ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ထိုင်းထုတ် အသင့်စား ခေါက်ဆွဲနှင့် ကြာဇံထုတ်များ ဈေးနှစ်ဆတက်

diz_admin

September 7, 2022

ထားဝယ်တွင် ယခင်က ကျပ် ၂၅၀ ဝန်းကျင်ဖြင့် ပေးဝယ်ရသော မျက်လုံးပုံတံဆိပ် မာမားနှင့် ကြာဇံတစ်ထုတ်ဈေးမှာ ယခု ဈေးနှစ်ဆတက်သွားကာ ကျပ် ၅၀၀ ကျော် ပေးဝယ်နေကြရသည်။ ပြည်ပမှ တင်သွင်းရသည့် အသင့်စားကုန်နှစ်မျိုးဖြစ်သည့် မာမားနှင့် ကြာဇံ တစ်ထုတ်ဈေးနှုန်းမှာ ပြီးခဲ့သည့် မေလက လက်လီ/လက်ကားဈေးကွက်တွင် တစ်ထုတ်ကို ၂၅၀ ကျပ်ရှိရာမှ ယနေ့ စက်တင်ဘာလ ၇ ရက်တွင် ၅၅၀ ကျပ် ဖြစ်နေကြောင်း ထားဝယ်မြို့တွင် လက်လီလက်ကားရောင်းချသူတစ်ဦးက ပြောသည်။ “အန်တီ‌ဆို အခုဝယ်မရောင်းတော့ဘူး။ ဈေးကြီးလို့ ကိုယ်စားချင်ရင်တော့ တခြားဆိုင်မှာ ဝယ်စားလိုက်ပါတယ်” ဟု ၎င်းက ဆိုသည်။ စက်သုံးဆီဈေး မြင့်တက်လာမှု‌ကြောင့် သယ်ယူစရိတ်ဈေးတက်လာသည့်အပြင် မြန်မာငွေတန်ဖိုး ကျဆင်းလာမှုတို့ကြောင့် ပြည်ပသွင်းကုန်များ ဈေးမြင့်တက်လာခြင်းဖြစ်ကြောင်း ဈေးကွက်အတွင်းမှ သိရသည်။ […]

အဝယ်နည်းပြီး အရောင်းများနေသည့် ထားဝယ်ဆိုင်ကယ်စျေးကွက်

diz_admin

September 7, 2022

သွားလာရေးအတွက် ဆိုင်ကယ်သာအားပြုစီးနင်းကြသည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်း၏ ဆိုင်ကယ်စျေးကွက်မှာ ရောင်းလိုသူများနေပြီး ဝယ်သူနည်းပါးနေသည်။ လူတစ်ဦးလျှင် ဆိုင်ကယ်တစ်စီးနှုန်း အနည်းဆုံးရှိနေသည့် တနင်္သာရီတိုင်းတွင် စစ်အာဏာသိမ်းပြီး နောက်ပိုင်းဖြစ်ပေါ်လာသည့် ပဋိပက္ခနှင့်မလုံခြုံမှုများ၊ ဘတ်စျေးမြင့်မားမှုနှင့် စီးပွားရေးကျဆင်းပြီး အလုပ်အကိုင်ရှားပါးလာမှုတို့မှာ ဆိုင်ကယ်စျေးကွက်ကို ရိုက်ခတ်မှုဖြစ်ပေါ်လာစေသည်။ တနင်္သာရီတိုင်းတွင် လူငယ်အများအပြားမှာ ဖမ်းဆီးခံရမည့်ဘေးကြောင့် ထွက်ပြေးတိမ်းရှောင်နေခြင်း၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များသို့ဝင်ရောက်သွားခြင်းနှင့် ထိုင်းနိုင်ငံသို့ထွက်ခွာကာ အလုပ်သွားရောက် လုပ်ကိုင်ကြခြင်းတို့ကြောင့်လည်း ပိုနေသည့် ဆိုင်ကယ်များကို ပြန်ရောင်းလာကြသည်။ ထားဝယ်မြို့တွင်လည်း လူငယ်များ ထိုင်းသို့သွားရောက်ကြသဖြင့် အိမ်အချို့တွင် ဆိုင်ကယ်စီးမည့်သူ တစ်ဦးသာရှိသော်လည်း ဆိုင်ကယ် ၃ စီးခန့်ဖြစ်နေသဖြင့် ပြန်ရောင်းလိုသူများ ရှိနေသည်။ ဈေးကွက်အရွေ့ ထားဝယ်တွင် ဆိုင်ကယ်အရောင်းအဝယ် အေးနေသဖြင့် ဆိုင်ကယ်ရောင်းသူများမှာ အခြားတိုင်းနှင့်ပြည်နယ်သို့ရောင်းချသည့် ဈေးကွက်က ပိုမိုမှီခိုလာကြသည်။ ယခင်ကမူ တိုင်းပြင်ပကို ရောင်းချမှုနည်းပါးလှသော်လည်း တိုင်းအတွင်း အရောင်းအဝယ် ကျဆင်းနေသည့်အပြင် […]

ထားဝယ်တွင် ဆားဈေး ၂၀၀ ခန့်ထပ်တက်

diz_admin

September 6, 2022

ထားဝယ်တွင် ဆားဈေး ကျပ် ၂၅၀ ခန့်ထပ်တက်လာကြောင်း သရက်ချောင်းမြို့နယ်မှ ဆားချက်တောင်သူအချို့က ပြောသည်။ ယခုနှစ် မေလ နွေရာသီက မီးချက်ဆား တစ်ပိဿာ ငွေကျပ် ၅၀၀ ခန့်သာရှိသော်လည်း ယခု စက်တင်ဘာလတွင် တစ်ပိဿာ ၇၅၀ ကျပ်ခန့်အထိဖြစ်လာသည်ဟု သရက်ချောင်းမြို့နယ် ပြင်းဖြူကြီးကျေးရွာမှ ဆားချက်တောင်သူ မမြင့်စန်းက ပြောသည်။ “ဆားကလည်း မရှိဘူး၊ တခြားကုန်ဈေးနှုန်းတွေကလည်း အဆမတန်တက်နေတယ်၊ ကိုယ်က ၅၀၀ ဈေး၊ ၆၀၀ ဈေးနဲ့ရောင်းထုတ်လိုက်လည်း အခုက ဆီဘူးတစ်လုံးဖိုးပဲ ရတာကိုး၊ အဲတော့ ကိုယ့်မျှတည်း(ကိုယ်တစ်ယောက်တည်း) သက်သာနေလည်း မရဘူးလေ၊ ခုက ချည်ပေါင်ရွက်၊ ကန်စွန်းရွက်ကအစ ဈေးကတက်နေတော့ ကိုယ့်ဘက်ခြမ်းကလည်း အဆင်ပြေသလိုမျိုး တက်ရတာပဲ” ဟု ၎င်းကဆိုသည်။ နယ်ဘက်ခြမ်းတွင် ထိုင်းနိုင်ငံထုတ် စားသုံးဆီ (ပဲပိစပ်ဆီ) တစ်လီတာလျှင် […]

ထားဝယ်-ထီးခီးလမ်းပိုင်းကို တစ်လပိတ်၊ မသင်္ကာဖွယ်ရာများကို ပစ်ခတ်မည်ဟုသတိပေး

diz_admin

September 6, 2022

ထားဝယ်-ထီးခီး အရှေ့တောနယ်လမ်းပိုင်းကို တစ်လပိတ်လိုက်ပြီး မသင်္ကာဖွယ်ရာများအားလုံးကို ပစ်ခတ်ရှင်းလင်း မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးက ယနေ့ (စက်တင်ဘာ ၆) သတိပေးစာ ထုတ်ပြန်လိုက်သည်။ အဆိုပါ လမ်းကြောင်းကို စက်တင်ဘာ ၆ ရက်မှစတင်ကာ အောက်တိုဘာ ၅ ရက်နေ့အထိ တစ်လပိတ်မည်ဖြစ်ပြီး နံနက် ၆နာရီမှ ညနေ ၆နာရီအတွင်း (လုံးဝ) ဖြတ်သန်းသွားလာခြင်းမပြုကြောင်း ထုတ်ပြန်ထားသည်။   ပြည်သူ့ကာကွယ်ရေးအဖွဲ့များ၏ ထုတ်ပြန်ချက်ကို လိုက်နာပေးကြပါရန်လည်း မေတ္တာရပ်ခံထားသည်။ အသိပေးထုတ်ပြန်ချက်ကို လိုက်နာမှုမရှိဘဲ ဖြတ်သန်းသွားလာသူများကို စစ်ကောင်စီနှင့် ပတ်သက်မှုတစ်စုံတစ်ရာ ရှိသူဟုယူဆပြီး ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့များ၏ စစ်ဆေးခြင်းခံရမည်ဖြစ်သည်ဟုလည်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ မလိုက်နာဘဲ ဖြတ်သန်းသွားလာမှုကြောင့် တစ်စုံတစ်ရာထိခိုက်လျှင် (လုံးဝ) တာဝန်ယူမည်မဟုတ်ဘဲ မသင်္ကာဖွယ်ရာ အားလုံးကို ထားဝယ်ခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဦးနှင့် Kaw Thoo Lei Army […]

ထားဝယ်အကျဉ်းထောင်တွင် နိုင်ငံရေးအကျဉ်းသူ ၄၀ ကျော်ရှိဟုဆို

diz_admin

September 5, 2022

ထားဝယ်အကျဉ်းထောင်တွင် အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၄၂ဦးရှိကြောင်း ထားဝယ်နိုင်ငံရေး အကျဉ်းသားများကွန်ရက်က ယနေ့ (စက်တင်ဘာ ၅) ညပိုင်းတွင် သတင်းထုတ်ပြန်လိုက်သည်။ အာဏာသိမ်းကာလတွင် နိုင်ငံရေးအမှုဖြင့် ဖမ်းဆီးခံရပြီး ထောင်ဒဏ်ချမှတ်ခံထားရသည့် နိုင်ငံရေးအကျဉ်းသူ ၄၂ ဦးရှိပြီး ထားဝယ်ထောင်အတွင်း အထူးတရားရုံးတွင် တရားရင်ဆိုင်နေဆဲ အမျိုးသမီး ၃၀ ဦးခန့်ရှိကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ အဆိုပါ နိုင်ငံရေးအကျဉ်းသူများကို စစ်ကောင်စီတရားရုံးက အနိမ့်ဆုံးထောင်ဒဏ် ၁ နှစ် ၆ လမှ အမြင့်ဆုံးထောင်ဒဏ် ၁၀ နှစ်အထိ အမိန့်ချမှတ်ထားကြောင်း အထက်ပါကွန်ရက်က ထုတ်ပြန်သည်။ အထက်ပါစာရင်းမှာ ၂၀၂၂ ခုနှစ် ဩဂုတ်လ ၂၂ ရက်နေ့ထိ နောက်ဆုံးရရှိထားသည့် စာရင်းဖြစ်ပြီး ဖမ်းဆီးခံရပြီး ချုပ်ရက်ဖြင့် ပြန်လည်လွတ်မြောက်လာသည့် နိုင်ငံရေးအကျဉ်းသူများ၊ လွတ်ငြိမ်းချမ်းသာခွင့်ဖြင့် ပြန်လည် လွတ်မြောက်လာသူများ၏ […]

ထားဝယ်တွင် တစ်လခွဲကျော်အတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ဈေးတက်

diz_admin

September 5, 2022

ထားဝယ်၌ တစ်လခွဲကျော်ကာလအတွင်း ကြက်သွန်နီတစ်ပိဿာ ကျပ် ၂၅၀၀ ဈေးတက်သွားကြောင်း လက်လီလက်ကားရောင်းချသူများထံမှ သိရသည်။   ပြီးခဲ့သည့် ဇူလိုင်လ ဒုတိယပတ်က ကြက်သွန်တစ်ပိဿာ နှစ်ထောင်ကျပ်ခန့်သာရှိရာ စက်တင်ဘာလ ပထမပတ်တွင် တစ်ပိဿာ ၄၅၀၀ ဈေးဖြစ်နေသည့်အတွက် နှစ်ဆကျော် ဈေးတက်သွားကြောင်း ၎င်းတို့ထံမှ သိရသည်။ စက်တင်ဘာလ ၂ ရက်နေ့ကဆိုလျှင် ထားဝယ်မြို့၏ လက်လီ လက်ကားဈေးကွက်တွင် ကြက်သွန်နီတစ်ပိဿာ ၃၈၀၀ ကျပ် ဝန်းကျင်သာရှိကြောင်း စားသုံးကုန်ရောင်းချသူတစ်ဦးက ပြောသည်။ ထို့ကြောင့် လေးရက်အတွင်းပင် ကျပ် ခုနစ်ရာ ဈေးတက်သွားခြင်းဖြစ်သည်။ “ကြက်သွန်က တက်ဖို့ပဲရှိတယ်။ ရက်ပိုင်းအတွင်း ငါးထောင်နားထိ ရောက်လာလိမ့်မယ်” ဟု အထက်ပါ စားသုံးကုန်ရောင်းချသူက ဆိုသည်။ လက်ရှိ ကြက်သွန်စိုက်သူ တောင်သူများတွင် ကြက်သွန်နီအဟောင်းမှာ ပြတ်လုနီးပါဖြစ်နေပြီး ရန်ကုန် […]

ဘတ်ဈေးအတက် တောင်ပိုင်းဂယက်

diz_admin

September 4, 2022

ထိုင်းနိုင်ငံနှင့် နီးကပ်သည့် မြန်မာနိုင်ငံတောင်ပိုင်း တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံထုတ် ပစ္စည်းအသုံးများကြသည်။ ထားဝယ်-ထီးခီးကားလမ်းမှတစ်ဆင့် ထိုင်းနိုင်ငံထုတ် စားသောက်ကုန်နှင့် လူသုံးကုန်ပစ္စည်းများကို တင်သွင်းကြသည်။ ယခုနှစ်ဧပြီလခန့်မှ စတင်ကာ ထိုင်း-မြန်မာနယ်စပ် ထီးခီးလမ်းကို ပိတ်ထားသည်မှာ ကာလအတန်ကြာပြီဖြစ်သည်။ လမ်းပွင့်နေစဉ်အချိန်ကဆိုလျှင် ထိုင်းနိုင်ငံမှ စားသုံးဆီ၊ အချိုမှုန့်၊ အသားမှုန့်၊ ပဲငံပြာရည်မှသည် စားသောက်ကုန်၊ လူသုံးကုန်များကို ဝယ်ယူသုံးစွဲကြသည်။ ထိုင်းနိုင်ငံမှတင်သွင်းလာသည့် ပစ္စည်းများတွင် အုန်းသီး၊ သရက်သီး၊ ကြက်မောက်သီး၊ စပျစ်သီး၊ သရက်သီး၊ နာနတ်သီး၊ နဂါးမောက်သီး၊ မလကာသီးများအပြင် ငရုတ်သီး၊ သံပုရာသီး၊ ကန်စွန်းရွက်မှအစ ထားဝယ်ဈေးကွက်တွင် ရှိသည်။ တနင်္သာရီတိုင်းတွင် ထိုင်းနိုင်ငံနှင့် ကုန်သွယ်မှုပြုသည့် နယ်စပ်ကုန်သွယ်ရေး လမ်းကြောင်း သုံးခုရှိပြီး ထိုင်းနိုင်ငံကို သွားရောက်အလုပ်လုပ်ကိုင်သည့် တိုင်းသူတိုင်းသား များစွာလည်းရှိသည်။ ယင်းကြောင့် တနင်္သာရီတိုင်းရှိ ဒေသများတွင် ထိုင်းနိုင်ငံမှထုတ်လုပ်သည့် […]

တန်ဆာခများ ထက်ဝက်ခန့်ဈေးတက်

diz_admin

September 4, 2022

စက်သုံးဆီပြတ်လပ်မှု၊ ဈေးတက်လာမှုတို့ကြောင့် ပစ္စည်းပို့သည့် တန်ဆာခများ ထက်ဝက်နီးပါး ဈေးတက်လာသည်ဟု ယာဉ်လိုင်းပြေးဆွဲသူအချို့နှင့် ပစ္စည်းပို့နေသူအချို့က ပြောသည်။ ယခင်က ငွေကျပ် ၃၀၀၀ သာပေးရသည့် ပစ္စည်းထုတ်မှာ ယခုအခါ ကျပ် ၅၀၀၀ ခန့်ဖြစ်လာသည်ဟု ပစ္စည်းတင်ပို့နေသည့် ကားဂိတ်မှ တာဝန်ရှိသူအချို့က ပြောသည်။ ထားဝယ်မြို့ ကားဂိတ်တခုမှ တာဝန်ခံ အမျိုးသားတစ်ဦး၏ ပြောပြချက်အရ ယခင်က ဆိုင်ကယ်တစ်စီးကို ထားဝယ်မှ ရန်ကုန်တင်ခဈေးမှာ ငွေကျပ် ငါးသောင်းခန့်သာ ရှိသော်လည်း ယခုအခါ ကျပ်ခုနှစ်သောင်းခန့်အထိရှိသည်ဟု ဆိုသည်။ “အဓိကတော့ စက်သုံးဆီဈေးကြောင့်လည်း ပါတာပေါ့၊ အခုက လမ်းမှာလည်း ဟိုဟိုဒီဒီ ပေးရသေးတယ်ဆိုတော့ နှစ်သောင်းလောက်က လမ်းမှာ ဟိုပေးဒီပေးနဲ့ ကုန်တာပဲ” ဟု အထက်ပါ တာဝန်ရှိသူက ပြောသည်။ တန်ဆာခဈေးတက်လာသည်မှာ နှစ်လခန့်ကြာပြီဖြစ်ပြီး ယခင်က […]