လောင်းလုံးမြို့နယ်တွင် အမျိုးသားတစ်ဦး သေနတ်ဒဏ်ရာများဖြင့်သေဆုံး
diz_admin
October 16, 2022လောင်းလုံးမြို့ နယ် လေးသွန်းခံရွာနှင့် ကထောင်းနီရွာကြား လမ်းပိုင်းတစ်နေရာတွင် ယနေ့ (အောက်တိုဘာ ၁၆) မနက်ပိုင်းက သေနတ်ဒဏ်ရာများဖြင့် သေဆုံးနေသော အမျိုးသားတစ်ဦး၏ အလောင်းတွေ့ရှိရကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ အဆိုပါအလောင်းကို ယနေ့နံနက် ၆ နာရီဝန်းကျင်ခန့် ကယင်းလမ်းပိုင်းတစ်နေရာတွင် ကထောင်းနီရွာသို့ ဈေးရောင်းလာသည့် ဈေးသည်များက ကနဦးတွေ့ရှိရခြင်းဖြစ်ကြောင်း ဈေးသည်တစ်ဦးကပြောသည်။ သေဆုံးနေသူမှာ ကထောင်းနီရွာတွင် လွန်ခဲ့သည့် လေးနှစ်ခန့်ကစပြီး မိသားစုနှင့်အတူ လာရောက်ရွှေ့ပြောင်းနေထိုင်သည့် အသက် ၃၉ နှစ်အရွယ်ရှိ ကိုထွန်းဦးဆိုသူဖြစ်သည်။ “သူတို့မိသားစုက စပါးပေါ်ချိန်စပါးလိုက်ရိတ်တယ်။ ငါးဖမ်း၊ ငါးရှဉ့်ထောင် အုတ်ဖိုတွေမှာလည်း လိုက်လုပ်လေ့ရှိတယ်”ဟု အထက်ပါဈေးသည်ကပြောသည်။ ဦးထွန်းဦးမှာ လေးသွန်းခံရွာနှင့် ကထောင်းနီကျေးရွာသို့သွားသည့် လမ်းပိုင်းတစ်နေရာရှိ တံတားအနီးတွင် ဦးခေါင်းနှင့် လည်ပင်းတွင် သေနတ်ဒဏ်ရာဖြင့် သွေးထွက်လွန်ကာ သေဆုံးနေခြင်းဖြစ်ကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။ ဦးထွန်းဦးအား လောင်းလုံးမြိုနယ်ပြည်သူ့ကာကွယ်ရေး […]


