ကုန်ဈေးနှုန်းကြောင့် ထားဝယ်မုန့်လက်သုပ် ဈေးထပ်တက်
diz_admin
September 9, 2022ကုန်ဈေးနှုန်း ကြီးလာခြင်းကြောင့် ထားဝယ်မုန့်လက်သုပ်ဈေးလည်း ထပ်တက်လာကြောင်း ထားဝယ်ဒေသခံအချို့က ပြောသည်။ ထားဝယ်တွင် ယခင်က ၃၀၀ ကျပ်တန် မုန့်လက်သုပ်မှာ တစ်ပွဲ ၄၀၀ ဖြစ်လာပြီး ၄၀၀ ကျပ်ဖြင့်ရောင်းနေသည့်ဆိုင်တွင် တစ်ပွဲ ၅၀၀ ကျပ်ဖြစ်လာသည်ဟု မုန့်လက်သုပ် မကြာခဏဝယ်စားနေသည့် ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “လေးရာတန်ဆိုင်မှာဆို မုန့်လက်သုပ်က နှစ်လုတ်စာလောက်ပဲပါတယ်၊ ငါးရာတန်ဆိုင်မှာကတော့ ပုံမှန်တိုင်းပါတယ်၊ အရင်ကဆို မုန့်လက်သုပ်တစ်ပွဲစားရင် ဝသွားတာပဲ၊ အခုက နှစ်ပွဲလောက်စားမှ ဝဝလင်လင်စားရတယ်” ဟု ၎င်းကဆိုသည်။ မုန့်လက်သုပ်ဈေးတက်လာသည်မှာ ကုန်ဈေးနှုန်းများ သိသိသာသာ တက်လာသည့်အချိန်မှ စတင်တက်လာခြင်းဖြစ်ကြောင်း မုန့်လက်သုပ်စားသုံးသူ အချို့ကပြောသည်။ ငါးဥနှင့် မုန့်လက်သုပ်မှာ ယခင်က တစ်ပွဲလျှင် ငွေကျပ် ၇၀၀ မှ ၈၀၀ ခန့်သာပေးရသော်လည်း ယခုအခါ ငါးဥဖြင့် […]


