ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

နဘုလယ်ဒေသ ထိန်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

October 12, 2022

ရေဖြူမြို့နယ် နဘုလယ်ဒေသ ထိန်ကြီးရွာသားတစ်ဦး အောက်တိုဘာလ ၁၁ ရက်က ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောဆိုချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦးဖြစ်သူ ထိန်ကြီးရွာသား ကိုနေဇာမိုးဆိုသူဖြစ်ကြောင်း ဒေသခံတို့က ပြောသည်။ အောက်တိုဘာလ ၁၁ မွန်းလွဲ ၂ နာရီကျော်က ဇနီးဖြစ်သူနှင့်အတူ ဆိုင်ကယ်ဖြင့် သွားလာနေစဉ် ပရဒတ်နှင့် ဘဝကျေးရွာ ကြားလမ်းပိုင်းတစ်နေရာတွင် လက်နက်ကိုင်လူတစ်စုက ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ ဦးခေါင်းပိုင်းတွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးသွားကြောင်း ၎င်းက ဆိုသည်။ ကိုနေဇာမိုးအား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ၎င်း၏ရုပ်အလောင်းကို အခင်းဖြစ်နေ့ ည ၇နာရီခွဲခန့်က ယင်းကျေးရွာ၏ သုသာန်တွင် ညတွင်းခြင်း မီးသင်္ဂြိုဟ်လိုက်ကြောင်း […]

မောင်းမကန်ရွာသားတစ်ဦး ယမန်နေ့ညက ပစ်သတ်ခံရ

diz_admin

October 9, 2022

လောင်း‌လုံးမြို့နယ် မောင်းမကန်ရွာတွင် အောက်တိုဘာလ ၈ ရက်နေ့ ယမန်နေ့ညက အသက် ၃၀ ကျော်အရွယ် အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ မောင်းမကန်ရွာသား ဦးဇော်ဝင်းရှိန်ဆိုသူဖြစ်ပြီး ည ၈ နာရီဝန်းကျင်က နေအိမ်တွင် ရှိနေစဉ် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “သူက မူးယစ်ဆေး အရောင်းဝယ်လုပ်တယ်လို့ သတင်းထွက်တယ်။ ဘာကြောင့်ပစ်သတ်ခံရတယ်ဆိုတာတော့ မသိဘူး” ဟု ၎င်းက ဆိုသည်။ ဦးဇော်ဝင်းရှိန်အား မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ ဦးဇော်ဝင်းရှိန်တွင် ဇနီး၊ ခြောက်နှစ်အရွယ်သားတစ်ဦးနှင့် သုံးနှစ်အရွယ်သမီးတစ်ဦး ကျန်ရစ်ခဲ့ကြောင်း ဒေသခံများထံမှ သိရသည်။ ၎င်း၏ ရုပ်အလောင်းကို ယနေ့ အောက်တိုဘာလ ၉ […]

ထားဝယ်တွင် ပလတ်စတစ်မီးပုံးပျံများ ရောင်းအားကျ

diz_admin

October 8, 2022

သီတင်းကျွတ်ကာလတွင် ရောင်းအားကောင်းလေ့ရှိသည့် ပလတ်စတစ်မီးပုံးပျံများမှာ ယခုနှစ်တွင် ရောင်းအားကျဆင်းနေကြောင်း ထားဝယ်မြို့ပေါ်ရှိ ယင်းပစ္စည်း ရောင်းချသူများထံမှ သိရသည်။ ပြီးခဲ့သည့်ကိုဗစ်မတိုင်ခင်ကာလက ယခုလိုပွင့်လင်းရာသီမျိုးတွင် အဆိုပါ ပလတ်စတစ်မီးပုံးပျံများ အရောင်းသွက်လျက်ရှိပြီး ယခင်က အလုံးရေ ငါးရာမှ တစ်ထောင်ခန့်အထိ ရောင်းချ နေရာမှ ယခုနှစ်တွင် တစ်ရာအောက်သာ ရောင်းချရသည်ဟု အဆိုပါမီးပုံငယ် ရောင်းသည့်အမျိုးသမီးတစ်ဦးကပြောသည်။ “မနှစ်ကဆို သီတင်းကျွတ်မတိုင်ခင်မှာ အလုံးရေ လေးရာလောက် ရောင်းရပြီးပြီ ဒီနှစ်က တော့ အလုံးရေ ခြောက်ဆယ်လောက်ဘဲ့ ရောင်းချရသေးတယ်”ဟု ထိုအမျိုးသမီးက ပြောသည်။ ယခင်နှစ်များက ကုန်စုံဆိုင်များတွင် ဆိုင်တင်ရောင်းချလေ့ရှိသော်လည်း ယခုနှစ် တွင် အွန်လိုင်းမှသာ ရောင်းချနေသည်ကို အများဆုံးတွေ့ရသည်ဟု ကုန်စုံဆိုင် ပိုင်ရှင်တစ်ဦးကပြောသည်။ “ဒီနှစ်ဝယ်မရောင်းတော့ဘူး ကလေးတွေကတော့ ပလတ်စတစ်အိတ်တွေ ဝယ်ဝယ်ပြီး မီးပုံးလုပ်နေကြတာပဲ”ဟု ၎င်းကပြောသည်။ ယခင်က သီတင်းကျွတ်ကာလ […]

ထားဝယ် အိမ်ခြံမြေစျေးကွက် အရောင်းများပြီး အဝယ်မရှိ

diz_admin

October 7, 2022

မြန်မာကျပ်ငွေတန်ဖိုး အဆမတန်ကျဆင်းချိန်က အရောင်းအဝယ်သွက်ခဲ့သည့် ထားဝယ်အိမ်ခြံမြေဈေးကွက်သည် လက်ရှိတွင် ရောင်းလိုသူများသော်လည်း အဝယ်မရှိသလောက် ဖြစ်နေကြောင်း အိမ်ခြံမြေအကျိုးဆောင်အချို့ထံမှ သိရသည်။ ဖေ့ဘုတ်အွန်လိုင်းပေါ်ရှိ ထားဝယ်အိမ်ခြံမြေ ရောင်းဝယ်ရေး ဂရုများတွင်လည်း ရောင်းချရန် ကြော်ငြာသူက များနေသည်။ ရွှေဈေးအဆမတန် မြင့်တက်ခဲ့သည့် ဩဂုတ်လအတွင်းက ထားဝယ်မြို့ပေါ်တွင် အိမ်ခြံမြေ အရောင်းအဝယ်သွက်ခဲ့ပြီး တစ်လလျှင်မြေကွက် ၁၀ ကွက်ခန့် အရောင်းအဝယ်ဖြစ်ခဲ့ကြောင်း အိမ်ခြံမြေအကျိုးဆောင်တစ်ဦးက ဆိုသည်။ အရောင်းအဝယ်သွက်နေသည့် အိမ်ခြံမြေဈေးကွက်သည် စက်တင်ဘာလ နှောင်းပိုင်းမှစကာ အဝယ်မရှိသလောက် နည်းပါးလာကြောင်း ၎င်းကပြောသည်။ “အရောင်းအဝယ် တော်တော်လေး ပါးနေပါတယ်။ ငွေဂျမ်း(ငွေမလည်ပတ်နိုင်) ဖြစ်နေကြတယ်လို့ ကြားတယ်ရှင်”ဟု ၎င်းက ပြောသည်။ အိမ်ခြံမြေအရောင်းအဝယ် ကောင်းခဲ့ချိန်က ထားဝယ်မြို့အတွင်းနှင့် မြို့သစ်ဘက်တွင် ကျပ်သိန်းရာဂဏန်းမှ ထောင်ဂဏန်းတန် မြေကွက်များ အရောင်းအဝယ်ဖြစ်ခဲ့ပြီး ထားဝယ်ဒေသနေသူများကပင် ဝယ်ယူကြကြောင်း အထက်ပါ အကျိုးဆောင်က ဆိုသည်။ လက်ရှိကြုံတွေ့နေရသည့် စီးပွားရေးအကျပ်အတည်းကြောင့် ငွေလိုအပ်သူများလာပြီး […]

တနင်္သာရီတိုင်းတွင် ကိုဗစ်ကူးစက်ခံရသူများလာ

diz_admin

October 7, 2022

တနင်္သာရီတိုင်းတွင် ကိုဗစ်နိုင်တင်းရောဂါ ကူးစက်ခံရသူပမာဏ  မြင့်တက်လျက်ရှိကြောင်း တိုင်းပြည်သူ့ ကျန်းမာရေးဦးစီးဌာန၏ ထုတ်ပြန်ချက်အရသိရသည်။ တနင်္သာရီတိုင်းတွင် စက်တင်ဘာလ ၁ ရက်မှ အောက်တိုဘာလ ၆ ရက်အထိ တစ်လကျော်ကာလအတွင်း ကိုဗစ်ပိုးတွေ့လူနာ ၉၂ ဦးရှိကြောင်း တိုင်းပြည်သူ့ကျန်းမာရေး ဦးစီးဌာန စာရင်းအရသိရသည်။ စက်တင်ဘာလ ပထမပတ်တွင် ပိုးတွေ့သူတစ်ဦး၊ ဒုတိယအပတ်တွင် ၁၃ ဦး၊ တတိယအပတ်တွင် ၁၂ ဦး၊ နောက်ဆုံးအပတ်တွင် ၂၅ ဦးနှင့် အောက်တိုဘာလ ပထမအပတ်တွင် ၃၉ ဦး တွေ့ရှိခဲ့ရာ စုစုပေါင်း ၉၁ ဦးစစ်ဆေးတွေ့ရှိခဲ့သည်။ ယင်းကာလအတွင်း ကိုဗစ်စစ်ဆေးသူ ငါးထောင်ကျော်ရှိသည့်အနက် ၉၂ ဦးတွင် ပိုးတွေ့ရှိခဲ့ခြင်းဖြစ်သည်။ လက်ရှိတွင် သက်သာလာသဖြင့် ဆေးရုံဆင်းလူနာ ၇၀ ဦးရှိပြီး တစ်ဦးသေဆုံးကာ ကျန် ၂၀ […]

ထားဝယ်တွင် နိုင်ငံရေးအကျဉ်းသား ၁၀ ဦး အမြင့်ဆုံးထောင်ဒဏ်များ ထပ်တိုးချခံရ

diz_admin

October 6, 2022

ထားဝယ်အကျဉ်းထောင်တွင် အကျဉ်းကျနေသည့် နိုင်ငံရေးအကျဉ်းသား ၁၀ ဦးကို စစ်ကောင်စီက အမြင့်ဆုံးထောင်ဒဏ်များ ထပ်တိုးပြစ်ဒဏ်ချမှတ်လိုက်ကြောင်း ထားဝယ်နိုင်ငံရေးအကျဉ်းသားများကွန်ရက်က သတင်းထုတ်ပြန်သည်။ ယခင်က ထောင်ဒဏ် ၂၆ နှစ် ထိချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသား ကိုထွန်းဦးကို ထပ်တိုးထောင်ဒဏ် နှစ်၂၀ ထပ်ချမှတ်ခဲ့ပြီး ယခင် ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံထားရသည့် ကိုရာဇာထွန်းကိုလည်း ထပ်တိုးထောင်ဒဏ် နှစ် ၂၀ ထပ်တိုး ချမှတ်ခဲ့ခြင်းဖြစ်သည်။ ယခင်က ထောင်ဒဏ် ၈ နှစ်ချမှတ်ခံထားရသည့် ကိုမင်းဆက်မှူးကို ထပ်တိုးထောင်ဒဏ် နှစ် ၂၀၊ ယခင်က ထောင်ဒဏ် ၉ နှစ်ချမှတ်ခံထားရသည့် ကိုမြတ်ကျော်သူကိုလည်း ထပ်တိုးထောင်ဒဏ် နှစ် ၂၀ ချမှတ်ခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။   ယင်းအပြင် ယခင်က ထောင်ဒဏ် ၂၁ နှစ်ချမှတ်ခံထားရသည့် […]

ရေကြည်ငါး (ငါးနီတူ) ခြောက်တစ်ပိဿာ ယမန်နှစ်ထက် ကျပ်ငါးထောင်ဈေးတက်

diz_admin

October 6, 2022

ထားဝယ်တွင် ရေကြည်ငါး (ခေါ်) ငါးနီတူခြောက် ယခုနှစ် ရာသီအဖွင့်ဈေးမှာ တစ်ပိဿာလျှင် ယမန်နှစ်ထက် ကျပ်ငါး ထောင်ဈေးတက်နေကြောင်း ရေကြည်ငါးရောင်းချသူများထံမှ သိရသည်။ ရေကြည်ငါးထွက်ချိန် ယခုလို အောက်တိုဘာလတွင် ယမန်နှစ်က တစ်ပိဿာလျှင် အသေးအကြီးပေါ်မူတည်၍ ငွေကျပ် ကိုးထောင် တစ်သောင်းဝန်းကျင်ခန့်ရှိရာမှ ယခုနှစ်တွင် တစ်ပိဿာလျှင် ကျပ်တစ်သောင်းခွဲအထိ ပေးဝယ်နေရကြောင်း ရေကြည်ငါး ဝယ်ရောင်းသူ အမျိုးသမီးတစ်ဦးက ပြောသည်။ “ဒီနှစ်က စရိတ်နဲ့ စက်သုံးဆီဈေးတွေ ကြီးမြင့်နေတော့ (တစ်ပိဿာ) တစ်သောင်းအထက်ကပဲ ရှိမယ်။ အဲဒီထက်လျော့ဖို့ မရှိပါဘူး” ဟု ၎င်းက ဆိုသည်။ လက်ရှိထားဝယ်ဒေသ၏ ရေကြည်ငါး အများဆုံးထွက်ရာဒေသများဖြစ်သည့် လောင်းလုံးမြို့နယ် စမ်းလှမ်းကျေးရွာနှင့် ညောပြင်ကျေးရွာတို့တွင် ရေကြည်ငါးလုပ်ငန်းလုပ်ရန် ပြင်ဆင်နေဆဲသာရှိသေးကြောင်း စမ်းလှမ်းရွာသူတစ်ဦးက ပြောသည်။ “လှေတွေကတော့ သီတင်းကျွတ်ပြီးမှ ထွက်ဖို့ပြင်နေကြတယ်။ နေကလည်း […]

ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ထောင်တစ်သက်ချနိုင်သည့်ပုဒ်မဖြင့် တရားစွဲခံရ

diz_admin

October 5, 2022

ထားဝယ်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦးကို စစ်ကောင်စီက ပြန်လည်ဖမ်းဆီးပြီး အနည်းဆုံး ထောင်ဒဏ် ၁၀ နှစ်မှ အမြင့်ဆုံးထောင်ဒဏ် တစ်သက်အထိ ချမှတ်နိုင်သည့်ပုဒ်မဖြင့် တရားစွဲထားကြောင်း ၎င်း၏ မိသားစုဝင်နှင့် နီးစပ်သူများက ပြောသည်။ ကိုမျိုးမင်းဦးကို စက်တင်ဘာလ ၁၂ရက်က ထားဝယ်မြို့ ခုံဝင်းဒြပ်ရပ်ကွက်ရှိ အလုပ်တွင် အရပ်ဝတ်နှင့် စစ်ကောင်စီ တပ်ဖွဲ့ဝင်များက မေးမြန်းရန်ရှိသဖြင့် ခဏလိုက်ခဲ့ပါဟုဆိုကာ ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း မိသားစုဝင်တစ်ဦးက ဆိုသည်။ ထားဝယ်ခရိုင်ရဲစခန်းတွင် တစ်ရက်နှင့် တစ်ည စစ်ဆေးခဲ့ပြီးနောက် စက်တင်ဘာ ၁၃ ရက်နေ့တွင် ထားဝယ်မြို့နယ် ရဲစခန်းသို့ ရောက်ရှိကြောင်း ၎င်းက ပြောသည်။ စက်တင်ဘာ ၂၆ ရက်နေ့တွင် ပထမအကြိမ် ရုံးထုတ်ခဲ့ပြီးနောက် ထားဝယ်ထောင်ချုပ်သို့ ပြောင်းရွှေ့ခံရကြောင်း မိသားစုဝင်က ပြောဆိုသည်။ ယင်းနောက် အောက်တိုဘာလ လဆန်းပိုင်းတွင် […]