ထားဝယ်တွင် ဖိနပ်မစီးဘဲ ဆိုင်ကယ်မောင်းသည်ဟုဆိုကာ ဒဏ်ရိုက်
diz_admin
September 29, 2022ထားဝယ်မြို့တွင် ဖိနပ်မစီးဘဲ ဆိုင်ကယ်မောင်းသည်ဟုဆိုကာ စစ်ကောင်စီတပ်သားက ဒဏ်ရိုက်ခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့ရသည့် အမျိုးသားတစ်ဦးက ပြောသည်။ စက်တင်ဘာလ ၂၈ ရက် ညနေက ဆိုင်ကယ်ဖြင့် လမ်းထွက်လာစဉ် ဖိနပ်ပြတ်သွားသည့်အတွက် ထားဝယ်မြို့ ဥတ္တံားကြီးလမ်းဆုံရှိ စတိုးဆိုင်တွင် ဖိနပ်ဝယ်ရန် သွားခဲ့ကြောင်း အထက်ပါ အမျိုးသားက ဆိုသည်။ ထိုအချိန်တွင် ဥတ္တံားကြီးလမ်းဆုံ၌ စစ်ကောင်စီတပ်သားနှစ်ဦးရှိနေပြီး ၎င်းအား ဆိုင်ကယ်လိုင်စင်၊ မောင်းလိုင်စင် အပါအဝင် ဆိုင်ကယ်နှင့် ပတ်သက်သည့် အချက်အလက်များကို စစ်ဆေးခဲ့သည်ဟု ပြောဆိုသည်။ အဆိုပါ အချက်အလက်များ ပြည့်စုံနေချိန်တွင် ဖိနပ်မစီးသည့်အတွက်ဆိုကာ ရဲစခန်းခေါ်သွားမည်ဟု ခြိမ်းခြောက်ခဲ့ကြောင်း ၎င်းက ဆက်လက်ပြောဆိုသည်။ “အပြင်ထွက်ရင် ဖိနပ်မစီးတတ်ဘူးလားလို့ မေးတယ်။ ကျွန်တော်က ပြန်ရှင်းပြပါတယ်။ လမ်းမှာပြတ်သွားလို့ အခုလာဝယ်တာပါဆိုပြီး။ မရဘူးတဲ့ စခန်းလိုက်တဲ့” ဟု အဆိုပါအမျိုးသားက ပြောသည်။ […]


