လောင်းလုံး သကျက်တောရွာတွင် အပြန်အလှန်ပစ်ခတ်မှုဖြစ်၊ နေအိမ်နှစ်လုံးနှင့် တဲတစ်လုံး မီးရှို့ခံရ
diz_admin
January 6, 2023ထားဝယ်ခရိုင် လောင်းလုံးမြို့နယ် သကျက်တောရွာတွင် နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုဖြစ်ပြီး နေအိမ်နှစ်လုံးနှင့် ထန်းရည်တဲတစ်လုံး မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့ ဇန်နဝါရီလ ၆ ရက် နံနက် ၉ နာရီခန့်တွင် သကျက်တောနယ်မြေရဲစခန်းရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် အမည်မသိလက်နက်ကိုင်အဖွဲ့တို့ အပြန်အလှန်ပစ်ခတ်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ “ထန်းရည်လာဝယ်တဲ့ရဲကို ချောင်းပြီးပစ်တာကနေ စဖြစ်တာ။ ရဲတွေက အမြဲတမ်း (ထန်းရည်) လာဝယ်နေကျပဲ အဲဒီဆိုင်မှာ” ဟု ဒေသခံတစ်ဦးက ပြောသည်။ နှစ်ဖက်ပစ်ခတ်မှုဖြစ်ပွားသည့်နေရာမှာ သကျက်တောနာရေးကူညီမှုရုံးအနီးတွင်ဖြစ်သည်။ အနီးနားရှိ ဒေသခံများမှာ ပစ်ခတ်သံများကြောင့် ထွက်ပြေးသွားချိန်တွင် နေအိမ်နှစ်လုံးနှင့် ထန်းရည်တဲကို စစ်ကောင်စီတပ်က မီးရှို့လိုက်ခြင်းဖြစ်ကြောင်း ဒေသခံအချို့က ပြောဆိုသည်။ နာရေးကူညီမှုရုံးအနီးရှိ သံပန်း၊ သံတံခါးလုပ်ကိုင်နေသော ဓနိမိုး၊ ဝါးထရံကာ နေအိမ်တစ်လုံး၊ သံချဲ့စက်ငှားရမ်းခြင်း လုပ်ငန်းလုပ်ကိုင်နေသည့် တစ်ထပ်တိုက်အိမ်တစ်လုံးနှင့် ထန်းရည်တဲတို့ […]


