ဟိုတယ်ထားဝယ်ပိုင်ရှင်ထံမှ သိမ်းလိုက်သော ဘတ်သန်း ၁၈၀၀ မှ ၃၀ ရာခိုင်နှုန်းကို ရဲနှင့်သတင်းပေးတို့အား ပေးမည်
diz_admin
November 3, 2022မူးယစ်ဆေးဝါးရောင်းဝယ်မှု၊ ငွေကြေးခဝါချမှုတို့ဖြင့် ဖမ်းဆီးခံထားရသော မြန်မာစီးပွားရေးလုပ်ငန်းရှင် ဒေါက်တာထွန်းမင်းလတ်ကို စုံစမ်းစစ်ဆေးမှုများ ပြုလုပ်နေပြီးနောက် ဘတ်ငွေ ၁ ဒသမ ၈ ဘီလီယံ(သန်း ၁၈၀၀) တန်ဖိုးရှိသော သူ၏ပိုင်ဆိုင်မှုများကို သိမ်းဆည်းလိုက်ကြောင်း နိုဝင်ဘာလ ၂ ရက်နေ့တွင် ထိုင်းတရားရေးဝန်ကြီး Somsak Thepsutin က ပြောကြားလိုက်သည်။ ယင်းသိမ်းဆည်းရမိခဲ့သော ပိုင်ဆိုင်မှုတန်ဖိုး၏ ၂၅ ရာခိုင်နှုန်း (ဘတ် ၄၆၄ သန်း) ကို အမှုစုံစမ်းစစ်ဆေးစဉ်တွင် ပါဝင်ခဲ့သော ထိုင်းရဲတပ်ဖွဲ့ဝင်များအား ဆုချီးမြှင့်သွားမည်ဖြစ်ပြီး ဒေါက်တာထွန်းမင်းလတ်ကို ဖမ်းမိရန် သတင်းပေးခဲ့သူများကို ၅ ရာခိုင်နှုန်းခွဲဝေ ချီးမြင့်သွားမည်ဖြစ်ကြောင်း ထိုင်းတရားရေးဝန်ကြီးက ပြောကြားထားသည်။ စုံစမ်းဖော်ထုတ်မှုများကို ထိုင်းနိုင်ငံ မြို့တော်ရဲဌာန Metropolitan Police Bureau (MPB) နှင့် မူးယစ်ဆေးဝါးထိန်းချုပ်ရေးအဖွဲ့ရုံး Office of Narcotics Control Board (ONCB) တို့နှင့်အတူ သက်ဆိုင်ရာဌာနများမှ […]


