ထားဝယ် ကမ်းနားဈေးကငါးဒိုင်များကို ပုဂ္ဂလိကပိုင်ငါးဈေးအသစ်သို့ ဖိအားပေးပြောင်းခိုင်းဟုဆို
diz_admin
January 18, 2023ထားဝယ်မြို့ ကမ်းနားဈေးက ငါးဒိုင်များကို အောင်တံခွန်ကိုယ်ပိုင်ငါးဈေးအသစ်သို့ ဖေဖော်ဝါရီလ ၂ ရက်နေ့ အပြီးပြောင်းရွေ့ပေးရန် ဖိအားပေး ပြောဆိုမှုများရှိနေကြောင်း ငါးဒိုင်ရှင်အချို့က ပြောသည်။ လက်ရှိဈေးမှာ လူနေအိမ်များအနီးတွင်ရှိနေသဖြင့် အနံ့အသက်များနံခြင်း၊ စနစ်တကျ မဖြစ်ခြင်း၊ အောင်တံခွန် ငါးဈေးသစ်တွင် တစုတစ်စည်းတည်း ရောင်းချ၍ရခြင်းတို့ကြောင့် ပြောင်းရွှေ့ရန် ဇန်နဝါရီလ ဒုတိယအပတ် အစည်းအဝေးခေါ်ယူစဉ် တိုင်းရဲတပ်ဖွဲ့မှူးက ပြောဆိုကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါအစည်းအဝေးတွင် မြို့နယ်စည်ပင်သာယာရေးအဖွဲ့၊ အောင်တံခွန်ကိုယ်ပိုင်ငါးဈေး၏ အစုရှယ်ယာရှင်နှင့် ငါးဒိုင်များကို သီးသန့်ခေါ်ယူခဲ့ခြင်းဖြစ်ကြောင်း ငါးဒိုင်ရှင်အချို့က ပြောဆိုသည်။ “အခု နှစ်လပိုင်း နှစ်ရက်နေ့ အပြီးပြောင်းရမယ်ပြောတယ်။ အပြီးထွက်ရမယ်တဲ့။ မထွက်ခဲ့သည်ရှိသော် သူတို့ကို အဆိုးမဆိုနဲ့တဲ့။ တစ်ယောက်နဲ့တစ်ယောက် အဆိုးလည်း မဖြစ်ခိုင်းနဲ့တဲ့” ဟု ငါးဒိုင်ပိုင်ရှင်တစ်ဦးက ပြောသည်။ ကမ်းနားဈေးကို ဈေးအင်္ဂါရပ်နှင့်အညီဟုဆိုကာ NLD အစိုးရလက်ထက် ၂၀၁၉ […]


