ကျောက်ဆင်ရွာသား လေးဦးပစ်သတ်ခံရ
diz_admin
October 21, 2022လောင်းလုံးမြို့နယ် ကျောက်ဆင်ရွာတွင် အောက်တိုဘာ ၂၀ ရက်နေ့ညက ရွာသားလေးဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူများမှာ ကျောက်ဆင်ရွာသားများဖြစ်သည့် ဦးစိုးတင့် ၊ဒေါ်နွဲ့၊ ကိုဇေ နှင့်အမည်မသိ လှေလုပ်သားတစ်ဦးဖြစ်သည်။ ယင်းနေ့ည ဆယ်တစ်နာရီခန့်တွင် လက်နက်ကိုင်လူတစ်စု ကားဖြင့်ရောက်ရှိလာပြီး အဆိုပါ လေးဦးအား ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “သူတို့ကတော့ NLD ထောက်ခံအားပေးသူတွေပါ လေးယောက်စလုံးကို ဒေါ်နွဲ့အိမ်မှာ ပစ်သတ်ထားခဲ့တယ်”ဟု ၎င်းကပြောသည်။ သေဆုံးသူဦးစိုးတင့်နှင့် ဒေါ်နွဲ့မှာ လင်မယားဖြစ်ပြီး အမည်မသိအမျိုးသားတစ်ဦးမှာ ၎င်းတို့၏ လှေလုပ်သားတစ်ဦးဖြစ်သည်။ “ကိုဇေကို လက်နောက်ကြိုး တုတ်ပြီး ခေါ်လာပြီးမှ ဦစိုးတင့် အိမ်မှာ ပစ်သတ်သွားတယ်”ဟု ဒေသခံနောက်တစ်ဦးကပြောသည်။ ဒေသခံအများစုကတော စစ်ကောင်စီ လက်ဝေခံ ပျူစောထီးအဖွဲ့က ပစ်သတ်သွားခြင်းဖြစ်ကြောင်း ပြောဆိုနေကြသည်။ အထက်ပါပြောဆိုချက်နှင့်ပတ်သတ်၍ Dawei watch အနေဖြင့် အတည်မပြုနိုင်သလို မည်သူတို့က မည်သည့်အကြောင်းကြောင့် ပစ်သတ်သွားသည် […]


