လောင်းလုံးတွင် CDM ဝန်ထမ်း၊ NLD ထောက်ခံသူများအပါအဝင် ဒေသခံ ၁၃ဦးဖမ်းဆီးခံရ
diz_admin
October 22, 2022လောင်းလုံးမြို့နယ်တွင် CDM ဝန်ထမ်းတစ်ဦး၊ NLD ပါတီ ထောက်ခံသူများ အပါအဝင် ဒေသခံ ၁၃ ဦး ဖမ်းဆီးခံရကြောင်း ဖမ်းဆီးခံရသူများနှင့် နီးစပ်သူအချို့က ပြောသည်။ ယင်းသို့ ဖမ်းဆီးခံရရာတွင် လောင်းလုံးမြို့ပေါ်က ဒေသခံ ကိုးဦးနှင့် ကျေးရွာ နှစ်ရွာမှ ဒေသခံ လေးဦးတို့ ပါဝင်သည်။ မြို့ပေါ်၌ အောက်တိုဘာလ ၂၁ရက်ည ၈နာရီခန့်တွင် စစ်ကောင်စီတပ်ပူးပေါင်းတပ်ဖွဲ့ဝင်များက တစ်အိမ်တက်ဆင်း ဝင်ရောက် ဖမ်းဆီးခဲ့ခြင်းဖြစ်ပြီး အမျိုးသားငါးဦး၊ အမျိုးသမီးလေးဦး စုစုပေါင်း ကိုးဦး ဖမ်းဆီးခံရကြောင်း ၎င်းတို့က ဆိုသည်။ ဖမ်းဆီးခံရသူများတွင် CDM ဝန်ထမ်းတစ်ဦး ပါဝင်ပြီး ကျန်ပုဂ္ဂိုလ်များမှာ NLD ပါတီ ထောက်ခံသူများဖြစ်ကြောင်း မြို့ခံအချို့က ပြောသည်။ ဖမ်းဆီးခံရသူများမှာ လောင်းလုံးမြို့ပေါ်ရပ်ကွက်များတွင် နေထိုင်ကြသည့် ဦးမျိုးသိမ်း၊ ဦးတင်သောင်း၊ ဦးစိမ်း၊ […]


