အဝယ်နည်းပြီး အရောင်းများနေသည့် ထားဝယ်ဆိုင်ကယ်စျေးကွက်
diz_admin
September 7, 2022သွားလာရေးအတွက် ဆိုင်ကယ်သာအားပြုစီးနင်းကြသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၏ ဆိုင်ကယ်စျေးကွက်မှာ ရောင်းလိုသူများနေပြီး ဝယ်သူနည်းပါးနေသည်။ လူတစ်ဦးလျှင် ဆိုင်ကယ်တစ်စီးနှုန်း အနည်းဆုံးရှိနေသည့် တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့်မလုံခြုံမှုများ၊ ဘတ်စျေးမြင့်မားမှုနှင့် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးလာမှုတို့မှာ ဆိုင်ကယ်စျေးကွက်ကို ရိုက်ခတ်မှုဖြစ်ပေါ်လာစေသည်။ တနင်္သာရီတိုင်းတွင် လူငယ်အများအပြားမှာ ဖမ်းဆီးခံရမည့်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ဝင်ရောက်သွားခြင်းနှင့် ထိုင်းနိုင်ငံသို့ထွက်ခွာကာ အလုပ်သွားရောက် လုပ်ကိုင်ကြခြင်းတို့ကြောင့်လည်း ပိုနေသည့် ဆိုင်ကယ်များကို ပြန်ရောင်းလာကြသည်။ ထားဝယ်မြို့တွင်လည်း လူငယ်များ ထိုင်းသို့သွားရောက်ကြသဖြင့် အိမ်အချို့တွင် ဆိုင်ကယ်စီးမည့်သူ တစ်ဦးသာရှိသော်လည်း ဆိုင်ကယ် ၃ စီးခန့်ဖြစ်နေသဖြင့် ပြန်ရောင်းလိုသူများ ရှိနေသည်။ ဈေးကွက်အရွေ့ ထားဝယ်တွင် ဆိုင်ကယ်အရောင်းအဝယ် အေးနေသဖြင့် ဆိုင်ကယ်ရောင်းသူများမှာ အခြားတိုင်းနှင့်ပြည်နယ်သို့ရောင်းချသည့် ဈေးကွက်က ပိုမိုမှီခိုလာကြသည်။ ယခင်ကမူ တိုင်းပြင်ပကို ရောင်းချမှုနည်းပါးလှသော်လည်း တိုင်းအတွင်း အရောင်းအဝယ် ကျဆင်းနေသည့်အပြင် […]


