ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်ဈေးကွက်ထဲ ကျပ်ငွေအတုများတွေ့လာ

diz_admin

August 31, 2022

တစ်သောင်းတန်၊ ငါးထောင်တန် ကျပ်ငွေအတု ထားဝယ်ဈေးကွက်တွင် အသုံးပြုလာသည်ကို တွေ့ရှိလာရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ Dawei Watch ၏စုံစမ်းမေးမြန်းချက်အရ ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ငါးထောင်ကျပ်တန်ငွေစက္ကူအတု တွေ့ရှိမူ နှစ်ကြိမ်ရှိကြောင်း သိရသည်။ ပထမတစ်ကြိမ် ကုန်စုံဆိုင်တစ်ဆိုင်တွင် မျက်နှာစိမ်းအမျိုးသမီးတစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုတစ်ရွက်ဖြင့် ဈေးလာဝယ်ခဲ့ပြီး နောက်တစ်ကြိမ်မှာမူ ငွေစက္ကူအထပ်လိုက်ထဲတွင် ရောပါလာခြင်းဖြစ်သည်။ ပထမအကြိမ်တွင် ငွေအတုအစစ်ခွဲခြားသည့် ဓာတ်မီးဖြင့်စစ်ဆေးတွေ့ရှိပြီး ဒုတိယအကြိမ်တွင်မူ ငွေအတုအစစ်ခွဲနိုင်သည့် ငွေရေစက်ဖြင့် စစ်ရာမှ တွေ့ရှိခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ထားဝယ်ဒေသခံတို့က ပြောဆိုကြသည်။ “ကျွန်တော်ကတော့ လာဝယ်တဲ့သူကိုခေါ်ပြီး (ငွေစက္ကူအတုကို) ပြန်ပေးလိုက်တယ်။ အတုလည်းဝယ်လို့ရတာပဲ လို့ပြောပြီးပြန်သွားတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက ဆိုသည်။ ပြီးသည့် ငါးလဝန်းကျင်ကလည်း ထားဝယ်ဒေသရှိ ဆောက်လုပ်ရေး လုပ်သားများအား လစာရှင်းပေးမည့် ငွေစက္ကူများအနက် တစ်သောင်းတန်ငွေစက္ကူအတု […]

ထားဝယ်ထောင်တွင် အစားအသောက် ကျွေးမွေးမှု ပမာဏ လျှော့ချ

diz_admin

August 31, 2022

အထွေထွေကုန်စျေးနှုန်း ကြီးမြင့်လာမှု အကျိုးဆက်အဖြစ် ထားဝယ်ထောင်အတွင်း အစားအသောက် ကျွေးမွေးရာတွင် ခွဲတမ်းများ လျှော့ချလာကြောင်း အကျဉ်းသားများနှင့် နီးစပ်သူများ ထံမှ သိရသည်။ ထားဝယ်ထောင်အတွင်း အကျဉ်းသားတစ်ဦးလျှင် တစ်ရက် ၉၇၅ ကျပ် နှုန်းဖြင့် တွက်ချက်ပြီး သုံးနပ်ကျွေးမွေးလျက်ရှိသည်။ နံနက်ပိုင်းတွင် ဆန်ပြုတ် သို့မဟုတ် ထမင်းကြော်၊ နေ့လယ်ပိုင်းတွင် ပဲဟင်းနှင့် ထမင်းဖြူ၊ ညနေပိုင်းတွင် တစ်ပတ်လျှင် ကြက်သား နှစ်ရက်၊ ငါးတစ်ရက်၊ ကြက်ဥ တစ်ရက် ကျွေးမွေးသည်။ ကျန်ရက်တွင် အသီးအရွက် ဟင်းချိုတစ်မျိုးမျိုးဖြင့် ကျွေးမွေးသည်။ “အခုတော့ အစားအသောက် ခွဲတမ်းတွေ နည်းလာပါတယ်။ ကြက်သားတုံးတွေ ငယ်လာပါတယ်။ ငါးတွေကို စားမကောင်းတဲ့၊ မလတ်ဆတ်တဲ့ မွေးမြူရေး ငါးတွေကိုပဲ ကျွေးပါတယ်”ဟု အကျဉ်းသား မိသားစု ဝင်တစ်ဦးက ထားဝယ်ထောင်တွင်း […]

ထားဝယ်တွင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ဟုဆို

diz_admin

August 30, 2022

စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်ပြောဆိုထားသော်လည်း ပြင်ပဈေးကွက် တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံခဲ့ပြီး ရည်ညွှန်းဈေးအတိုင်းသာ ရောင်း ချရန် ပြောဆိုထားသော်လည်း ထားဝယ်တွင် ရန်ကုန်က ဈေးဖွင့်သည့် ပြင်ပပေါက်ဈေးအတိုင်းသာ အရောင်းအဝယ် ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေလုပ်ငန်းရှင်အချို့က ဆိုသည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ (ဩဂုတ် ၃၀) အခေါက်ရွှေတစ်ကျပ်သားကို ၂,၀၃၄,၀၀၀ ကျပ်ဖြင့် ရည်ညွှန်းဈေးထုတ်ပြန်ထားသောလည်း ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပြင်ပဈေးကွက်တွင် အရောင်းအဝယ် လုပ်နေ သည့် ပေါက်ဈေးမှာ တစ်ကျပ်သား ၃,၁၂၀,၀၀၀ အထိဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ […]

လောင်းလုံး စခန်းကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

August 30, 2022

လောင်းလုံးမြို့နယ် စခန်းကြီးရွာတွင် အမျိုးသားတစ်ဦးသည် ယနေ့ (ဩဂုတ် ၃၀) နံနက် ၁၁ နာရီခန့်က ပစ်သတ်ခံရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ စခန်းကြီးရွာသား အသက် ၄၀ အရွယ် ဦးအောင်ကျော်မိုးဆိုသူဖြစ်ပြီး ယင်းကျေးရွာ သင်္ချိုင်းအမှိုက်ပုံ အနီးတွင် ဆိုင်ကယ်စီးအမျိုးသားနှစ်ဦးက လာရောက်ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “ပစ်တာက ခုနှစ်ချက်လောက်ရှိမယ်။ နားနဲ့ ဦးခေါင်းမှာ ဒဏ်ရာအများဆုံးတွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ဦးအောင်ကျော်မိုးဆိုသည် ကျေးရွာအရန်မီးသတ်တပ်ဖွဲ့ဝင်ဟောင်းတစ်ဦးဖြစ်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ကျေးရွာ သပိတ်များ၏နောက်မှ ဗျောက်အိုးဖောက် ခြောက်လန့်ခြင်း၊ ရဲလာနေသည်ဟု ပြောဆိုခြောက်လန့်လေ့ရှိသူ ဖြစ်ကြောင်း ဒေသခံအချို့၏ ပြောဆိုချက်အရ သိရသည်။ အထက်ပါပြောဆိုချက်နှင့်ပတ်သက်၍ Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးသလို ဦးအောင်ကျော်မိုးကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကိုလည်း […]

သရက်ချောင်း ကျွဲမင်းကုန်းရွာက ဖမ်းဆီးခံရသည့် စိတ်ဝေဒနာရှင်အမျိုးသား ပြန်လွတ်

diz_admin

August 29, 2022

သရက်ချောင်းမြို့နယ် ကျွဲမင်းကုန်းရွာက ရိုက်နှက်ဖမ်းဆီးခံရသည့် စိတ်ဝေဒနာရှင် အမျိုးသားတစ်ဦး ယနေ့ (ဩဂုတ် ၂၉) နံနက် ၈ နာရီခန့်တွင် ပြန်လည်လွတ်မြောက်လာပြီဖြစ်ကြောင်း ဒေသခံအချို့ထံက သိရသည်။ အသက် ၃၀ အရွယ် ကိုမင်းလဲ့ဆိုသူသည် စိတ်ကျန်းမာရေး မကောင်းသူဖြစ်သဖြင့် ရွာစဉ်လျှောက်ပြီး သွားလာ နေလေ့ရှိသူလည်းဖြစ်ကြောင်း ၎င်း၏ ဆွေမျိုးနီးစပ်တော်သူ အမျိုးသမီးတစ်ဦးက ပြောသည်။ ယင်းသို့ ရွာစဉ်လှည့်ပြီးလျှောက်သွားနေစဉ် စုံစင်ဖျားရွာ မီးသတ်ရုံးတွင် တပ်စွဲထားသည့် စစ်ကောင်စီတပ်ဖွဲ့ဝင်များကို သွားရောက်ဆဲဆိုသောကြောင့် ဩဂုတ်လ ၂၈ရက် နံနက် ၁၀ နာရီခန့်တွင် ရိုက်နှက်ထုထောင်း ဖမ်းဆီးခံခဲ့ရကြောင်း ၎င်းက ဆိုသည်။ “ရွာပြန်ရောက်နေပြီ။ မနက်တုန်းက ၈ နာရီထိုးလောက်မှာ ပြန်ရောက်နေတယ်။ လူကတော့ သွားလာနိုင်နိုင်ကြီး။ ရိုက်ထားထုထားတဲ့ နေရာက ညိုနေတဲ့ ဒဏ်ရာနည်းနည်းပါးပါးတော့ရှိတယ်” ဟု […]

ပုဂေါဇွန်းရွာသားနှစ်ဦး တစ်ညတည်းတွင် ပစ်သတ်ခံရ

diz_admin

August 28, 2022

ရေဖြူမြို့နယ် ပုဂေါဇွန်းရွာသားနှစ်ဦး ဩဂုတ်လ ၂၇ရက်ညက ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ သေဆုံးသူမှာ အသက် ၃၀ကျော်အရွယ် ‌ဦးစောမင်းထွေးဆိုသူနှင့် အသက် ၄၀ကျော်အရွယ် ဦးရဲမြင့်ဦးဆိုသူတို့ ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ယင်းနေ့ည ၈ နာရီဝန်းကျင်က လက်နက်ကိုင်လူတစ်စုသည် ကျေးရွာသို့လာရောက်ကာ ဦးစောမင်းထွေးကို ပစ်သတ် သွားပြီးနောက် မိနစ်အနည်းငယ်အကြာတွင် ဦးရဲမြင့်ဦးကို ထပ်မံပစ်သတ်သွားကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “စောမင်းထွေးကတော့ ဦးခေါင်းမှာ လေးချက်၊ နောက်ရဲမြင့်ဦးမှာက လည်ပင်းတစ်ချက်၊ ရင်ဖက်တစ်ချက် တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ဦးစောမင်းထွေးဆိုသူမှာ ရှမ်းဆိုဒ် (ဆောက်လုပ်ရေး) တွင် အလုပ်လုပ်နေသူဖြစ်ပြီး ကိုရဲမြင့်ဦးကတော့ တောခုတ် ကြုံရာကျပန်း လုပ်သူဖြစ်သည်ဟု ဒေသခံတို့ထံမှ သိရသည်။ သေဆုံးချိန်တွင် ဦးစောမင်းထွေးတွင် ဇနီးနှင့် […]

ထားဝယ်ထောင်တွင် ပြစ်ဒဏ်ချခံထားရသည့် နိုင်ငံရေးအကျဉ်းသား နှစ်ရာကျော်ရှိဟုဆို

diz_admin

August 27, 2022

ထားဝယ်အကျဉ်းထောင်တွင် ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား (အမျိုးသား) ၂၀၁ ဦးရှိကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က ယနေ့ (ဩဂုတ် ၂၇) ထုတ်ပြန်သည်။ ဩဂုတ်လ ၂၂ ရက်နေ့ထိ နောက်ဆုံးရရှိထားသည့်စာရင်းဖြစ်ကြောင်း အထက်ပါကွန်ရက်မှ တာဝန်ရှိသူက ပြောသည်။ တနင်္သာရီတိုင်း ဝန်ကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သူ ဦးမြင့်မောင်အပါအဝင် ပြစ်ဒဏ်ကျခံရသည့် နိုင်ငံရေး အကျဉ်းသား ၂၀၁ ဦးခန့်ကို စစ်ကောင်စီက အနိမ့်ဆုံး ထောင်ဒဏ် ၂ နှစ်မှ အမြင့်ဆုံး ထောင်ဒဏ် ၂၈ နှစ်အထိ ချမှတ်ထားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထားဝယ်အကျဉ်းထောင်တွင် ပြစ်ဒဏ်ကျခံရခြင်းမရှိသေးသည့် နိုင်ငံရေးအမှု အချုပ်သား ၁၀၀ ခန့်ရှိမည်ဖြစ်ကြောင်း အဆိုပါကွန်ရက်ထံမှ သိရသည်။ နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးချုပ်နှောင်ခံထားရသည့် အမျိုးသမီး အချုပ်သား ၃၀ ဦးခန့်ရှိမည်ဟု အဆိုပါကွန်ရက်မှ တာဝန်ရှိသူက […]

ကွမ်းသီးအဟောင်း တစ်ပိဿာ ရှစ်ထောင်ကျပ်အထိဖြစ်လာ

diz_admin

August 27, 2022

ထားဝယ်ခရိုင်တွင် ကွမ်းသီးခြောက်အဟောင်း အရည်အသွေးကောင်း (ပါကင်) တစ်ပိဿာ ငွေကျပ်ရှစ်ထောင်ခန့် အထိ ဈေးတက်လာကြောင်း ပွဲရုံအချို့ထံက သိရသည်။ ဩဂုတ်လ ၂၁ ရက်နေ့အထိ ကွမ်းသီးခြောက် တစ်ပိဿာလျှင် ၇၅၀၀ ကျပ်ခန့်သာ ဈေးရှိသော်လည်း ယခုရက်ပိုင်း အတွင်း ကျပ်ရှစ်ထောင်ခန့်ဖြစ်လာခြင်းဖြစ်ကြောင်း ထားဝယ်မြို့ပေါ်မှ ကွမ်းသီးခြောက်ပွဲရုံအချို့ထံမှ သိရသည်။ ၂၀၂၁ ခုနှစ် နိုဝင်ဘာလတွင် ရာသီအဖွင့်ဈေးမှာ တစ်ပိဿာ ၆၅၀၀ ကျပ်ခန့်ဖြင့် စတင်ဝယ်ခဲ့ပြီးနောက် တဖြေးဖြေး ဈေးတက်လာရာ ယခု ဩဂုတ်လ ၂၁ ရက်နောက်ပိုင်းတွင် ၈၀၀၀ ကျပ်ခန့်အထိ ဈေးတက်လာကြောင်း ထားဝယ်မြို့ ကြက်စားပြင်ရပ်ကွက်မှ ကွမ်းသီးပွဲရုံပိုင်ရှင် အမျိုးသားတစ်ဦးက ပြောသည်။ အရည်အသွေးကောင်းသည့် ကွမ်းသီးခြောက် (ပါကင်) ပွဲရုံဈေးမှာ တစ်ပိဿာ ၈၀၀၀ ကျပ်ခန့်ရှိပြီး အရည်အသွေး ပေါ်မူတည်၍ […]