ကလေးငယ်များကို နှိပ်စက်မှုဖြင့် တိုင်တန်းခံရသည့် ကံပေါက်ဒေသခံသားအဖနှစ်ဦး အဖမ်းခံရ
diz_admin
October 23, 2022ကလေးသုံးဦးအား ရိုက်နှက်နှိပ်စက်သည်ဟုဆိုကာ ရေဖြူမြို့နယ် ကံပေါက်ဒေသအနီးရှိ ဂန့်ဂေါ်တောင်ကျေးရွာမှ သားအဖနှစ်ဦးကို ရဲတပ်ဖွဲ့က လာရောက်ဖမ်းဆီးသွားကြောင်း ဒေသခံအချို့ထံမှ သိရသည်။ အသက် ၅ နှစ်မှ ၁၅ နှစ်အရွယ် ကလေးသုံးဦးကို ဂန့်ဂေါ်တောင်ကျေးရွာရှိ ရော်ဘာခြံမန်နေဂျာဟုဆိုသူနှင့် သမီးတို့က မကြာခဏ ရိုက်နှက်နှိပ်စက်လေ့ရှိကြောင်း ဒေသခံအချို့က ဆိုသည်။ “ရိုက်တာကတော့ အမြဲတမ်းရိုက်တယ်။ ရွာထဲမှာနေတဲ့သူတွေက နေ့တိုင်းမြင်နေကျဆိုတော့ ရိုးသွားပြီးလို့ကို ပြောရ မယ်။ ဒီတစ်ခါရိုက်တာက ကလေးမလေး ခပ်ကြီးကြီးတစ်ယောက်ဆို မေ့လဲသွားတဲ့အထိပဲ” ဟု ဒေသခံရွာသား တစ်ဦးက ပြောသည်။ ရိုက်နှက်နှိပ်စက်ခံရသည့် ကလေးသုံးဦး၏ မိဘနှစ်ပါးမှာ အခြားတိုင်းနှင့် ပြည်နယ်တစ်ခုမှ ၎င်းရော်ဘာခြံတွင် အလုပ်သမားများအဖြစ် လာရောက်လုပ်ကိုင်နေကြခြင်းဖြစ်ကြောင်း ဒေသခံများထံမှ သိရသည်။ ရော်ဘာရာသီမတိုင်မီ အသုံးစာရိတ်အတွက် ကြိုငွေထုတ်ထားရာမှ ပြန်မဆပ်နိုင်ဖြစ်ခဲ့ရကြောင်း ဒေသခံအချို့က ဆိုသည်။ ယင်းနောက် […]


