သီလဝါဆိပ်ကမ်းမှ ထွက်လာသည့် ဆီဘောင်ဆာကားတစ်စီး မနက်ဖြန်ထားဝယ်ရောက်မည်
diz_admin
August 18, 2022ရန်ကုန်မြို့ သီလဝါဆိပ်ကမ်းမှ စက်သုံးဆီတင်ဆောင်လာသည့် ဆီဘောင်ဆာကားတစ်စီး ထားဝယ်မြို့သို့ ဆင်းလာနေပြီဖြစ်ကြောင်း ရနံ့သစ်စက်သုံးဆီဆိုင်မန်နေဂျာက ပြောဆိုသည်။ ဩဂုတ်လ ၁၈ ရက် မနက် ၄ နာရီအချိန်မှစပြီး ရန်ကုန်မြို့မှ ထွက်ခွာလာခြင်းဖြစ်ပြီး လမ်းတွင်တစ်ညအိပ်ရမည် ဖြစ်သောကြောင့် ထားဝယ်မြို့သို့ ဩဂုတ်လ ၁၉ ရက် (မနက်ဖြန်)တွင်ရောက်လာမည်ဖြစ်ကြောင်း ၎င်းကပြောသည်။ ၎င်းဆီဘောင်ဆာကားတစ်စီးဖြင့် ထားဝယ်ဈေးကွက်လိုအပ်ချက်ကို ဖြည့်ဆည်းနိုင်ဦးမည်မဟုတ်ကြောင်း ၎င်းကဆိုသည်။ “အခုဆင်းလာနေတာက ကားတစ်စီးပဲဆိုတော့ ချ ေရာင်းတာနဲ့ကုန်မှာပဲ။ ဆင့်ပါးစပ်နှမ်းပက် တာလောက်ပဲဖြစ်မယ်” ဟု ၎င်းကဆိုသည်။ ယခုဆင်းလာနေသည့် ဆီဘောင်ဆာကားတွင် စက်သုံးဆီမည်မျှ တင်ဆောင်လာသည်ကိုမူ မသိရပေ။ ယနေ့ ထားဝယ်မြို့ထဲတွင် စက်သုံးဆီတစ်လီတာ ၃၅၀၀ ကျပ်အထိ ဈေးပေါက်နေသော်လည်း ဝယ်မရဖြစ်နေကြောင်း မြို့ခံတစ်ဦးကပြောသည်။ “ဆီဆိုင်တစ်ဆိုင်မှာ ရောင်းပေးနေတာတွေ့ရင် အားလုံးစုပြုံပြီး ဝင်ဝယ်နေကြရတယ်။ တစ်ချို့ကလည်း ဆီရှာရင်းနဲ့ […]


