ရေဖြူ ဘဝါရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
August 16, 2022ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ ဘဝါကမ်းခြေရွာတွင် ဩဂုတ်လ ၁၅ ရက်က အမျိုးသားတစ်ဦး ပစ်ခတ်ခံရသဖြင့် သေဆုံးကြောင်း ဒေသခံများက ပြောသည်။ သေဆုံးသူမှာ ယင်းကျေးရွာသား အသက် ၆၀ ဝန်းကျင်အရွယ် ဦးသံချောင်းဆိုသူဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ဩဂုတ်လ ၁၅ ရက် ည ၈ နာရီဝန်းကျင်က လက်နက်ကိုင်အမျိုးသားလေးဦးက ဦးသံချောင်းဆိုသူကို နေအိမ်ပါ်မှ ခေါ်ချပြီး ပစ်သတ်သွားခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ “လေးချက်လောက်ပစ်သံကြားတယ်။ ဒဏ်ရာက ရင်ဘက်မှာ တစ်ချက်၊ နံကိုင်းမှာ တစ်ချက် တွေ့ရတယ်” ဟု ၎င်းက ဆိုသည်။ ဦးသံချောင်းဆိုသူမှာ စစ်ကောင်စီခန့် ကျေးရွာအုပ်ချုပ်ရေးမှူး ဦးစုသား (ခေါ်) ဦးစိုးမြင့်၏ သူငယ်ချင်းဖြစ်ပြီး အမြဲအတူသွားလာလေ့ရှိကာ ဦးစိုးမြင့်မှာ ပြီးခဲ့သည်လပိုင်းက သေနတ်ပစ်ခတ်ခံရမှုမှ လွတ်မြောက်ပြီး ထွက်ပြေး […]


