ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထားဝယ်က နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ပြန်လည်ဖမ်းဆီးခံရ

diz_admin

September 12, 2022

ထားဝယ်နိုင်ငံရေးအကျဉ်းသားဟောင်း ကိုမျိုးမင်းဦး ယနေ့ (စက်တင်ဘာ ၁၂) မွန်းလွဲ ၂ နာရီခွဲခန့်တွင် ပြန်လည်ဖမ်းဆီးခံရကြောင်း ၎င်းနှင့် နီးစပ်သူတွေထံမှ သိရသည်။ ထားဝယ်နည်းပညာတက္ကသိုလ်ကျောင်းသား ကိုမျိုးမင်းဦးမှာ စစ်အာဏာသိမ်းမှုကို ဆန့်ကျင်ဆန္ဒပြကြောင့် ၂၀၂၁ ခုနှစ် မေလဆန်းပိုင်းတွင် ဖမ်းဆီးခံခဲ့ရပြီး ခြောက်လခန့်အကြာ အောက်တိုဘာလတွင် လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည်လွတ်မြောက်လာသူ ဖြစ်သည်။ ကိုမျိုးမင်းဦးကို ထားဝယ်မြို့ ခုံဝင်းဒြပ်ရပ်ကွက်ရှိ ၎င်း၏ အလုပ်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်များက ယနေ့ ပြန်လည် ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ထားဝယ်မြို့မှ ၎င်းနှင့်နီးစပ်သူ နိုင်ငံရေးအကျဉ်းသားဟောင်းတစ်ဦးက ပြောသည်။ ဖမ်းဆီးသွားသည့်အကြောင်းအရင်းကိုမူ သေသေချာချာ မသိရကြောင်း ကိုမျိုးမင်းဦးနှင့် နီးစပ်သူတို့က ပြောဆိုသည်။ ယင်းသို့ပြန်လည်ဖမ်းဆီးလိုက်သဖြင့် စိုးရိမ်မှုနှင့် မလုံခြုံမှုများကို ပိုမိုခံစားရလာစေကြောင်း အထက်ပါ ထားဝယ်မြို့မှ နိုင်ငံရေးအကျဉ်းသားက ပြောသည်။ “သူ့ကို စစ်ကောင်စီက ပြန်ဖမ်းလိုက်‌တော့ […]

ပန်းဒလဲရွာတွင် ပစ်ခတ်မှုဖြစ်၊ ပျူစောထီးများ ဒဏ်ရာရမှုများပြားနေဟုဆို

diz_admin

September 12, 2022

စစ်ကောင်စီလက်ဝေခံ ပြည်သူ့စစ်ခေါ် ပျူစောထီးအဖွဲ့များ အခြေစိုက်သည့် လောင်းလုံးမြို့နယ်၊ပန်းဒလဲရွာတွင် ယနေ့ (စက်တင်ဘာလ ၁၂) နေ့လယ်ပိုင်းက ပစ်ခတ်မှုဖြစ်ပွားခဲ့ပြီး ပျူစောထီးအဖွဲ့ဝင်များ ထိခိုက်ဒဏ်ရာရရှိမှုများနေကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ လောင်းလုံးမြို့တွင် အစည်းဝေးတက်ပြီး ပြန်လာသည်ဟုဆိုသည့် ပျူစောထီးအဖွဲ့ဝင်နှစ်ဦး ယနေ့ နေ့လယ် ၁၂ နာရီဝန်းကျင်ခန့်က အင်းဇောက်ရွာနှင့် ပန်းဒလဲရွာကြားတွင် ပစ်ခတ်ခံခဲ့ရသည်။ ယင်းနောက်တွင် မတ်လ ၂၈ ရက်နေ့က ပစ်သတ်ခံခဲ့ရ‌သော ပျူစောထီးအဖွဲ့ခေါင်းဆောင် ဦးသိန်းဇော်၏ နေအိမ်အနီး တွင်လည်း ပစ်ခတ်မှုများ ဆက်လက်ဖြစ်ပွားရာ ဒဏ်ရာရရှိသူများပြားနေသည်ဟု ဒေသခံများကပြောသည်။ ယင်းပစ်ခတ်မှုကြောင့် အစည်းဝေးမှပြန်လာသူ အမျိုးသားနှစ်ဦးအပါဝင်  ဦးသိန်းဇော်၏ ဇနီးဖြစ်သူ မညိုဝင်းနှင့် တူဖြစ်သူ မောင်နိုင်လင်းအောင်တို့ အပြင်းအထန်ဒဏ်ရာရရှိခဲ့ကြောင်း ဒေသခံတစ်ဦးကပြောသည်။ “အရေးပေါ်ကား ငါးခေါက်လောက်ရှိပြီ၊ သူတို့အိမ်ရှေ့ကပဲ သယ်ထုတ်နေကြတယ်”ဟု ၎င်းကပြောသည်။ အဆိုပါပစ်ခတ်မှုနှင့် ပတ်သက်၍ မည်သည့်အဖွဲ့က ပြုလုပ်သည်ဆိုသည်ကိုမူ Dawei Watch အနေဖြင့် အတည်မပြုနိုင်သေးပေ။ ပစ်ခတ်မှုဖြစ်ပြီးနောက် စစ်ကောင်စီတပ်ဖွဲ့ဝင်များ ကားသုံးစီးဖြင့် ရောက်ရှိလာပြီး စစ်ဆေးနေသည်ဟု ကနဦးသိရသည်။ ဒေသခံအချို့မှာလည်း နီးစပ်ရွာကျေးရွာများသို့ ထပ်မံ […]

မွေးထားတဲ့ တိရစ္ဆာန်တွေ ရောင်းပြေးကြရတော့

diz_admin

September 11, 2022

စစ်ကောင်စီတပ်နှင့် တော်လှန်ရေးအင်အားစုများအကြား တိုက်ပွဲများပြင်းထန်လာမှုနှင့်အတူ မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင်လည်း ရွာလုံးကျွတ် နေအိမ်စွန့်ခွာ ထွက်ပြေးရမှုများလည်း ပိုမိုများပြားလာနေသည်။ ဒေသခံများမှာ နေအိမ်စွန့်ခွာထွက်ပြေးကြရာတွင် မွေးမြူထားသည့် ကျွဲ၊ နွား၊ ကြက်၊ ဘဲ၊ ဝက် စသည့် တိရစ္ဆာန်များကို ထားရစ်ခဲ့ရသည်များရှိသလို ရရာဈေးဖြင့် ရောင်းချကာ ထွက်ပြေးကြသူများလည်းရှိသည်။ မွေးမြူထားသည့် တိရစ္ဆာန်များ ရောင်းချလိုက်မှုနှင့်အတူ လုပ်ငန်းများပျက်စီးသွားပြီး ရရှိသည်ငွေကြေးမှာလည်း ပြေးရင်းလွှားရင်းပင် စားစရိတ်ဖြင့် ကုန်သွားကြရသည်။ ယင်းကြောင့် ဒေသခံများမှာ ဒုက္ခများစွာဖြင့် စား၊ဝတ်၊နေရေးပင် ခက်ခဲနေကြရသည်။ ယင်းအခြေအနေများကို စာဖတ်သူများ သိရှိနိုင်စေရန်အတွက် ယခုအပတ် တနင်္သာရီပုံရိပ် အစီအစဉ်တွင် မေးမြန်းဖော်ပြအပ်ပါသည်။ “အကုန်လုံးအကြွေးနဲ့ ရောင်းလိုက်တယ်” ထားဝယ်-ထီးခီးလမ်း အရှေ့တောဒေသခံတစ်ဦး DW – ရွာမှာ တိုက်ပွဲဖြစ်ပွားမှုအခြေအနေကို ပြောပြပေးပါ။ ဖြေ – ဟုတ်တိုက်ပွဲဖြစ်တယ်။ […]

ထားဝယ်လူငယ်သပိတ်ကော်မတီဝင်နှစ်ဦး အဖမ်းခံရ

diz_admin

September 10, 2022

ထားဝယ်လူငယ်များ၏ တော်လှန်ရေးလှုပ်ရှားမှု သပိတ်ကော်မတီဝင် နှစ်ဦး အဖမ်းခံရကြောင်း ယင်းကော်မတီက ယနေ့ (စက်တင်ဘာ ၁၀) တွင် သတင်းထုတ်ပြန်သည်။ ထားဝယ်လူငယ်သပိတ်ကော်မတီက အသက် ၁၈ နှစ်အရွယ် ကိုအောင်ကိုကိုလွင်မှာ စက်တင်ဘာလ ၉ ရက်က လမ်းတစ်နေရာတွင် အဖမ်းခံပြီး အသက် ၂၀ ဝန်းကျင်အရွယ် ကိုဟိန်းဇေအောင်မှာ ထားဝယ်မြို့၊ ပုံကျွန်းလမ်းရှိ ၎င်း၏‌ နေအိမ်တွင် ဖမ်းဆီးခံရကြောင်း အထက်ပါ ကော်မတီမှ တာဝန်ရှိတစ်ဦးက ပြောသည်။ ကိုအောင်ကိုကိုလွင်မှာ မည်သည့်နေရာတွင် မည်သည့်အချိန်၌ အဖမ်းခံရသည်ဆိုသည်ကို မနေ့က ညပိုင်းအထိ အတိအကျ မသိသေးကြောင်း ၎င်းက ဆိုသည်။ သို့သော် ကိုအောင်ကိုကိုလွင်မှာ ယနေ့ နံနက် ၆နာရီခန့်တွင် လက်နောက်ပြန် လက်ထိပ်ခတ်ခံထားရပြီး ကိုဟိန်းဇေအောင်၏ နေအိမ်ရှေ့သို့ လာခေါ်ချိန်မှ ဖမ်းဆီးခံထားရသည်ကို […]

နဘုလယ် လဲရှောင်ရွာသားတစ်ဦးပစ်သတ်ခံရ

diz_admin

September 9, 2022

ရေဖြူမြို့နယ် နဘုလယ် လဲရှောင်ရွာတွင် ယမန်နေ့(စက်တင်ဘာ ၈ ) ညနေပိုင်းက အမျိုးသားတစ်ဦးပစ်သတ်ခံခဲ့ရသည်။ သေဆုံးသူမှာ လဲရှောင်ရွာသားဖြစ်ပြီး နအဖအစိုးရလက်ထက် ကျေးရွာအုပ်ချုပ်ရေးမှုးဟောင်းဖြစ်သူ အသက် ငါးဆယ်ကျော်အရွယ်ရှိ ဦးကြည်စိုးဆိုသူဖြစ်သည်။ ယင်းနေ့ညနေ ခြောက်နာရီခန့်က ဦးကြည်စိုးဆိုသူမှာ နေအိမ်ခြံဝင်းအတွင်း ရေချိုးနေစဉ် လက်နက်ကိုင်လူတစ်စုမှ လာရောက်ပစ်သတ် သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်ဒဏ်ရာက ဦးခေါင်းတည့်တည့်မှာပါ ပြီးတော့ ညာဖက်လက် လက်ခလယ် တစ်ချောင်းပြတ်နေတယ် “ဟု ၎င်းကပြောသည်။ ယင်းကျေးရွာ၏ လက်ရှိအုပ်ချုပ်ရေးမှုးမှာ ထွက်ပြေးတိမ်းရှောင်နေသဖြင့် ခြံရောင်း၊မြေရောင်း အရောင်းအဝယ်ကိစ္စရပ်များတွင် ဦးကြည်စိုးက အသိသက်သေအဖြစ် ဆောင်ရွက်ပေးလေ့ရှိကြောင်း ပြီးခဲ့သည့် အစိုးရလက်ထက်က တည်ဆောက်ခွင့်ကျထားသည့် ကျေးရွာစာသင်ကျောင်း တည်ဆောက်ရေးတွင်လည်း ရပ်ရွာသားတစ်ချို့နှင့် ပူးပေါင်း၍ ကြီးကြပ်ဆောင်ရွက်နေသူ တစ်ဦးလည်းဖြစ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ “သူက အုပ်ချုပ်ရေးမှုးလည်းလုပ်ဖူးတော့ အရောင်းအဝယ်ကိစ္စတွေမှာ […]

ကုန်ဈေးနှုန်းကြောင့် ထားဝယ်မုန့်လက်သုပ် ဈေးထပ်တက်

diz_admin

September 9, 2022

ကုန်ဈေးနှုန်း ကြီးလာခြင်းကြောင့် ထားဝယ်မုန့်လက်သုပ်ဈေးလည်း ထပ်တက်လာကြောင်း‌ ထားဝယ်ဒေသခံအချို့က ပြောသည်။ ထားဝယ်တွင် ယခင်က ၃၀၀ ကျပ်တန် မုန့်လက်သုပ်မှာ တစ်ပွဲ ၄၀၀ ဖြစ်လာပြီး ၄၀၀ ကျပ်ဖြင့်ရောင်းနေသည့်ဆိုင်တွင် တစ်ပွဲ ၅၀၀ ကျပ်ဖြစ်လာသည်ဟု မုန့်လက်သုပ် မကြာခဏဝယ်စားနေသည့် ထားဝယ်မြို့ခံ လူငယ်အမျိုးသမီးတစ်ဦးက ပြောသည်။ “လေးရာတန်ဆိုင်မှာဆို မုန့်လက်သုပ်က နှစ်လုတ်စာလောက်ပဲပါတယ်၊ ငါးရာတန်ဆိုင်မှာကတော့ ပုံမှန်တိုင်းပါတယ်၊ အရင်ကဆို မုန့်လက်သုပ်တစ်ပွဲစားရင် ဝသွားတာပဲ၊ အခုက နှစ်ပွဲလောက်စားမှ ဝဝလင်လင်စားရတယ်” ဟု ၎င်းကဆိုသည်။ မုန့်လက်သုပ်ဈေးတက်လာသည်မှာ ကုန်ဈေးနှုန်းများ သိသိသာသာ တက်လာသည့်အချိန်မှ စတင်တက်လာခြင်းဖြစ်ကြောင်း မုန့်လက်သုပ်စားသုံးသူ အချို့ကပြောသည်။ ငါးဥနှင့် မုန့်လက်သုပ်မှာ ယခင်က တစ်ပွဲလျှင် ငွေကျပ် ၇၀၀ မှ ၈၀၀ ခန့်သာပေးရသော်လည်း ယခုအခါ ငါးဥဖြင့် […]

ငွေလွှဲ၊ ငွေထုတ်ပါက အချက်အလက်များဖြည့်၍ မှတ်ပုံတင်ပြရမည်ဟု Wave Money ထုတ်ပြန်

diz_admin

September 8, 2022

မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှုစနစ် တစ်ခုဖြစ်သည့် wave money ဖြင့် ငွေလွှဲ၊ငွေထုတ်မည်ဆိုပါက မှတ်ပုံတင်ကို မဖြစ်မနေ ယူလာပြီး အချက်အလက်အပြည့်အစုံကို ဖြည့်စွက်ရမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက ယနေ့ (စက်တင်ဘာ ၈ရက်)တွင် ထုတ်ပြန်လိုက်သည်။ စည်းမျဉ်းစည်းကမ်းများအရ ၀န်ဆောင်မှုလုပ်ငန်းများ ပိုမိုလုံခြုံစိတ်ချရစေရန် လုံခြုံရေးအဆင့်မြှင့်တင်နေကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းသို့အဆင့်မြှင့်တင်ထားသည့်အတွက် ငွေလွှဲငွေထုတ် ဝန်ဆောင်မှုအသုံးပြုသူများအနေဖြင့် မှတ်ပုံတင် မဖြစ်မနေယူလာရန်လိုအပ်ကြောင်း ထုတ်ပြန်ချက်က ဆိုသည်။ ဆိုလိုသည်မှာ မှတ်ပုံတင်မပါရှိပါက wave money ဖြင့် ငွေလွှဲ ငွေထုတ်၍မရတော့ပေ။ ထိုကဲ့သို့ သတ်မှတ်လိုက်ခြင်းကြောင့် ငွေလွှဲငွေထုတ်ရာတွင် စိတ်အနှောင့်အယှက်ဖြစ်ရကြောင်း ထားဝယ်မြို့နေ wave money အသုံးပြုသူ အမျိုးသမီးတစ်ဦးက ဆိုသည်။ “အလုပ်ရှုပ်တာ သက်သာချင်လို့ wave သုံးတာပါ။ မှတ်ပုံတင်ဆိုတာကလည်း အမြဲယူသွားဖို့က အဆင်မပြေဘူး”ဟု အဆိုပါ အမျိုးသမီးက ပြောသည်။ ဘဏ်မှတစ်ဆင့် ငွေလွှဲငွေထုတ်ပါက မှတ်ပုံတင်ယူဆောင်သွားရသည့်အတွက် အလုပ်ရှုပ်သက်သာသည့် wave ကို အသုံးပြုနေခြင်းဖြစ်ကြောင်း ၎င်းကဆိုသည်။ မိုဘိုင်းလ်ငွေကြေးဝန်ဆောင်မှု […]

ခဲသတ္တု ပြင်ပပေါက်ဈေးမငြိမ်

diz_admin

September 8, 2022

ထားဝယ်အရှေ့တောနယ်မှ ထွက်ရှိသည့် ခဲသတ္တုဈေးနှုန်းမှာ ဈေးတည်ငြိမ်မှုမရှိဘဲ အတက်အကျများနေကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ဝမ်းရေးအတွက် တစ်နိုင်တစ်ပိုင် ခဲထုတ်လုပ်(ဒေသအခေါ် ခဲယင်းသူ)သူများက ပြင်ပဝယ်လက်များထံ ရောင်းချသည့် ဈေးနှုန်းမှာ မတည်ငြိမ်ဖြစ်‌နေခြင်းဖြစ်သည်။ ဩဂုတ်လနှောင်းပိုင်းက ခဲသတ္တု ၈၀ ရာခိုင်နှုန်းပါ ခဲတစ်ပိဿာ စျေးနှုန်းမှာ အရှေ့တောကျေးရွာများတွင် ၅၀၀၀၀ ကျပ် ပေါက်ဈေးရှိပြီး ထားဝယ်မြို့ပေါ်တွင် ၅၅၀၀၀ကျပ်ဖြစ်ကြောင်း ခဲရောင်းသည့် ဒေသခံအချို့ထံမှ သိရသည်။ ယခုလဆန်းတွင်မူ ကျေးရွာများတွင် ၄၈၀၀၀ ကျပ်နှင့် ထားဝယ်မြို့ပေါ်တွင် ၅၃၀၀၀ ကျပ် ပေါက်ဈေးရှိနေသည်ဟု ဆိုသည်။ လက်ရှိတိုက်ပွဲဖြစ်နေသော ထားဝယ်အရှေ့တော ကျေးရွာများဖြစ်သည့် ဟိန္ဒား၊ ကျောက်မဲတောင်၊ ဘဝပင် တောင်သုံးလုံး အစရှိသည့်ကျေးရွာ အနီးတစ်ဝိုက်တွင် ခဲသတ္တုထုတ်လုပ်ကြသည်။ မြို့ပေါ် ခဲသတ္တုပေါက်ဈေးမှာ ထားဝယ်မြို့နှင့် နယ်ကျေးရွာအကြား လမ်းခရီးတွင် စစ်ဆေးမှု(လမ်းကြောင်း) […]