ရွှေဈေးထပ်ကျ ထားဝယ်လက်ကြီးသမားများ အမြင့်စျေးဖြင့်ပိုက်မိနေ၍ အရောင်းအဝယ်အေး
diz_admin
September 28, 2022အခေါက်ရွှေတစ်ကျပ်သားလျှင် ငွေကျပ်တစ်သိန်းဈေးထပ်ကျသွားပြီး ထားဝယ်မြို့ရှိ ရွှေအပိုင်းလိုက်ဝယ်ထားသည့် လက်ကြီးသမားများ ပိုက်ဘောမိနေကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ထားဝယ်ဈေးကွက်အတွင်း စက်တင်ဘာလ ၂၇ ရက်နေ့က အခေါက်ရွှေ တစ်ကျပ်သားလျှင် ၂၇ သိန်းဝန်းကျင်ရှိရာမှ စက်တင်ဘာလ၂၈ ရက်နေ့တွင် ၂၆ သိန်းဝန်းကျင်သာ ဈေးပေါက်တော့သည်။ ပြီးခဲ့သည့်လက တစ်ကျပ်သားလျှင်ကျပ် ၃၇ သိန်းဝန်းကျင်အထိ စံချိန်တင်မြင့်တက်ခဲ့သည့် ရွှေဈေးသည် စက်တင်ဘာလ နှောင်းပိုင်းတွင် တစ်ကျပ်သားလျှင် ကျပ် ၂၆ သိန်းသာရှိတော့ရာ ကျပ် ၁၁ သိန်းခန့် စျေးပြုတ်ကျသွားသည်။ ရွှေဈေးတက်ချိန်က ထားဝယ်ရွှေကုန်သည်များအပြင် ပွဲရုံပိုင်ရှင်များကပါ ရွှေအပိုင်းလိုက် ဝယ်ထိန်းထားကြသည့်အတွက် လက်ရှိဈေးကျချိန်တွင် ပိုက်ဘောမိနေကြသည်ဟု ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ဆိုသည်။ ၎င်းတို့မှာ တစ်ကျပ်သားလျှင် ၃၁ သိန်းဝန်းကျင် ဈေးပေါက်ချိန်က ဝယ်ယူထားကြကြောင်း ၎င်းက ပြောသည်။ […]


