ထားဝယ်မြို့တွင် ဆိုင်ကယ် တင်းတင်းကျပ်ကျပ်စစ်ဆေးဖမ်းဆီး၊ ပြည်သူများအခက်တွေ့
diz_admin
September 26, 2022ထားဝယ်မြို့တွင် ယခုလလယ်ခန့်မှစပြီး ဆိုင်ကယ်မောင်းနှင်သူများကို တင်းတင်းကျပ်ကျပ်စစ်ဆေးလာပြီး ဂါဝန် ဝတ်ဆင်သူများ၊ ဆိုင်ကယ်ခြေနင်းတုံး ချစီးနင်းမှုများကိုပင် ဖမ်းဆီး ဒဏ်ငွေရိုက်နေကြောင်း ဒေသခံများထံမှ သိရသည်။ ထားဝယ်မြို့၏ အဓိကလမ်းဆုံလမ်းခွများတွင်သာမကဘဲ လမ်းသွယ်၊ လမ်းကြားထဲအထိ ရွှေ့လျားပုံစံဖြင့် စစ်ဆေးနေပြီး မီးလင်းစတေကာမှစပြီး ကညန ဖောင်းကြွနံပါတ်ပြားစသည်ဖြင့် ယခင်က မစစ်ဆေးဖူးသည်များကိုပါ စစ်ဆေးပြီး မပြည့်စုံပါက ဒဏ်ငွေရိုက်ကြောင်း ခရီးသည်အချို့က ပြောသည်။ “ဒီနေ့ဆိုရင် ပိုဆိုးလာတယ်။ မနက်စောစော ၇ နာရီလောက်ကတည်းကနေပြီး ညနေ ၆ နာရီကျော်လောက်အထိကို စစ်တာရှိလာတယ်” ဟု မြို့ခံတစ်ဦးက ဆိုသည်။ ယင်းကဲ့သို့ စစ်ဆေးဖမ်းဆီးမှုကို ယာဉ်ထိန်းရဲများသာမကဘဲ စစ်ကောင်စီတပ်ဖွဲ့ဝင်များကပါ လက်နက်အပြည့်အစုံဖြင့် ပြုလုပ်နေခြင်းဖြစ်ကြောင်း စစ်ဆေးခံရသူအချို့က ပြောဆိုသည်။ “ကျွန်မတို့မှာ ပစ္စည်းအားလုံးအစုံပါပေမယ့် ဆိုင်ကယ်ဦးထုပ်မှာ မေ့သိုင်းကြိုးလေးက နည်းနည်းချောင်နေလို့ တရားရုံးမှာ ဒဏ်ငွေဆောင်ရမယ်လို့ […]


