ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ယနေ့ရွှေစျေး ကျပ်သိန်း ၃၀ ဝန်းကျင်ဖြင့်ဖွင့်၊ စျေးအပြောင်းအလဲများနေဟုဆို

diz_admin

September 3, 2022

စျေးအတက်အကျ မြန်နေသဖြင့် ရွှေဈေးအတိအကျပြောပြီး ရောင်းဝယ်ရန် အခက်တွေ့ကာ ယနေ့ရွှေအဖွင့်စျေးမှာ ကျပ် သိန်း ၃၀ ဝန်းကျင်ရှိကြောင်း ထားဝယ်မြို့ရှိ ရွှေဆိုင်ပိုင်ရှင်အချို့ကဆိုသည်။ ယမန်နေ့က ‌ဥပုသ်နေ့ဖြစ်သောကြောင့် ထားဝယ်မြို့ရှိ ရွှေဆိုင်အများစု ပိတ်ထားခဲ့ပြီး ယနေ့နံနက်ပိုင်းတွင် ရွှေအဖွင့်စျေး မေးမြန်းသူများပြားနေကြောင်း ၎င်းတို့ကဆိုသည်။ ယင်းကဲ့သို့ ဖုန်းဆက်သူများကို ယခင်ကကဲ့သို့ ရွှေဈေးအတိအကျပြောဆိုရန် အခက်တွေ့နေကြောင်း ဈေးကြီးတောင်ဖက်ရှိ ရွှေဆိုင်ပိုင်ရှင်တစ်ဦးက ယနေ့နံနက် ၉ နာရီခန့်တွင် ပြောဆိုသည်။ “ဖုန်းဆက်ပြီးမေးရင် ဈေးမပြောရဲဘူး။ ဘာဖြစ်လို့လဲဆိုတော့ ရွှေဈေးက တစ်မီနစ်အတွင်းမှာကို အမျိုးမျိုးပြောင်းနေတာ။ ဈေးပြောလိုက်ရင် ပြောတုန်းကတစ်မျိုး လာဝယ်တော့တစ်မျိုးဆိုပြီး ဆိုင်ကို အထင်လွဲခံရမှာစိုးလို့ပါ။ အဲ့ဒါကြောင့် ဆိုင်ရောက်မှပဲဈေးပြောပြီး ကြိုက်ရင်ဝယ်ဆိုတဲ့ ပုံစံမျိုးဖြစ်နေတယ်” ဟု ၎င်းကဆိုသည်။ ယနေ့နံနက် ၉ နာရီဝန်းကျင်က ဈေးကြီးတောင်ဘက်ရှိ ရွှေဆိုင် ၃ […]

ထားဝယ်ခရိုင်တွင် မနက်ဖြန် အချိန်ပိုင်းမီးပြတ်မည်

diz_admin

September 3, 2022

ထားဝယ်ခရိုင်၌ မနက်ဖြန် စက်တင်ဘာလ ၄ ရက်တွင် အချိန်ပိုင်း လျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း မြို့နယ်လျှပ်ဓာတ်အားဖြန့်ဖြူးရေးလုပ်ငန်းနှင့် Petro and Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။ နံနက် ၁၀ နာရီမှ မွန်းလွဲ ၂ နာရီအထိ လေးနာရီကြာ ပြတ်တောက်မည်ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ကံပေါက်ဒေသရှိ သဘာဝဓာတ်ငွေ့သုံး ဓာတ်အားပေးစက်ရုံအားပိတ်ပြီး အရေးပေါ် ပြုပြင်ထိန်သိမ်းရေးလုပ်ငန်း လုပ်ဆောင်မည်ဖြစ်သောကြောင့် အချိန်ပိုင်းလျှပ်စစ်မီးပြတ်တောက်မည်ဖြစ်ကြောင်း ဖော်ပြထားသည်။ ပြုပြင်ထိန်းသိမ်းရေးလုပ်ငန်းလုပ်ဆောင်နေစဉ်အတွင်း ဒီဇယ်ဆီသုံး အရံအင်ဂျင်များဖြင့် လျှပ်စစ်မီးပေးထား‌စေလိုကြောင်း ထားဝယ်ဒေသခံအချို့က ပြောသည်။ ကုမ္ပဏီဘက်ကမူ အရံမီးစက်ဖြင့် မီးပေး၊ မပေးကို ထုတ်ပြန်ထားခြင်း မရှိပေ။ ထားဝယ်ခရိုင်တွင် သစ်ပင်၊ သစ်ကိုင်း ကျိုးကျခြင်း၊ ဓာတ်တိုင်လဲကျခြင်းတို့ကြောင့် လျှပ်စစ်မီးပြတ်တောက်မှု မကြာခဏဖြစ်ပွားလျှက်ရှိသည်။ လျှပ်စစ်မီတာခမှာလာလည်း အာဏာသိမ်းပြီးနောက်ပိုင်း တရိပ်ရိပ်မြင့်တက်လျှက်ရှိရာ ဇူလိုင်လကုန်တွင် တစ်ယူနစ် […]

ထားဝယ်ခရိုင် လျှပ်စစ်မီတာခ တရိပ်ရိပ်တက်လာ၊ တစ်ယူနစ် သုံးရာကျော်ပြီ

diz_admin

September 1, 2022

ထားဝယ်ခရိုင် လျှပ်စစ်မီတာခဈေးနှုန်းသည် အာဏာသိမ်းပြီးနောက်ပိုင်း လစဉ်နီးပါး တရိပ်ရိပ်ဈေးတက်လာနေပြီး ဇူလိုင်လအတွက် သုံးစွဲခမှာမူ တစ်ယူနစ် ၃၄၂ ကျပ်အထိ ဖြစ်လာသည်။ ထားဝယ်ခရိုင်သည် အာဏာသိမ်းပြီးနောက်ပိုင်း အခြားပြည်နယ်နှင့် တိုင်းများကဲ့သို့ လျှပ်စစ်ဓာတ်အား ပြတ်တောက်မှု မရှိသော်လည်း မီတာခဈေးနှုန်းကို အဆများစွာပိုပေးပြီး လျှစ်စစ်မီးအသုံးပြုနေရခြင်းဖြစ်သည်။ အာဏာမသိမ်းခင်တစ်လအလို ၂၀၂၁ ခုနှစ် ဇန်နဝါရီလတွင် တစ်ယူနစ် ၂၁၀ ကျပ်သာရှိသော်လည်း အာဏာသိမ်းပြီး ၁၈ လ (တစ်နှစ်နဲ့ ခြောက်လ) အကြာ ၂၀၂၂ ခုနှစ် ဇူလိုင်တွင်မူ တစ်ယူနစ် ၃၄၂ ကျပ်သို့ မြင့်တက်သွားခဲ့သည်။ အာဏာမသိမ်းခင်ကထက် တစ်ယူနစ် ၁၃၂ ကျပ် ကွာဟမြင့်တက်သွားခြင်းဖြစ်သည်။ လက်ရှိထားဝယ်ခရိုင်အား လျှပ်စစ်မီးဓာတ်အားဖြန့်ဖြူးနေသော Petro and Trans ကုမ္ပဏီသည် NLD အစိုးရလက်ထက် ၂၀၂၀ […]

လောင်းလုံး ညောပြင်ရွာတွင် ဓားပြတိုက်ခံရ၊ ကျပ်သိန်းထောင်ချီပါသွားဟုဆို

diz_admin

September 1, 2022

လောင်းလုံးမြို့နှင့် မိုင် ၃၀ကျော်အကွာတွင်ရှိသည့် ညောပြင်ကျေးရွာတွင် အရပ်ဝတ်လက်နက်ကိုင်လူတစ်စုက ဒေသခံ ရေလုပ်သား အိမ်တစ်ဆောင်အား ဩဂုတ်လ ၃၁ရက်ညက ဝင်ရောက်ဓားပြတိုက်သွာကြောင်း ဒေသခံအချို့က ပြောသည်။ ဓားပြတိုက်ခံရမှုကြောင့် ရွှေနှင့် ငွေသား ကျပ်သိန်း တစ်ထောင်‌ဖိုးခန့် ပါသွားကြောင်း ဓားပြတိုက်ခံရသည့် မိသားစုနှင့် ရင်းနှီးသည့် ဒေသခံတစ်ဦးက ပြောသည်။ လောင်းလုံးမြို့နယ်တွင် မကြာခဏဖြစ်ပွားနေသည့် ဓားပြတိုက်မှုများသည် ရက်အတော်ကြာ ပျောက်ကွယ်နေရာမှ ယခုတဖန်တကျော့ပြန် ဖြစ်ပွားလာခြင်းဖြစ်သည်။ ညောပြင်ရွာသည် ဒေသတွင်းနာမည်ကျော် ဖိုးဖိုးကျောက်ကမ်းခြေတည်ရှိသည့်ကျေးရွာတစ်ရွာဖြစ်သည်။ “သူတို့မှာ အရင်က ပရိုဘောက်လားမသိဘူး ကားတစ်စီးရှိတယ်။ အဲဒီကားကို ရောင်းပြီးတော့ ရွှေတွေဝယ်ထားတာ မကြာသေးဘူး။ အဲဒါကို တိတိကျကျသိတဲ့သူက သတင်းပေးပြီး တိုက်တာဖြစ်မယ်” ဟု ဓားပြတိုက်ခံရသည့် မိသားစုနှင့် ဆွေမျိုးတော်စပ်သူတစ်ဦးက ဆိုသည်။ လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ကမူ ၎င်းဓားမြတိုက်မှုကို စစ်ကောင်စီတပ်ဖွဲ့ဝင်နှင့် […]

ခင်ပွန်းဖြစ်သူ ပစ်သတ်ခံရပြီးတစ်နှစ်အကြာတွင် ဇနီးဖြစ်သူ ပစ်ခတ်ခံရ

diz_admin

September 1, 2022

လောင်းလုံးမြို့နယ် သဘော့ဆိပ်ပြင်ကြီးရွာတွင် ယနေ့ (စက်တင်ဘာ ၁) နံနက်စောစောပိုင်းက အသက် ၄၀ ဝန်းကျင် အရွယ်ရှိ အမျိုးသမီးတစ်ဦး သေနတ်ဖြင့်ပစ်ခတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်ခတ်ခံရသူမှာ ယင်းကျေးရွာ အုပ်ချုပ်ရေးမှူး ဦးဇော်မျိုးဦး၏ဇနီး ဒေါ်မီးဝေ ဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဦးဇော်မျိုးဦးမှာလည်း ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် ပစ်သတ်ခံခဲ့ရသည်။ ယနေ့ နံနက် ၅နာရီခန့်တွင် အမည်မသိ လက်နက်ကိုင်လူတစ်စုက ဒေါ်မီးဝေ နေအိမ်ပေါ်သို့ တက်ပြီး သေနတ်ဖြင့် ပစ်ခတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “သေနတ်နဲ့ တစ်ချက်ပစ်သွားတယ်လို့ ပြောတယ်” ဟု၎င်းက ပြောဆိုသည်။ သို့သော် ဒေါ်မီးဝေကို မည်သည့်အဖွဲ့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်ခတ်သွားခဲ့သည်ကို Dawei Watch အနေဖြင့် သီးခြားအတည်မပြုနိုင်သေးပေ။ PDF အဖွဲ့နှစ်ဖွဲ့ဖြစ်သည့်လောင်းလုံးမြို့နယ် ပြည်သူကာကွယ်ရေးတပ်ဖွဲ့ […]

ထားဝယ်ဈေးကွက်ထဲ ကျပ်ငွေအတုများတွေ့လာ

diz_admin

August 31, 2022

တစ်သောင်းတန်၊ ငါးထောင်တန် ကျပ်ငွေအတု ထားဝယ်ဈေးကွက်တွင် အသုံးပြုလာသည်ကို တွေ့ရှိလာရကြောင်း ကိုယ်တိုင်ကြုံတွေ့ရသည့် ဒေသခံများထံမှ စုံစမ်းသိရှိရသည်။ Dawei Watch ၏စုံစမ်းမေးမြန်းချက်အရ ဩဂုတ်လ နောက်ဆုံးအပတ်အတွင်း ငါးထောင်ကျပ်တန်ငွေစက္ကူအတု တွေ့ရှိမူ နှစ်ကြိမ်ရှိကြောင်း သိရသည်။ ပထမတစ်ကြိမ် ကုန်စုံဆိုင်တစ်ဆိုင်တွင် မျက်နှာစိမ်းအမျိုးသမီးတစ်ဦးက ငါးထောင်ကျပ်တန် ငွေစက္ကူအတုတစ်ရွက်ဖြင့် ဈေးလာဝယ်ခဲ့ပြီး နောက်တစ်ကြိမ်မှာမူ ငွေစက္ကူအထပ်လိုက်ထဲတွင် ရောပါလာခြင်းဖြစ်သည်။ ပထမအကြိမ်တွင် ငွေအတုအစစ်ခွဲခြားသည့် ဓာတ်မီးဖြင့်စစ်ဆေးတွေ့ရှိပြီး ဒုတိယအကြိမ်တွင်မူ ငွေအတုအစစ်ခွဲနိုင်သည့် ငွေရေစက်ဖြင့် စစ်ရာမှ တွေ့ရှိခြင်းဖြစ်ကြောင်း ကိုယ်တိုင်ကြုံတွေ့ရသူ ထားဝယ်ဒေသခံတို့က ပြောဆိုကြသည်။ “ကျွန်တော်ကတော့ လာဝယ်တဲ့သူကိုခေါ်ပြီး (ငွေစက္ကူအတုကို) ပြန်ပေးလိုက်တယ်။ အတုလည်းဝယ်လို့ရတာပဲ လို့ပြောပြီးပြန်သွားတယ်” ဟု ကိုယ်တိုင်ကြုံတွေ့ရသူ တစ်ဦးက ဆိုသည်။ ပြီးသည့် ငါးလဝန်းကျင်ကလည်း ထားဝယ်ဒေသရှိ ဆောက်လုပ်ရေး လုပ်သားများအား လစာရှင်းပေးမည့် ငွေစက္ကူများအနက် တစ်သောင်းတန်ငွေစက္ကူအတု […]

ထားဝယ်ထောင်တွင် အစားအသောက် ကျွေးမွေးမှု ပမာဏ လျှော့ချ

diz_admin

August 31, 2022

အထွေထွေကုန်စျေးနှုန်း ကြီးမြင့်လာမှု အကျိုးဆက်အဖြစ် ထားဝယ်ထောင်အတွင်း အစားအသောက် ကျွေးမွေးရာတွင် ခွဲတမ်းများ လျှော့ချလာကြောင်း အကျဉ်းသားများနှင့် နီးစပ်သူများ ထံမှ သိရသည်။ ထားဝယ်ထောင်အတွင်း အကျဉ်းသားတစ်ဦးလျှင် တစ်ရက် ၉၇၅ ကျပ် နှုန်းဖြင့် တွက်ချက်ပြီး သုံးနပ်ကျွေးမွေးလျက်ရှိသည်။ နံနက်ပိုင်းတွင် ဆန်ပြုတ် သို့မဟုတ် ထမင်းကြော်၊ နေ့လယ်ပိုင်းတွင် ပဲဟင်းနှင့် ထမင်းဖြူ၊ ညနေပိုင်းတွင် တစ်ပတ်လျှင် ကြက်သား နှစ်ရက်၊ ငါးတစ်ရက်၊ ကြက်ဥ တစ်ရက် ကျွေးမွေးသည်။ ကျန်ရက်တွင် အသီးအရွက် ဟင်းချိုတစ်မျိုးမျိုးဖြင့် ကျွေးမွေးသည်။ “အခုတော့ အစားအသောက် ခွဲတမ်းတွေ နည်းလာပါတယ်။ ကြက်သားတုံးတွေ ငယ်လာပါတယ်။ ငါးတွေကို စားမကောင်းတဲ့၊ မလတ်ဆတ်တဲ့ မွေးမြူရေး ငါးတွေကိုပဲ ကျွေးပါတယ်”ဟု အကျဉ်းသား မိသားစု ဝင်တစ်ဦးက ထားဝယ်ထောင်တွင်း […]

ထားဝယ်တွင် ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ကျော်ဖြင့် အရောင်းအဝယ်ဖြစ်ဟုဆို

diz_admin

August 30, 2022

စစ်ကောင်စီက ရွှေလုပ်ငန်းရှင်များကို ရည်ညွှန်းဈေးအတိုင်းသာ ရောင်းချရန်ပြောဆိုထားသော်လည်း ပြင်ပဈေးကွက် တွင် အခေါက်ရွှေတစ်ကျပ်သား ကျပ်သိန်း ၃၀ ကျော်ဖြင့်သာ အရောင်းအဝယ်ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေဆိုင်လုပ်ငန်းရှင်အချို့က ပြောသည်။ ပြီးခဲ့သည့်ရက်ပိုင်းက ရွှေလုပ်ငန်းရှင်များကို စစ်ကောင်စီက ခေါ်ယူတွေ့ဆုံခဲ့ပြီး ရည်ညွှန်းဈေးအတိုင်းသာ ရောင်း ချရန် ပြောဆိုထားသော်လည်း ထားဝယ်တွင် ရန်ကုန်က ဈေးဖွင့်သည့် ပြင်ပပေါက်ဈေးအတိုင်းသာ အရောင်းအဝယ် ဖြစ်နေကြောင်း ထားဝယ်မြို့မှ ရွှေလုပ်ငန်းရှင်အချို့က ဆိုသည်။ ရန်ကုန်တိုင်း ရွှေလုပ်ငန်းရှင်များအသင်းက ယနေ့ (ဩဂုတ် ၃၀) အခေါက်ရွှေတစ်ကျပ်သားကို ၂,၀၃၄,၀၀၀ ကျပ်ဖြင့် ရည်ညွှန်းဈေးထုတ်ပြန်ထားသောလည်း ယနေ့ ညနေ ၃ နာရီခွဲခန့်တွင် ပြင်ပဈေးကွက်တွင် အရောင်းအဝယ် လုပ်နေ သည့် ပေါက်ဈေးမှာ တစ်ကျပ်သား ၃,၁၂၀,၀၀၀ အထိဖြစ်နေကြောင်း ၎င်းတို့ထံမှ သိရသည်။ ယနေ့ […]