအနက် ဦးသိန်းထွေး၊ […]


