သရက်ချောင်းတွင် နေအိမ်သုံးဆောင် ဓားပြတိုက်ခံရ
diz_admin
August 24, 2022ထားဝယ်ခရိုင် သရက်ချောင်းမြို့ မြို့ပေါ်ရပ်ကွက်တစ်ခုဖြစ်သည့် ကျောက်မြောင်းရပ်ကွက်ရှိ နေအိမ်တစ်ဆောင်နှင့် လဘကျေးရွာ အုပ်စု ကျွဲဇပ်ကျေးရွာရှိ နေအိမ်နှစ်ဆောင်တို့တွင် ဓားပြတိုက်မှု ရက်ဆက်ဖြစ်ပွားခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ ဓားပြတိုက်ခံရသည့်နေအိမ် သုံးဆောင်လုံးမှာ ထားဝယ်-မြိတ်ကားလမ်းဘေးရှိ နေအိမ်များဖြစ်သည်။ ဩဂုတ်လ ၂၁ ရက်နေ့ ညနေ ၄ နာရီခန့်တွင် သရက်ချောင်းမြို့ပေါ်ရပ်ကွက် ကျောက်မြောင်းရပ်ကွက်ရှိ ဈေးဆိုင် ရောင်းနေသည့် နေအိမ်တစ်ဆောင် ဓားပြတိုက်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ယင်းနေအိမ်တွင် ကုန်စုံဆိုင်ဖွင့်ထားပြီး ဓားပြတိုက်သည့်လူတစ်စုမှာ အိမ်စီးကား အမည်းရောင်ဖြင့် အိမ်ထဲဝင်လာပြီး ဓားပြတိုက်သွားခြင်းဖြစ်ကြောင်း မြို့ခံတစ်ဦးက ပြောသည်။ ယောက်ျားဝတ် လက်စွပ်တစ်ကွင်း၊ ပိုက်ဆံအိတ်တစ်လုံးနှင့် ဖုန်းဘေလ်ကတ်များပါသွားသည်ဟုသာ ကြားသိရကြောင်း ၎င်းက ပြောဆိုသည်။ “ခက်တာက အဲဒီအိမ်က ဘယ်သူ့ကိုမှလည်း မပြောဘူး။ အုပ်ချုပ်ရေးမှူးကိုလည်း မပြောဘူး။ ရဲလည်း မသိဘူး။ […]


