ထားဝယ်အထူးစီးပွားရေးဇုန်ဒေသသို့ စစ်ကြောင်းဝင်လာခြင်းကြောင့် ဒေသခံများ နေရပ်စွန့်ခွာထွက်ပြေး
diz_admin
November 3, 2022ရေဖြူမြို့နယ် နဘုလယ်ဒေသ(ထားဝယ်အထူးစီးပွားရေးဇုန်ဒေသ)သို့ နိုဝင်ဘာလ ၂ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က အင်အားအများအပြားဖြင့် ဝင်ရောက်နေခြင်းကြောင့် ကျေးရွာ ခုနစ်ရွာမှဒေသခံများ နေရပ်စွန့်ခွာထွက်ပြေးနေကြရသည်ဟု ဒေသခံများ၏ပြောကြားချက်အရသိရသည်။ ယမန်နေ့ ညနေ ငါးနာရီခန့်မှစကာ စစ်ကောင်စီတပ်ဖွဲ့ဝင်များမှ ကားခုနှစ်စီးခန့်ဖြင့် ပုဂေါဇွန်းရွာထိပ် ရှမ်းလမ်းခေါ် ရေနက်ဆိပ်ကမ်းလမ်းမှတစ်ဆင့် လက်နက်ကြီးလက်နက်ငယ်များဖြင့်ပစ်ခတ်၍ဝင်ရောက်လာသောကြောင့် ဒေသခံအများမှာ နေအိမ်စွန့်ခွာ ထွက်ပြေးနေကြရကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ပစ်တာကညနေ ငါးနာရီကတည်းကပေါ့နော် လေးနာရီလောက်ဆက်တိုက်ပစ်တာ တိုက်ပွဲဖြစ်နေတာပဲထင်တယ် ရွာသားတွေဆို ညထဲကရှောင်နေကြရတာ သက်ကြီးရွယ်အိုရှိတဲ့ အိမ်ကလွဲလို့ ကျန်တဲ့သူတွေအားလုံးနီးပါးပါပဲ” ဟု ထိုဒေသခံကပြောသည်။ မည်သည့်အကြောင်းကြောင့် ယခုကဲ့သို့ စစ်ကြောင်းထိုးဝင်ရောက်လာခဲ့သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ယင်းကဲ့သို့ဝင်ရောက်လာမှုကြောင့် လဲရှောင်၊ ထိန်ကြီး၊ ပရဒပ်၊ ဧကနိ၊ ရငဲ ၊ ခမောင်းချောင်း၊ ဝက်ချောင်း စတဲ့ ကျေးရွာခုနစ်ရွာမှ ဒေသခံအများစုမှာ နေအိမ်စွန့်ခွာနေကြရသည်။ “လူတွေကသတင်းကြားတာနဲ့ ပြင်နေကြပြီ အရင်ကလည်း ဖြစ်ခဲ့ဖူးပြီးသားဆိုတော့လေ”ဟု […]


