ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

တစ်ပတ်ကျော်ကြာဖမ်းဆီးခံရသည့် ဘဝပင်ရွာသားနှစ်ရာကျော်ပြန်လွတ်၊ တစ်ဦး မလွတ်သေး

diz_admin

September 15, 2022

ထားဝယ်မြို့နယ် ဘဝပင်ရွာတွင် တစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒေသခံရွာသူ၊ရွာသား နှစ်ရာကျော် စက်တင်ဘာလ ၁၃ ရက် ည‌နေတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ဘဝပင်ရွာအနီး ကျောက်သေတ္တာတောင်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် ကျေးရွာဘုန်းကြီးကျောင်းတွင် လာရောက်ပုန်းခိုနေသည့် ဒေသခံရွာသား တစ်ရာကျော်ကို စစ်ကောင်စီတပ်က ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် ဘဝပင်ရွာ‌ရှိ အခြားနေရာနှစ်ခုတွင် ပုန်းအောင်းနေသည့် ဒေသခံ တစ်ရာကျော် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ရာ‌ကျော်တွင် လက်လုပ်သေနတ် (တူမီး) ရှိသူ နှစ်ဦးကို စစ်တပ်က ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနှစ်ဦးမှာ ရိုက်နှက်ခံရပြီး […]

အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်ချွတ်ယွင်းနေသဖြင့် လည်ပတ်မည့်ရက် မသိရသေး

diz_admin

September 15, 2022

ထားဝယ် အာယုဒါနအရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့ပိုင် စက်နှစ်လုံးမှာ ချွတ်ယွင်းနေသည့်အတွက် ပြန်လည် လည်ပတ်မည့် နေ့ရက်အတိအကျ မသိရသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၁၀၀ ခန့် ထုတ်လုပ်ပေးနိုင်သည့် တရုတ်နိုင်ငံထုတ်စက်ကြီးမှာ ပြီးခဲ့သည့် စက်တင်ဘာ ပထမ ပတ်လောက်ကစပြီး စက်ချွတ်ယွင်းသွားကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် စက်ငယ်ဖြင့် အစားထိုးလည်ပတ်နေရာမှ အဆိုပါစက်ငယ်မှာလည်း အင်ဂျင်ဝိုင်လိုက်လာသောကြောင့် စက်တင်ဘာလ ၁၃ ရက်ကစပြီး အောင်စီဂျင်ထုတ်လုပ်မှုကို ရပ်နားထားရကြောင်း ၎င်းက ဆိုသည်။ “စက်ကြီးအတွက်က အပိုပစ္စည်း ဒီမှမရှိဘူး။ နိုင်ငံခြားက မှာရတဲ့အတွက် ပစ္စည်းလာတဲ့အချိန်ပေါ်မှာပဲ မူတည်တယ်။ စက်ငယ်အတွက်ကတော့ အင်ဂျင်နီယာ ခေါ်ထားတယ်။ တစ်ပတ်ဆယ်ရက်အတွင်း လာ‌မယ်လို့ပြောထားတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ စက်ချွတ်ယွင်းနေသည့်ကာလအတွင်း ခရိုင်အတွင်းရှိ […]

ဗုံးပေါက်ကွဲမှုဖြစ်သည့် သရက်နှစ်ခွရွာစာသင်ကျောင်း ပြန်မဖွင့်နိုင်သေး

diz_admin

September 14, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ အထက (ခွဲ) ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ရက်ကြာသည်အထိ ကျောင်းမဖွင့်နိုင်သေးကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။ ယင်းကျောင်းတွင် စက်တင်ဘာလ ၁၂ ရက် ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မျက်နှာကျက်များ၊ တံခါးရွက်များ၊ အုတ်နံရံနှင့် အဆောက်အအုံ၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။ အဆိုပါကျောင်းတွင် မူလတန်းကျောင်း ကျောင်းသူ၊ ကျောင်းသား ၄၄ ဦးရှိပြီး အလယ်တန်းအဆင့်တွင် ၁၉ ဦး၊ အထက်တန်း အဆင့်တွင် ၁၈ ဦး စုစုပေါင်း ၈၁ ဦး ကျောင်းတက်နေသည့် ကျောင်းဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဗုံးပေါက်ပြီး နောက်တစ်ရက်တွင် စာသင်‌ကျောင်းထဲကို သက်ဆိုင်ရာက လာရောက်ကြည့်ရှုစစ်ဆေးပေးပြီး ဗုံးအကြွင်း အကျန်များ […]

ထားဝယ်ခရိုင်တွင် ဆန်သယ်ယူခွင့် ကန့်သတ်ခံနေရ

diz_admin

September 14, 2022

ထားဝယ်ခရိုင်တွင် ယခုလ ဒုတိယအပတ်မှစပြီး ဆန်သယ်ယူခွင့် ကန့်သတ်ခံလာရကြောင်း ဆန်ဆိုင်ပိုင်ရှင်အချို့နှင့် ခရီးသည်တင်ကားမောင်းသူအချို့က ပြောသည်။ ထားဝယ်မြို့ အဝင်အထွက်ဂိတ်များတွင် စစ်ဆေးနေပြီး အချို့ကားများကို ဆန် ၇ အိတ်သာ သယ်ခွင့်ပြုကြောင်း ဆန်ဆိုင်ပိုင်ရှင်တစ်ဦးကဆိုသည်။ “တဖြည်းဖြည်းနဲ့ပိုဆိုးလာတယ်။ ဟိုတစ်လကတောင်မှ ဆန်ဆယ်အိတ် သယ်လို့ရသေးတယ်။ အခု ခုနစ်အိတ်ပဲရတော့တယ်။ လုပ်ရကိုင်ရတာ တော်တော်ပင်းပန်းတယ်” ဟု ဆိုသည်။ ယခင်က တိုက်ပွဲဖြစ်ပွားနေသည့် သရက်ချောင်းမြို့နယ်ဘက်သို့ ဆန်သယ်ယူခွင့်ကို ကန့်သတ်ထားရာမှ ယခုတွင်မူ ခရိုင်တစ်ခုလုံး ကန့်သတ်ခံလာရခြင်းဖြစ်သည်။ တိုင်း စစ်ကောင်စီ ပြောရေးဆိုခွင့်ရှိသူ ဝန်ကြီးတစ်ဦးကမူ တိုင်းအတွင်းမှဆန်များ အခြားဒေသသို့ မရောက်သွားစေရန်အတွက် ကန့်သတ်ခြင်းဖြစ်ကြောင်းဆိုသည်။ ယင်းသို့ကန့်သတ်ရာတွင်လည်း ဆန်သယ်ယူ၊ ရောင်းဝယ်ခွင့်နှင့်သက်ဆိုင်သည့် လိုင်စင်ရှိသူများကို ကန့်သတ်ခြင်းမရှိဘဲ ခွင့်ပြုချက်မရှိသူများကိုသာ စစ်ဆေးကန့်သတ်ခြင်း ဖြစ်ကြောင်းပြောဆိုသည်။ ဒေသခံများမှာမူ ဆန်သယ်ယူရန် ခက်ခဲလာပါက ယခုထက်ပို ဆန်ဈေးကြီးလာပြီး […]

ခွင့်မပြုထားဟုဆိုသော်လည်း လယ်မြေများကို မြေဖို့အကွက်ရိုက် ရောင်းချမှုပိုများလာ

diz_admin

September 14, 2022

လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများ မြေဖို့အကွက်ရိုက် ရောင်းချခြင်းကို ခွင့်ပြုထားခြင်းမရှိဟု စစ်ကောင်စီ၏ တနင်္သာရီတိုင်း ပြောရေးဆိုခွင့်ရှိသူက ဆိုသော်လည်း  အကွက်ရိုက် ရောင်းချမှုများ ပိုမိုများပြားလာနေသည်။ ယင်းသို့ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများကို မြေဖို့ကာ အကွက်ရိုက်ရောင်းချမူမှာ အာဏာသိမ်းပြီးနောက်ပိုင်းတွင် ပေါ်ပေါ်တင်တင် လုပ်ဆောင်လာကြသည်။ လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေ အကွက်ရိုင်းရောင်းချမူမှာ NLD အစိုးရလက်ထက်ကပင် တရားမဝင်လုပ်ဆောင်နေကြခြင်းပြီး ယင်းအချိန်က တနင်္သာရီတိုင်းအစိုးရက အရေးယူမူများ လုပ်ဆောင်ခဲ့သေးသည်။ သို့သော် ထိရောက်မှုအားနည်းသဖြင့် ကြပ်ကြပ်မတ်မတ် အရေးယူရန် စတင်လုပ်ဆောင်ချိန်တွင် အာဏာသိမ်းမူဖြစ်ပွားခဲ့သဖြင့် အကွက်ရိုက်မြေ ကြပ်မတ်ရေးကိစ္စမှာ ပျောက်ကွယ်သွားခဲ့သည်။ ၂၀၂၂ ခုနှစ် နှစ်ဦးပိုင်းတွင်မူ ထားဝယ်ခရိုင်တွင် လယ်ယာမြေနှင့် ဥယျာဉ်ခြံမြေများကို အကွက်ရိုက်ရောင်းချမှု ပိုမိုများပြားလာခဲ့သည်။ အာဏာမသိမ်းမီ NlD (အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်)အစိုးရလက်ထက်က မြို့နှင့်နီးသည့်နေရာများတွင်သာ အကွက်ရိုက်ရောင်းချကြသော်လည်း အာဏာသိမ်းပြီးနောက်ပိုင်းတွင်မူ ထားဝယ်ခရိုင်ရှိ ကျေးရွာတိုင်းနီးပါးတွင် အကွက်ရိုက်ရောင်းချမူများ လုပ်ဆောင်လာကြသည်။ လက်ရှိတွင်မူ […]

ကထောင်းနီရွာ အုပ်ချုပ်ရေးမှူးဟောင်း ပစ်သတ်ခံရ

diz_admin

September 14, 2022

လောင်းလုံးမြို့နယ် ကထောင်းနီရွာက အုပ်ချုပ်ရေးမှူးဟောင်း ဦးအောင်လွင် စက်တင်ဘာလ ၁၃ ရက် ညနေပိုင်းက ယင်းကျေးရွာလမ်းပိုင်းတစ်နေရာတွင် ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အသက် ၃၈နှစ်အရွယ် ဦးအောင်လွင်သည် အရပ်သားအစိုးရအသွင်ပြောင်းပြီးနောက် အစိုးရ နှစ်ဆက်စလုံးတွင် အုပ်ချုပ်ရေးမှူးအဖြစ် တာဝန်ယူခဲ့သူဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ယမန်နေ့ ညနေ ခြောက်နာရီခန့်က သေဆုံးသူအမျိုးသားမှာ လေးသွန်းခံရွာဘက်မှ ကထောင်းနီရွာဖက်သို့ ဆိုင်ကယ်ဖြင့်လာစဉ် ကထောင်းနီကျေးရွာအနီးတွင် ပစ်သတ်ခံလိုက်ရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ဒဏ်ရာက ဦးခေါင်း၊ ရင်ဖက်နဲ့ ဝမ်းဗိုက် လက်မောင်းတွေမှာ တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ သေဆုံးသူတွင် ဝတ်ဆင်ထားသော လက်စွပ် အပါအဝင် လက်ကိုင်ဖုန်းနှင့် သူ၏ ခါးပတ်အိပ် တစ်အိမ်မှာလည်း ပျောက်ဆုံးနေကြောင်း မိသားစုနှင့် နီးစပ်သူများက ပြောဆိုသည်။ သေဆုံးသူအမျိုးသားမှာ […]

သရက်နှစ်ခွရွာတွင် ပစ်သတ်ခံရသည်ဟုသတင်းထွက်သည့် လူငယ် မသေ၊ ရိုက်နှက်ခံထားရဟုဆို

diz_admin

September 13, 2022

သရက်ချောင်းမြို့နယ် သရက်နှစ်ခွရွာ ဥတ္တူတံတားတပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်သဖြင့် သေဆုံး သွားသည်ဟု သတင်းထွက်နေသည့် အသက် ၁၆နှစ်အရွယ် လူငယ်ကို ရိုက်နှက်ခံထားရသည့် ဒဏ်ရာများဖြင့် ပြန်တွေ့ကြောင်း ၎င်း၏ မိသားစုဝင်တစ်ဦးက ပြောသည်။ အသက် ၁၆ နှစ်အရွယ် ကိုညီညီ (ခ) ကိုအောင်ပိုင်စိုးမှာ ရေဖြူမြို့နယ် ရငဲရွာဇာတိဖြစ်ပြီး စက်တင်ဘာလ ၁၁ ရက်နေ့ နံနက်ပိုင်းတွင် သရက်နှစ်ခွရွာတွင် နေထိုင်သည့် အစ်မဖြစ်သူထံ လာရောက်ခြင်းဖြစ်ကြောင်း ဒေသခံ အချို့က ဆိုသည်။ ကိုအောင်ပိုင်စိုးမှာ ယင်းနေ့ ညနေပိုင်းတွင် သရက်ချောင်းမြိုနယ်ဘက်သို့ သွားပြီး သရက်နှစ်ခွရွာသို့ အပြန် ဥတ္တူတံတားတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်က ပစ်ခတ်လိုက်သဖြင့် သေဆုံးပြီဆိုသည့် သတင်းများ ထွက်ပေါ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းနောက် စက်တင်ဘာလ ၁၂ […]

ရေဖြူ သပြေဇွန်းရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 13, 2022

ရေဖြူမြို့နယ် သပြေဇွန်းရွာသား အမျိုးသားတစ်ဦးသည် စက်တင်ဘာလ ၁၂ ရက် နံနက်ပိုင်းက ကျခတ္တာပင်အင်းရွာ ဘုန်းကြီးကျောင်းအနီး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ အသက် ၄၀ကျော်အရွယ် ဦးသိန်းဇော် (ခေါ်) ညူးညူး ဆိုသူဖြစ်ပြီး ယင်းနေ့ နံနက် ၁၁ နာရီခန့်က ဇနီးဖြစ်သူနှင့်အတူ အလုပ်ခွင်မှ နေအိမ်သို့ ထမင်းစားပြန်စဉ် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “နောက်က ဆိုင်ကယ်တစ်စီးလိုက်လာပြီး သေနတ်နဲ့ပစ်တယ်။ ဆိုင်ကယ်လဲသွားမှာ ဦးခေါင်းကို ချည်းဖိပစ်တယ်” ဟု ဇနီးဖြစ်သူ၏ ပြောဆိုချက်ကို နောက်ဒေသခံတစ်ဦးက ပြန်လည်ပြောဆိုသည်။ ဦးသိန်းဇော်ဆိုသူမှာ ဦးခေါင်းတွင် ကျည်ထိမှန်သည့်ဒဏ်ရာများဖြင့် အခင်းဖြစ်နေရာတွင်ပင် သေဆုံးခဲ့ပြီး ဇနီးဖြစ် သူမှာ ပွန်းပဲ့ဒဏ်ရာသာ ရရှိခဲ့ကြောင်း ယင်းဒေသခံများထံမှ သိရသည်။ ဦးသိန်းဇော်ကို မည်သူတို့က […]