ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

အလှူတွင် ဓားပြတိုက်၊ ဧည့်သည်များ၏ လက်ဝတ်ရတနာများပါ လုယူခံရ

diz_admin

September 20, 2022

ရေဖြူမြို့နယ်၊ ဇီးကျရွာရှိ နေအိမ်တစ်ခုတွင် အိမ်နီးချင်းများဖိတ်ကာ အလှူလုပ်နေစဉ် ဓားပြတိုက်ခံရပြီး ဧည့်သည်များ၏ လက်ဝတ်ရတနာများ အပါအဝင် ငွေသားကျပ် သိန်းရှစ်ဆယ်ကျော် လုယူခံရကြောင်း ဒေသခံများထံမှသိရသည်။ ယနေ့ (စက်တင်ဘာ ၂၀ )ညနေ လေးနာရီကျော်ခန့်က အိမ်နီးနားချင်းများနှင့် ဆွေမျိုးများဖိတ်ကာ မုန့်လက်သုပ်ဖြင့် ဧည့်ခံနေစဉ်တွင် သေနတ်ကိုင်ထားသည့် မျက်နှာဖုံး(နှာခေါင်းစီး)တပ် အမျိုးသားသုံးဦးက ဓါးပြတိုက်သွားခြင်းဖြစ်သည်။ “သူ့ (အတိုက်ခံရသည့်အိမ်ရှင်)အိမ်မှာ ဒီနေ့ထားဝယ်မုန့်လက်သုပ်လှူနေတယ်။ အဲဒီအချိန်မှာပဲ လူသုံးဦးက လူတစ်ယောက်ရဲ့ နာမည်လာမေးတယ်။ ထားဝယ်အသံကြားတော့ မုန့်လက်သုပ်လာစားလို့ခေါ်တာပေါ့ အထဲရောက်မှ ဓားပြမှန်းသိတယ်။ အဲဒီထဲမှာ ထားဝယ်သားက နှစ်ဦး ဗမာကတစ်ဦးပါတယ်”ဟု ၎င်းကပြောသည်။ ယင်းနောက် မုန့်လက်သုပ်လာစားသည့် ဆွေမျိုးတော်စပ်သူအချို့၏ မိုဘိုင်းဖုန်းများအပါဝင် လက်ဝတ်ရတာအချို့ကိုလည်း ယင်းဓားပြများက ယူဆောင်သွားခဲ့သည်။ ဓားပြတိုက်သွားသူများကို ဒေသခံများက သိရှိခြင်းမရှိသလို အသေးစိတ်အခြေအနေကိုလည်း Dawei watch အနေဖြင့် ရရှိခြင်းမရှိသေးပေ။ ဓားပြတိုက်ခံရသောနေအိမ်မှာ […]

ထားဝယ်ခရိုင်တွင် ဝဥ ဝယ်လက်မရှိသဖြင့် ဈေးမဖွင့်နိုင်ဟုဆို

diz_admin

September 19, 2022

ဝယ်လက်မရှိသဖြင့် ထားဝယ်ခရိုင်တွင် ဝဥ ဈေးမဖွင့်နိုင်သေးကြောင်း ဝဥပွဲရုံအချို့ထံမှ သိရသည်။ ဝဥ စက်ရုံများမှ အဝယ်တော်များသည် အာဏာသိမ်းပြီးနောက် ပြီးခဲ့သည့်နှစ်ကပင် ထားဝယ်ခရိုင်ဘက်သို့ လာရောက်ဝယ်ယူမှု မရှိတော့ကြောင်း ပွဲရုံရှင်အချို့က ပြောသည်။ “မန္တလေးတို့၊ ရေးတို့၊ မော်လမြိုင်တို့မှာ စက်ရုံတွေရှိတယ်လေ။ အဲဒီစက်ရုံတွေကနေပြီး ပွဲရုံတွေကို သူတို့က ဈေးတစ်ခုဖွင့်ပြီး ဝယ်ခိုင်းတယ်လေ။ အခုက ဝယ်လက်လည်း မရှိဘူး။ တရုတ်ကလည်း မဝယ်ဘူးဆိုတော့ အခြောက်လုပ်တဲ့သူတွေလည်း နားမှရမယ်ပေါ့” ဟု ပွဲရုံလုပ်ငန်းရှင်တစ်ဦးက ဆိုသည်။ ဝယ်လက်မရှိသဖြင့် ဝဥ အဝယ်ကိုလည်း ရပ်ထားပြီး ပြီးခဲ့သည့်နှစ်က ပွဲရုံများတွင် အခြောက်လုပ်ထားသည့် ဝဥခြောက်များမှာလည်း ဝယ်လက်နည်းသဖြင့် လက်ဝယ်ပိတ်မိနေကြောင်း ပွဲရုံလုပ်ငန်းရှင်အချို့က ပြောသည်။ ၂၀၂၁ ခုနှစ် စက်တင်ဘာလတွင် တစ်ပိဿာ ၉၀၀ – ၁၀၀၀ ကျပ်ဖြင့် […]

မလေးရှားသို့ခိုးဝင်ရန် ပွဲစားခ သိန်း ၅၀ပေါက်၊ လမ်းကြောင်းပုံစံလည်းပြောင်းလာ

diz_admin

September 19, 2022

ထားဝယ်ဒေသမှ မလေးရှားနိုင်ငံသို့ ရွှေ့ပြောင်းအလုပ်သမားအဖြစ်သွားရာတွင် ပွဲစားကို ပေးရသည့် လမ်းစရိတ်မှာ နှစ်ဆမြင့်တက်လာပြီး သွားရောက်သည့်ပုံစံနှင့် လမ်းကြောင်းများ ပြောင်းလာကြောင်း ထားဝယ်ဒေသခံအချို့ထံမှ သိရသည်။ ယခင်က ကော့သောင်းမြို့မှတစ်ဆင့် ထိုင်းနယ်စပ်သို့ဖြတ်ကာ မလေးရှားနိုင်ငံအထိ ကားတစ်တန်၊ ခြေလျင်တစ်တန် သွားကြရသည်။ ထိုသို့သွားရာတွင် လမ်းခရီး၌ အနည်းဆုံး သုံးရက်မှ ဆယ်ရက်ကျော်အထိ ကြာမြင့်လေ့ရှိသည်။ ကိုဗစ်ကြောင့် ပိတ်ထားသည့် အလည်ဗီဇာများကို ပြန်လည်ခွင့်ပြုချိန်တွင် လမ်းကြောင်းအသစ်များ ပေါ်လာသည်။ ရန်ကုန်မြို့မှ ထိုင်းနိုင်ငံသို့ ၁၄ ရက် အလည်ဗီဇာဖြင့် လေယာဉ်စီးသွားပြီး ထိုင်းနယ်စပ်မှတစ်ဆင့် မလေးရှားနိုင်ငံသို့ ကား သို့မဟုတ် ခြေလျင်ခိုးဝင်ကြသည်။ အထက်ပါ လမ်းကြောင်းဖြင့် သမီးဖြစ်သူကို မလေးရှားနိုင်ငံသို့ ပို့လိုက်ရာ မြန်မာငွေ ၄၃ သိန်းကျော် ပေးရကြောင်း ထားဝယ်မြို့ ဝဲကျွန်းထိန်သစ်ရပ်ကွက်နေ အမျိုးသားတစ်ဦးက ပြောသည်။ […]

ထားဝယ်မြို့အဝင်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ယာဉ်နောက်လိုက်ဒဏ်ရာရ

diz_admin

September 18, 2022

ထားဝယ်မြို့အဝင် ဇဟာရွာလမ်းပိုင်းတစ်နေရာတွင် ယနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက်တစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၁၈) မွန်းလွဲ ၂နာရီခန့်တွင် မွန်ပြည်နယ် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် မီနီဘတ် ဟိုင်ကာအမျိုးအစား မှန်လုံယာဉ်မှာ လမ်းချော်ပြီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိကာ တိမ်းမှောက် ခဲ့ကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ယင်းယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်လေးဦးတို့ လိုက်ပါလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “လူကတော့ သေဆုံးတာမရှိဘူး။ ကားကတော့ လုံးဝပျက်စီးသွားတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။ ယာဉ်နောက်လိုက်ဖြစ်သူ အမျိုးသားတွင် ညာဘက်ခြေသလုံး စုတ်ပြတ်ဒဏ်ရာရရှိခဲ့ပြီးကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ဒဏ်ရာရရှိသူ ယာဉ်နောက်လိုက် […]

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ် ကျပ်ရှစ်ဆယ်ကျော်ဈေးတက်

diz_admin

September 18, 2022

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ငွေကျပ်ရှစ်ဆယ်ကျော် ဈေးတက်သွားကြောင်း လျှပ်စစ်သုံးစွဲသူအချို့ထံမှ သိရသည်။ ဩဂုတ်လအတွက် သုံးစွဲထားသည့် လျှပ်စစ်မီတာခအပေါ် တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လအတွက် မီတာခကောက်ခံချိန်က တစ်ယူနစ်လျှင် ၃၄၂ ကျပ် ကောက်ခံခဲ့ပြီး ဩဂုတ်လအတွက် ကောက်ခံရာတွင် တစ်ယူနစ်လျှင် ၄၂၃ ကျပ် ကောက်ခံနေခြင်းဖြစ်သည်။ ဩဂုတ်လအတွင်း သုံးစွဲယူနစ်ကျသင့်ငွေကို ယခုလတွင် ကောက်ခံခြင်းဖြစ်သည်။ လက်ရှိ စီးပွားရေးကျပ်တည်းနေသည့်အချိန်တွင် မီတာခတိုးမြှင့်ကောက်ခံခြင်းမှာ တစ်ပူပေါ် တစ်ပူဆင့်စေကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။ ၎င်းအိမ်တွင် ယခင်လက သုံးစွဲသည့်ယူနစ်အတိုင်းပင် သုံးစွဲခဲ့သော်လည်း ယခုလကောက်ခံချိန်တွင် ငွေကျပ် တစ်သောင်းကျော် ပိုမိုပေးဆောင်လိုက်ရကြောင်း ဆိုသည်။ “ညဆိုလည်း မီးမှိတ်ပြီးနေတာ။ ယူနစ်က အရင်လနဲ့ တူတူပဲ။ စိတ်ညစ်တယ်။ အကုန် (ဈေး) တက်နေတာပဲ” ဟု အထက်ပါ အိမ်ရှင်မက […]

သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 17, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁၇) နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၄၀ကျော်အရွယ် ဦးဇော်ဦးဆိုသူဖြစ်ပြီး ယနေ့နံနက် ၇နာရီခန့်တွင် လက်နက်ကိုင် လူတစ်စုက နေအိမ်ထဲသို့ ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံက နှစ်ချက်လောက်ပဲ ကြားလိုက်မိတယ်။ သူက ကရင်ကြီးရွာသား ပြင်ကြီးရွာက သူ့ခြံထဲမှာလာနေတာ။ အရင်ကတော့ ခြံစိုက်တာတွေရှိတယ်။ တခြားဘက်က သူဘာလုပ်လဲဆိုတာတော့ မသိရဘူး” ဟု ၎င်းက ဆိုသည်။ ဦးဇော်ဦး၏ ရုပ်အေလာင်းမှာ ယနေ့ နံနက် ၉ နာရီအထိ ၎င်း၏နေအိမ်၌ပင် ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအမျိုးသားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် […]

ဖမ်းဆီး‌ခေါ်ဆောင်ခံရသည့် ဘဝပင်ရွာသားကို သေဆုံးလျှက်ပြန်တွေ့

diz_admin

September 16, 2022

ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအုပ်စု ဘဝပင်ရွာတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားကို သေဆုံးလျှက်ပြန်တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ဘဝပင်ရွာ ကျောက်သေတ္တာတောင်တွင် ပြည်သူကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် ကျေးရွာဘုန်းကြီးကျောင်းနှင့် ကျောက်ဂူထဲတွင် ပုန်းခိုနေသည့် ဒေသခံရွာသား နှစ်ရာကျော်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ဘဝပင်ရွာသားနှစ်ရာကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း PDF နှင့် အဆက်အသွယ်ရှိသည်ဆိုသော ရွာသားတစ်ဦးကိုမူ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား၏ ရုပ်အ‌လောင်းကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ရွာအပြင်က မမကုလားဘုရားကျောင်းအနီး အမှိုက်ပုံတွင်ပြန်လည်တွေ့ရကြောင်း ဘဝပင်ရွာမှ စစ်ဘေးရှောင်များကို ကူညီပေးခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။ “သူက pdf မဟုတ်ဘူး၊ ဘုန်းကြီးလူထွက်၊ သူ့နာမည်က ကိုယ်တော်ကျော်မိုးဆိုခေါ်တယ်၊ […]

တနင်္သာရီတိုင်းအတွင်း အရပ်သားသေဆုံးသူ နှစ်ရာကျော်ရှိလာ

diz_admin

September 16, 2022

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် အရပ်သား ၂၂၄ ဦး သေဆုံးကြောင်း အရပ်သား ထိခုက်မှု အခြေအနေကို သုတေသနပြုနေသည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသူများထဲတွင် သာမန်အရပ်သားများ အပါအဝင် ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ်ရေးမှူးအပါအဝင် PDF နှင့် ပတ်သက်သူများကိုလည်း ထည့်သွင်းရေတွက်ထားကြောင်း ယင်းအဖွဲ့က စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။   အရပ်သားသေဆုံးသူ စာရင်းတွင် လက်နက်ကိုင်ဆောင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ ERO အဖွဲ့ဝင်များအား ထည့်သွင်းထားခြင်း မရှိကြောင်း ရေးသားထားသည်။ အရပ်သားသေဆုံးမှုမှာ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စသည့် စစ်ကောင်စီလက်ဝေခံ အဖွဲ့များ၏ လက်ချက်ကြောင့် သေဆုံးရသူများရှိသလို PDF အဖွဲ့အချို့၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူများလည်း […]