ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်မြို့အဝင်တွင် ခရီးသည်တင်ယာဉ်တိမ်းမှောက်၊ ယာဉ်နောက်လိုက်ဒဏ်ရာရ

diz_admin

September 18, 2022

ထားဝယ်မြို့အဝင် ဇဟာရွာလမ်းပိုင်းတစ်နေရာတွင် ယနေ့ မွန်းလွဲပိုင်းက ခရီးသည်တင်ယာဉ်တစ်စီး တိမ်းမှောက်ပြီး ယာဉ်နောက်လိုက်တစ်ဦး ဒဏ်ရာရကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ယနေ့ (စက်တင်ဘာ ၁၈) မွန်းလွဲ ၂နာရီခန့်တွင် မွန်ပြည်နယ် ရေးမြို့ဘက်မှ ထားဝယ်ဘက်သို့ မောင်းနှင်လာသည့် မီနီဘတ် ဟိုင်ကာအမျိုးအစား မှန်လုံယာဉ်မှာ လမ်းချော်ပြီး လမ်းဘေးဓါတ်တိုင်ကို ဝင်တိုက်မိကာ တိမ်းမှောက် ခဲ့ကြောင်း အထက်ပါအဖွဲ့၏ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ယင်းယာဉ်ပေါ်တွင် ယာဉ်မောင်း၊ ယာဉ်နောက်လိုက်နှင့် ခရီးသည်လေးဦးတို့ လိုက်ပါလာခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “လူကတော့ သေဆုံးတာမရှိဘူး။ ကားကတော့ လုံးဝပျက်စီးသွားတယ်” ဟု ဦးနိုင်မျိုးသွင်က ပြောဆိုသည်။ ယာဉ်နောက်လိုက်ဖြစ်သူ အမျိုးသားတွင် ညာဘက်ခြေသလုံး စုတ်ပြတ်ဒဏ်ရာရရှိခဲ့ပြီးကြောင်း ဇမ္ဗူသီရိ အရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ ဒဏ်ရာရရှိသူ ယာဉ်နောက်လိုက် […]

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ် ကျပ်ရှစ်ဆယ်ကျော်ဈေးတက်

diz_admin

September 18, 2022

ထားဝယ်ခရိုင်တွင် လျှပ်စစ်တစ်ယူနစ်လျှင် ငွေကျပ်ရှစ်ဆယ်ကျော် ဈေးတက်သွားကြောင်း လျှပ်စစ်သုံးစွဲသူအချို့ထံမှ သိရသည်။ ဩဂုတ်လအတွက် သုံးစွဲထားသည့် လျှပ်စစ်မီတာခအပေါ် တိုးမြှင့်ကောက်ခံခြင်းဖြစ်သည်။ ပြီးခဲ့သည့်ဇူလိုင်လအတွက် မီတာခကောက်ခံချိန်က တစ်ယူနစ်လျှင် ၃၄၂ ကျပ် ကောက်ခံခဲ့ပြီး ဩဂုတ်လအတွက် ကောက်ခံရာတွင် တစ်ယူနစ်လျှင် ၄၂၃ ကျပ် ကောက်ခံနေခြင်းဖြစ်သည်။ ဩဂုတ်လအတွင်း သုံးစွဲယူနစ်ကျသင့်ငွေကို ယခုလတွင် ကောက်ခံခြင်းဖြစ်သည်။ လက်ရှိ စီးပွားရေးကျပ်တည်းနေသည့်အချိန်တွင် မီတာခတိုးမြှင့်ကောက်ခံခြင်းမှာ တစ်ပူပေါ် တစ်ပူဆင့်စေကြောင်း ထားဝယ်မြို့ပေါ်ရပ်ကွက်နေ အိမ်ရှင်မတစ်ဦးက ပြောသည်။ ၎င်းအိမ်တွင် ယခင်လက သုံးစွဲသည့်ယူနစ်အတိုင်းပင် သုံးစွဲခဲ့သော်လည်း ယခုလကောက်ခံချိန်တွင် ငွေကျပ် တစ်သောင်းကျော် ပိုမိုပေးဆောင်လိုက်ရကြောင်း ဆိုသည်။ “ညဆိုလည်း မီးမှိတ်ပြီးနေတာ။ ယူနစ်က အရင်လနဲ့ တူတူပဲ။ စိတ်ညစ်တယ်။ အကုန် (ဈေး) တက်နေတာပဲ” ဟု အထက်ပါ အိမ်ရှင်မက […]

သဘော့ဆိပ်ပြင်ကြီးရွာသားတစ်ဦး ပစ်သတ်ခံရ

diz_admin

September 17, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁၇) နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၄၀ကျော်အရွယ် ဦးဇော်ဦးဆိုသူဖြစ်ပြီး ယနေ့နံနက် ၇နာရီခန့်တွင် လက်နက်ကိုင် လူတစ်စုက နေအိမ်ထဲသို့ ဝင်ရောက်ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်သံက နှစ်ချက်လောက်ပဲ ကြားလိုက်မိတယ်။ သူက ကရင်ကြီးရွာသား ပြင်ကြီးရွာက သူ့ခြံထဲမှာလာနေတာ။ အရင်ကတော့ ခြံစိုက်တာတွေရှိတယ်။ တခြားဘက်က သူဘာလုပ်လဲဆိုတာတော့ မသိရဘူး” ဟု ၎င်းက ဆိုသည်။ ဦးဇော်ဦး၏ ရုပ်အေလာင်းမှာ ယနေ့ နံနက် ၉ နာရီအထိ ၎င်း၏နေအိမ်၌ပင် ရှိနေသေးကြောင်း ဒေသခံများထံမှ သိရသည်။ ယင်းအမျိုးသားကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို Dawei Watch အနေဖြင့် […]

ဖမ်းဆီး‌ခေါ်ဆောင်ခံရသည့် ဘဝပင်ရွာသားကို သေဆုံးလျှက်ပြန်တွေ့

diz_admin

September 16, 2022

ထားဝယ်မြို့နယ်၊ ဝကုန်းကျေးရွာအုပ်စု ဘဝပင်ရွာတွင် စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် ရွာသားကို သေဆုံးလျှက်ပြန်တွေ့ရကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ဘဝပင်ရွာ ကျောက်သေတ္တာတောင်တွင် ပြည်သူကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့ပြီး‌နောက် ကျေးရွာဘုန်းကြီးကျောင်းနှင့် ကျောက်ဂူထဲတွင် ပုန်းခိုနေသည့် ဒေသခံရွာသား နှစ်ရာကျော်ကို စစ်တပ်က ဖမ်းဆီးထိန်းသိမ်းခဲ့သည်။ စက်တင်ဘာ ၁၃ ရက်ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းထားသည့် ဘဝပင်ရွာသားနှစ်ရာကျော်ကို ပြန်လွှတ်ပေးခဲ့သော်လည်း PDF နှင့် အဆက်အသွယ်ရှိသည်ဆိုသော ရွာသားတစ်ဦးကိုမူ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည်။ စစ်တပ်က ဖမ်းဆီးခေါ်ဆောင်သွားသည့် အမျိုးသား၏ ရုပ်အ‌လောင်းကို စက်တင်ဘာ ၁၅ ရက် ညနေပိုင်းတွင် ရွာအပြင်က မမကုလားဘုရားကျောင်းအနီး အမှိုက်ပုံတွင်ပြန်လည်တွေ့ရကြောင်း ဘဝပင်ရွာမှ စစ်ဘေးရှောင်များကို ကူညီပေးခဲ့သူ အမျိုးသားတစ်ဦးက ပြောသည်။ “သူက pdf မဟုတ်ဘူး၊ ဘုန်းကြီးလူထွက်၊ သူ့နာမည်က ကိုယ်တော်ကျော်မိုးဆိုခေါ်တယ်၊ […]

တနင်္သာရီတိုင်းအတွင်း အရပ်သားသေဆုံးသူ နှစ်ရာကျော်ရှိလာ

diz_admin

September 16, 2022

စစ်အာဏာသိမ်းကာလအတွင်း တနင်္သာရီတိုင်းတွင် အရပ်သား ၂၂၄ ဦး သေဆုံးကြောင်း အရပ်သား ထိခုက်မှု အခြေအနေကို သုတေသနပြုနေသည့် Southern Monitor အဖွဲ့၏ ထုတ်ပြန်ချက်အရ သိရသည်။ သေဆုံးသူများထဲတွင် သာမန်အရပ်သားများ အပါအဝင် ပျူစောထီး၊ စစ်တပ်သတင်းပေး၊ အုပ်ချုပ်ရေးမှူးအပါအဝင် PDF နှင့် ပတ်သက်သူများကိုလည်း ထည့်သွင်းရေတွက်ထားကြောင်း ယင်းအဖွဲ့က စက်တင်ဘာလ ၁၁ ရက်တွင် ထုတ်ပြန်ထားသည်။   အရပ်သားသေဆုံးသူ စာရင်းတွင် လက်နက်ကိုင်ဆောင်ဆောင်ထားသည့် စစ်ကောင်စီတပ်ဖွဲ့၊ ရဲတပ်ဖွဲ့၊ PDF၊ ERO အဖွဲ့ဝင်များအား ထည့်သွင်းထားခြင်း မရှိကြောင်း ရေးသားထားသည်။ အရပ်သားသေဆုံးမှုမှာ ပျူစောထီး၊ သွေးသောက်၊ စွန်ရဲ စသည့် စစ်ကောင်စီလက်ဝေခံ အဖွဲ့များ၏ လက်ချက်ကြောင့် သေဆုံးရသူများရှိသလို PDF အဖွဲ့အချို့၏ ပစ်ခတ်မှုကြောင့် သေဆုံးရသူများလည်း […]

တစ်ပတ်ကျော်ကြာဖမ်းဆီးခံရသည့် ဘဝပင်ရွာသားနှစ်ရာကျော်ပြန်လွတ်၊ တစ်ဦး မလွတ်သေး

diz_admin

September 15, 2022

ထားဝယ်မြို့နယ် ဘဝပင်ရွာတွင် တစ်ပတ်ကျော်ကြာ ဖမ်းဆီးထိန်းသိမ်းခံခဲ့ရသည့် ဒေသခံရွာသူ၊ရွာသား နှစ်ရာကျော် စက်တင်ဘာလ ၁၃ ရက် ည‌နေတွင် ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့က ပြောသည်။ စက်တင်ဘာလ ၆ ရက် နံနက်ပိုင်းက ဘဝပင်ရွာအနီး ကျောက်သေတ္တာတောင်တွင် ပြည်သူ့ကာကွယ်ရေးတပ်နှင့် စစ်ကောင်စီတပ်တို့ ထိတွေ့တိုက်ပွဲဖြစ်ပွားခဲ့သည်။ ယင်းနောက် ကျေးရွာဘုန်းကြီးကျောင်းတွင် လာရောက်ပုန်းခိုနေသည့် ဒေသခံရွာသား တစ်ရာကျော်ကို စစ်ကောင်စီတပ်က ယင်းနေ့ ညနေပိုင်းတွင် ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ စက်တင်ဘာလ ၇ ရက်နေ့တွင် ဘဝပင်ရွာ‌ရှိ အခြားနေရာနှစ်ခုတွင် ပုန်းအောင်းနေသည့် ဒေသခံ တစ်ရာကျော် ထပ်မံဖမ်းဆီးခံခဲ့ရကြောင်း ဒေသခံအချို့က ပြောသည်။ ဖမ်းဆီးထိန်းသိမ်းခံရသူ နှစ်ရာ‌ကျော်တွင် လက်လုပ်သေနတ် (တူမီး) ရှိသူ နှစ်ဦးကို စစ်တပ်က ရိုက်နှက်နှိပ်စက်မှုများ ပြုလုပ်ခဲ့ပြီး ယင်းနှစ်ဦးမှာ ရိုက်နှက်ခံရပြီး […]

အာယုဒါနအဖွဲ့၏ အောက်ဆီဂျင်စက်ချွတ်ယွင်းနေသဖြင့် လည်ပတ်မည့်ရက် မသိရသေး

diz_admin

September 15, 2022

ထားဝယ် အာယုဒါနအရေးပေါ်အောက်ဆီဂျင်လှူဒါန်းရေးအဖွဲ့ပိုင် စက်နှစ်လုံးမှာ ချွတ်ယွင်းနေသည့်အတွက် ပြန်လည် လည်ပတ်မည့် နေ့ရက်အတိအကျ မသိရသေးကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ တစ်ရက်လျှင် အောက်ဆီဂျင် ၄၀ လီတာအိုး ၁၀၀ ခန့် ထုတ်လုပ်ပေးနိုင်သည့် တရုတ်နိုင်ငံထုတ်စက်ကြီးမှာ ပြီးခဲ့သည့် စက်တင်ဘာ ပထမ ပတ်လောက်ကစပြီး စက်ချွတ်ယွင်းသွားကြောင်း ယင်းအဖွဲ့မှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ထို့ကြောင့် စက်ငယ်ဖြင့် အစားထိုးလည်ပတ်နေရာမှ အဆိုပါစက်ငယ်မှာလည်း အင်ဂျင်ဝိုင်လိုက်လာသောကြောင့် စက်တင်ဘာလ ၁၃ ရက်ကစပြီး အောင်စီဂျင်ထုတ်လုပ်မှုကို ရပ်နားထားရကြောင်း ၎င်းက ဆိုသည်။ “စက်ကြီးအတွက်က အပိုပစ္စည်း ဒီမှမရှိဘူး။ နိုင်ငံခြားက မှာရတဲ့အတွက် ပစ္စည်းလာတဲ့အချိန်ပေါ်မှာပဲ မူတည်တယ်။ စက်ငယ်အတွက်ကတော့ အင်ဂျင်နီယာ ခေါ်ထားတယ်။ တစ်ပတ်ဆယ်ရက်အတွင်း လာ‌မယ်လို့ပြောထားတယ်” ဟု အထက်ပါတာဝန်ရှိသူက ပြောဆိုသည်။ စက်ချွတ်ယွင်းနေသည့်ကာလအတွင်း ခရိုင်အတွင်းရှိ […]

ဗုံးပေါက်ကွဲမှုဖြစ်သည့် သရက်နှစ်ခွရွာစာသင်ကျောင်း ပြန်မဖွင့်နိုင်သေး

diz_admin

September 14, 2022

ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ သရက်နှစ်ခွရွာ အထက (ခွဲ) ကျောင်းတွင် ဗုံးပေါက်ကွဲမှုဖြစ်ပွားပြီး နှစ်ရက်ကြာသည်အထိ ကျောင်းမဖွင့်နိုင်သေးကြောင်း မြို့နယ်ပညာရေးမှူးရုံးထံက သိရသည်။ ယင်းကျောင်းတွင် စက်တင်ဘာလ ၁၂ ရက် ည ၇ နာရီခွဲခန့်က ဗုံးပေါက်ကွဲခြင်းဖြစ်ပြီး မျက်နှာကျက်များ၊ တံခါးရွက်များ၊ အုတ်နံရံနှင့် အဆောက်အအုံ၏ အစိတ်အပိုင်းအချို့ ပျက်စီးခဲ့ကြောင်း ယင်းရုံးထံမှ သိရသည်။ အဆိုပါကျောင်းတွင် မူလတန်းကျောင်း ကျောင်းသူ၊ ကျောင်းသား ၄၄ ဦးရှိပြီး အလယ်တန်းအဆင့်တွင် ၁၉ ဦး၊ အထက်တန်း အဆင့်တွင် ၁၈ ဦး စုစုပေါင်း ၈၁ ဦး ကျောင်းတက်နေသည့် ကျောင်းဖြစ်ကြောင်း အထက်ပါရုံးမှ တာဝန်ရှိသူတစ်ဦးက ပြောသည်။ ဗုံးပေါက်ပြီး နောက်တစ်ရက်တွင် စာသင်‌ကျောင်းထဲကို သက်ဆိုင်ရာက လာရောက်ကြည့်ရှုစစ်ဆေးပေးပြီး ဗုံးအကြွင်း အကျန်များ […]