လဲရှောင်ရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ
diz_admin
January 11, 2023ရေဖြူမြို့နယ်၊ နဘုလယ်ဒေသ လဲရှောင်ရွာတွင် ယနေ့(ဇန်နဝါရီ ၁၁) မွန်းလွဲပိုင်းက အသက် ငါးဆယ်ကျော်အရွယ်ရှိ အမျိုးသားတစ်ဦး ပစ်သတ်ခံရသည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရသူမှာ ပြီးခဲ့သည် NLD အစိုးရလက်ထက် လဲရှောင်ရွာအုပ်ချုပ်ရေးမှူးဟောင်းဖြစ်သည့် ဦးစိုးသိန်းဆိုသူဖြစ်ပြီး ယနေ့မွန်းလွဲ ၂ နာရီခန့်က ယင်းကျေးရွာ ဘိလိယက်ခုံတွေ လက်နက်ကိုင်ထားသူများက လာရောက်ပစ်သတ်သွားခြင်းဖြစ်သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “ဒဏ်ရာက နဖူးမှာနှစ်ချက်တွေ့ရတယ်” ဟု၎င်းကပြောသည်။ သေဆုံးသူအမျိုးသားမှာ ထားဝယ်ဇာတိဖြစ်ပြီး လဲရှောင်ရွာသူနှင့် အိမ်ထောင်ကျကာ ယင်းကျေးရွာတွင် အခြေချနေထိုင်ခဲ့သည်ဟုဆိုသည်။ အာဏာသိမ်းပြီးနောက် အုပ်ချုပ်ရေးမှုးအလုပ် ဆက်မလုပ်ဘဲ နုတ်ထွက်ထားသူဖြစ်ကြောင်း ဥယျာဉ်ခြံလုပ်ငန်းနှင့် အိမ်ခြံမြေ အကျိုးဆောင် လုပ်ငန်းလုပ်ကိုင်နေသူ တစ်ယောက်ဖြစ်ကြောင်း အခြားဒေသခံတစ်ဦးကပြောသည်။ အသတ်ခံရသူမှာ ကျေးရွာ၏ သာရေးနာရေး ကူညီလုပ်ဆောင်နေသူဖြစ်ကြောင်း သို့သော် အခြားတစ်ဖက်တွင်လည်း စစ်ကောင်စီနှင့် ထိတွေ့ဆက်ဆံမှု ရှိသူဖြစ်သည်ဟုသိရကြောင်း ၎င်းကဆိုသည်။ ထိုအမျိုးသားကို မည်သူတို့က […]


