လေးပတ်ဆက်ဈေးတက်ခဲ့သည့်ကြက်သွန် ဈေးပြန်ကျ
diz_admin
September 23, 2022ထားဝယ်တွင် ဩဂုတ်လ ၁၉ ရက်နေ့ကစပြီး စက်တင်ဘာလ ၉ ရက်နေ့အထိ လေးပတ်ဆက်တိုက် ဈေးတက်ခဲ့သည့် ကြက်သွန်နီဈေးမှာ စက်တင်ဘာ ၁၆ ရက်နေ့ကစပြီး ပြန်လည်ကျဆင်းကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ ဩဂုတ်လ ၁၉ ရက်က ထားဝယ် လက်လီလက်ကားဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာလျှင် ငွေကျပ် သုံးထောင် ကျော်မှစ၍ ဈေးတက်လာရာ စက်တင်ဘာလ ၉ ရက်နေ့တွင် ကြက်သွန်နီ တစ်ပိဿာဈေးမှာ လေးထောင်ငါးရာကျပ်အထိ ဖြစ်လာခဲ့သည်။ လေးပတ်ဆက်တိုက် ဈေးတက်သည့် ကြက်သွန်နီဈေးသည် ထားဝယ်ဈေးကွက်တွင် စက်တင်ဘာလ ၁၆ ရက်နေ့မှစ၍ တစ်ပိဿာ လေးထောင်ခန့်မှ စက်တင်ဘာ ၂၃ ရက်နေ့တွင် တစ်ပိဿာ ၃၅၀၀ ကျပ်အထိ ဈေးပြန်ကျလာခဲ့ကြောင်း ထားဝယ်မြို့ရှိ ကုန်ခြောက် လက်လီလက်ကားဈေးရောင်းချသူတစ်ဦးက ပြောသည်။ “ဈေးကျလာတာကတော့ တရုတ်ကြက်သွန် […]


