စရိတ်ကြီးသဖြင့် ကြက်၊ဝက်မွေးမြူရေး အရှုံးများပြီး လုပ်ငန်းအချို့ရပ်နား
diz_admin
October 19, 2022သွင်းအားစုဈေးမြင့်တက်လာသဖြင့် ထားဝယ်ခရိုင်ရှိ ကြက်၊ ဝက် မွေးမြူရေးလုပ်ကိုင်သူအချို့ လုပ်ငန်းရပ်နားမှုများ ရှိလာကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။ ရပ်နားလိုက်သူအများစုမှာ တစ်နိုင်တစ်ပိုင်မွေးမြူရေး လုပ်ကိုင်သူများဖြစ်ပြီး စီးပွားရေးအရ မွေးမြူသူအချို့မှာလည်း လုပ်ငန်းလျှော့ချ လုပ်ကိုင်လာကြကြောင်း ၎င်းတို့ကပြောဆိုသည်။ ကြက်စာ၊ ဝက်စာစသည့် သွင်းအာစုဈေးနူန်းမြင့်တက်လာပြီး အသားဈေးနူန်းမှာ လိုက်မတက်နိုင်သဖြင့် အရှုံးပေါ်ပြီး နောက်ဆုံးတွင် ရပ်နားလိုက်ကြရခြင်းဖြစ်ကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။ “ကျွန်တော်မှာဆို ပြီးခဲ့သုံးလကျော်လောက်က ၁၅ သိန်းလောက်ရှုံးသွားတာ အဲဒါဖြစ်ပြီးတော့ ခြံ ၂ ခြံပစ်ထားလိုက်တာ အခုဆိုခြုံတွေတောင်ထနေပြီ။ တချို့ကတော့ လုံးဝနားလိုက်တာတွေရှိတယ်” ဟု လောင်းလုံးဒေသခံ အသားစားကြက်မွေးမြူရေးသမားတစ်ဦးကပြောသည်။ ၎င်းသည် ယခင်က ခြံသုံးခြံဖြင့် ကြက်အကောင် သုံးထောင်ကိုမွေးမြူသူတစ်ဦးဖြစ်ပြီး လက်ရှိတွင် အကောင်တစ်ထောင်ကိုသာ မွေးမြူတော့သည်။ မွေးမြူရေးအတွက် သွင်းအားစုဈေးနူန်းမှာ အာဏာမသိမ်းခင်ကထက် ထက်ဝက်ကျော် မြင့်တက်သွားကြောင်း မွေးမြူရေးသမားအချို့ကပြောသည်။ အာဏာမသိမ်းခင်က အသားစားကြက်သားပေါက်တစ်ကောင်လျှင် […]


