သရက်ချောင်းမြို့နယ်ထွေအုပ်ရုံးတွင် အသံဗုံးပေါက်ကွဲ
diz_admin
October 13, 2022ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အောက်တိုဘာလ ၁၃ ရက် ယနေ့ နံနက် ၈ နာရီခန့်က အသံဗုံးပေါက်ကွဲကြောင်း ဒေသခံအချို့က ပြောသည်။ “ဗုံးကတော့ အသံဗုံးလို့ပြောတယ်။ လူထိခိုက်မှုအခြေအနေတော့ မသိသေးဘူး။ အသံဗုံးဆိုတော့ လူထိခိုက်မှုရှိမှာ မဟုတ်ဘူးထင်တယ်” ဟု မြို့ပေါ် ရပ်ကွက်အုပ်ချုပ်ရေးမှူးတစ်ဦးက ဆိုသည်။ မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးမှာ မြို့မရပ်ကွက်တွင် ထားဝယ်-မြိတ်သွားသည့် ကားလမ်းနံဘေးတွင် တည်ရှိပြီး ထားဝယ်မြို့မှ ၁၇ မိုင်ခန့်အကွာတွင် တည်ရှိသည်။ ယင်းရုံးအနီးတွင် လူနေအိမ်များ၊ လက္ဘရည်ဆိုင်များ၊ မြို့မဈေးတို့တည်ရှိသည်။ ဗုံးပေါက်ကွဲမှုကြောင့် ဈေးသွားဈေးလာများ၊ သီတင်းကျွတ်ကာလတွင် အလှူပွဲသွားလာသူများ၊ သွားလာနေကြသည့် ပြည်သူများ အထိတ်တလန့်ဖြစ်ကာ ရုတ်ရုတ်သဲသဲဖြစ်သွားကြောင်း မြို့ပေါ်ရပ်ကွက်တွင် နေထိုင်သည့် ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “ကျွန်မအစ်မ ဈေးကိုသွားတော့ အဲဒီဘက်မှာ ရှုပ်နေလို့ဆိုပြီး ခပ်သုတ်သုတ်ပြန်လာတယ်။ သူ့ကိုတော့ […]


