ထားဝယ်ခရိုင်မီးသတ်ဌာနတွင် အထပ်မြင့်အဆောက်အုံ မီးငြှိမ်းသတ်ယာဉ်ရောက်ရှိ
diz_admin
March 29, 2023ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနတွင် အထပ်မြင့် အဆောက်အအုံကို မီးငြှိမ်းသတ်နိုင်သည့် မီးသတ်ယာဉ်ရှိလာပြီဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနထံမှသိရသည်။ အဆိုပါမီးသတ်ယာဉ်မှာ တရုတ်နိုင်ငံကထုတ်သည့် လှေကားထောင်မီးသတ်ယာဉ် အမျိုးအစားဖြစ်ပြီး 32 မီတာ(ပေတစ်ရာ)ခန့်မြင့်မားသည့် အဆောက်အအုံများ မီးဘေးအန္တရာယ်ကြုံလာပါက မီးငြိမ်းသတ်ခြင်းနှင့် ရှာဖွေကယ်ဆယ်ရေးပါ လုပ်ဆောင်နိုင်တော့မည်ဖြစ်ကြောင်း ထားဝယ်ခရိုင်မီးသတ်ဦးစီးဌာနမှူးက ပြောသည်။ “ရောက်နေတာကတော့ နှစ်ပတ်လောက်ရှိပြီဖြစ်တယ်။ အခုက တပ်ဖွဲ့ဝင်တွေကို အသုံးပြုနည်း သင်တန်းပေးနေတာပါ”ဟု ၎င်းကပြောသည်။ အဆိုပါမီးသတ်ယာဉ်ကို တနင်္သာရီတိုင်းအစိုးရအဖွဲ့ ၏ ၂၀၂၂-၂၀၂၃ ဘတ်ဂျက်နှစ်၏ ဘတ်ဂျက်ငွေကျပ် ၇၇၆ သန်း အသုံးပြု၍ ဝယ်ယူထားခြင်းဖြစ်ကြောင်း အထက်ပါ ဦးစီးမှုးက ပြောသည်။ အဆိုပါ မီးသတ်ယာဉ်ပေါ်တွင်ပါသည့် လှေကား၏အမြင့်မှာ ၃၂ မီတာ ရှိပြီး ၊ရေဂါလံပေါင်း ၁၃၀၀ဂါလံ (၆၀၀၀လီတာ)ခန့် သယ်ဆောင်အသုံးပြုနိုင်မည်ဖြစ်သည်။ ယင်းအပြင် အဆိုပါ လှေကားကို ၇၅ ဒီဂရီအထိ တိမ်းစောင်းအသုံးပြုနိုင်မည်ဖြစ်ပြီး […]


