ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံရသည့် ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီတပ်အင်အားတိုးချ

diz_admin

March 31, 2023

ဌာနဆိုင်ရာရုံးများ မကြာခဏတိုက်ခိုက်ခံနေရသည့် ရေဖြူမြို့ပေါ်တွင် စစ်ကောင်စီက တပ်အင်အားတိုးမြှင့် ချထားကာ တပ်စွဲလာကြောင်း မြို့ခံတို့ထံမှ သိရသည်။ ရေဖြူမြို့ အထက်‌တန်းကျောင်းတွင် စစ်ကောင်စီတပ်ဖွဲ့ဝင် ငါးဦးခန့်ဖြင့် တပ်စွဲထားသည်ကို မတ်လ ၂၉ ရက်တွင် တပ်အပြောင်းအလဲလုပ်ကာ အင်အားဆယ်နှင့်ချီ တိုးမြှင့်ချထားလိုက်ကြောင်း ဒေသခံတို့က ပြောသည်။ ယင်းအပြင် ရပ်တော်မူဘုရာကုန်းတွင်လည်း အင်အားဆယ်ချီ ချထားကာ တပ်စွဲထားလိုက်ကြောင်း မြို့ခံတစ်ဦးက ဆိုသည်။ ရပ်တော်မူဘုရားကုန်းမှာလည်း စစ်ကောင်စီတပ်များ မကြာခဏ လာရောက်တပ်စွဲဖူးသည့် နေရာဖြစ်သည်။ စစ်ကောင်စီတပ်ဖွဲ့ဝင်များကို မြေသယ်ကားများဖြင့် တင်ဆောင်လာခြင်းဖြစ်ကြောင်း ၎င်းက ပြောဆိုသည်။ “အခုရောက်နေတဲ့တပ်က အရမ်းကြမ်းတယ်ဆိုပြီး ပြောနေကြတယ်။ ဒီတစ်ခါ (တပ်စွဲထားတာ) ပိုကြာမယ်ထင်တယ်” ဟု အထက်ပါမြို့ခံက ဆက်လက်ပြောဆိုသည်။ တပ်စွဲရန် လာရောက်သည့်နေ့က ရေဖြူမြို့မှ သ‌‌ဗြေဇွန်းကျေးရွာဖက်သို့ထွက်သည့် လမ်းကြောင်းတစ်လျှောက် မိုင်းရှာဖွေခြင်းများ လုပ်ဆောင်ခဲ့ကြောင်း […]

ထားဝယ်တွင် လမ်းဘေးရေမြောင်းအတွင်း အမျိုးသားအလောင်းတွေ့

diz_admin

March 31, 2023

ထားဝယ်မြို့ပေါ် ဥဿာရံရပ်ကွက်၊ ဆိပ်ကမ်းသာမင်္ဂလာခန်းမအနီးရှိ လမ်းဘေးရေမြောင်းထဲတွင် မတ်လ ၃၀ ရက် ညက အမျိုးသားတစ်ဦး၏ ရုပ်အလောင်းတွေ့ရကြောင်း ဇမ္ဗူသီရိအရေးပေါ် လူနာကူညီသယ်ဆောင်ရေးအဖွဲ့ထံမှ သိရသည်။ သေဆုံးသူမှာ ဥဿာရံရပ်ကွက်‌တွင် နေထိုင်သည့် အသက် ၃၂ နှစ်အရွယ်ရှိ ကိုသန့်ဇင်ဆိုသူဖြစ်ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။ “ပြင်ပဒဏ်ရာမျိုးတော့ မရှိဘူး” ဟု ဇမ္ဗူသီရိအရေးပေါ်လူနာကူညီသယ်ဆောင်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနိုင်မျိုးသွင်က ပြောသည်။ ကိုသန့်ဇင်သည် ‌အရက်သေစာ သောက်စားတက်သူဖြစ်ပြီး အရက်မူးပြီးတံတားပေါ်အိပ်နေရင်းစဉ် ရေမြောင်းထဲ ပြုတ်ကျသွားခြင်းဖြစ်ဖွယ်ရှိကြောင်း ရပ်ကွက်သူ၊ ရပ်ကွက်သားအချို့က ပြောဆိုသည်။ ၎င်း၏ ရုပ်အလောင်းကိုမူ ဇမ္ဗူသီရိ အရေးပေါ်အလောင်းတင်ယာဉ်ဖြင့် ထားဝယ်ဆေးရုံသို့ ပို့ဆောင်ပေးခဲ့ကြောင်း ယင်းအဖွဲ့ထံမှ သိရသည်။

သောကြာပြင်တွင် မိုင်းမတော်တဆပေါက်ကွဲပြီး PDF တစ်ဦးကျဆုံးကြောင်းထုတ်ပြန်

diz_admin

March 31, 2023

လောင်းလုံးမြို့နယ် သောကြာပြင်ရွာနှင့် ထိန်သစ်ရွာ ဆိုင်းဘုတ်နှစ်ခုကြား တံတားငယ်အနီး လက်လုပ်မိုင်းမတော်တဆ ပေါက်ကွဲမှုဖြစ်ပြီး လောင်းလုံးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(LLPDF)မှ ရဲဘော် တစ်ဦးကျဆုံးခဲ့သည်ဟု ယင်းအဖွဲ့က ယနေ့(မတ် ၃၁)တွင် ထုတ်ပြန်လာသည်။ မတ်လ ၂၂ ရက်နေ့ သောကြာပြင်ပေါက်ကွဲမှုတွင် မိုင်းတပ်စုမှ ရဲဘော်ကျားကလေး ကျဆုံးခဲ့ပြီး တစ်ဦး ဒဏ်ရာရရှိခဲ့သည်ဟု ယင်းအဖွဲ့၏ ပြန်ကြားရေးတာဝန်ရှိသူက ဆိုသည်။ “ဒဏ်ရာရသူ တစ်ဦးက အခုတော့ သက်သာလာနေပါပြီ”ဟု တာဝန်ရှိသူက ပြောသည်။ ကမြောကင်းတံတားဖွင့်ပွဲ လုံခြုံရေးလာယူသည့် စစ်ကောင်စီတပ်သားများကို မိုင်းဆွဲတိုက်ခိုက်ရန် သောကြာပြင်ရွာ ဆိုင်းဘုတ်အနီးရှိ တံတားငယ်တွင် ဖုန်းဖြင့် ချိန်ကိုက်မိုင်းထောင်နေစဉ် ဖုန်းမက်ဆေ့ဝင်လာပြီး ပေါက်ကွဲမှုဖြစ်ပွားခဲ့ခြင်းဖြစ်သည်ဟု ပြည်သူ့ကာကွယ်ရေးအဖွဲ့တစ်ခုမှ တာဝန်ရှိသူတစ်ဦးနှင့် ဒေသခံအချို့က ပြောဆိုသည်။ တံတားသစ်ဖွင့်ပွဲလုံခြုံရေးအတွက် စစ်ကောင်စီက လောင်းလုံးမြို့နယ်အတွင်း စစ်ကြောင်းထိုးခြင်းများ လုပ်ဆောင်ခဲ့ပြီး ကျေးရွာများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်များက လုံခြုံရေးယူခြင်း၊ […]

လောင်းလုံးဆေးရုံတွင် ကလေးငယ်များကို ကာကွယ်ဆေး ယနေ့ ပြန်ထိုးပေး

diz_admin

March 31, 2023

လောင်းလုံးဆေးရုံတွင် ကလေးများကို ယနေ့ (မတ်လ ၃၁) ကာကွယ်ဆေး ပြန်ထိုးပေးနေပြီဖြစ်ကြောင်း ကလေးငယ်ကို ကာကွယ်ဆေးထိုးရန် ဆေးရုံသို့ ရောက်ရှိနေသည် မိခင်များနှင့် ဆေးရုံနှင့် နီးစပ်သူတို့ထံမှ သိရသည်။ ‌လောင်းလုံးဆေးရုံတွင် ဖေဖော်ဝါရီလအတွင်း ကလေး ကာကွယ်ဆေးထိုး‌ပေးခြင်းကို ရပ်နားခဲ့ခြင်းဖြစ်ပြီး ယခုမတ်လတွင် ပြန်ထိုးပေးရန်ဆောင်ရွက်လာခြင်းဖြစ်သည်။ လောင်းလုံးဆေးရုံတွင် ကာကွယ်ဆေးထိုးပေးနေခြင်းမှာ မှန်ကန်ကြောင်း ဆေးရုံနှင့်နီးစပ်သူတစ်ဦးက ပြောသည်။ ကာကွယ်ဆေးကို ယနေ့ နံနက် ၉ နာရီတွင် စတင်ထိုးပေးမည်ဖြစ်ပြီး လက်ရှိတွင် စာအုပ်တင်ထားရကြောင်း ကလေးမိခင်တစ်ဦးက ပြောဆိုသည်။ လောင်းလုံးဆေးရုံတွင် ဖေဖော်ဝါရီလက ကာကွယ်ဆေးထိုးနှံခြင်းကို ရပ်နားလိုက်သဖြင့် မြို့နယ်အတွင်းနေထိုင်သူများမှာ ထားဝယ်မြို့သို့ သွားရောက်ထိုးနှံခဲ့ရသည်။ “လောင်းလုံးမှာကျတော့ နီးနီးနားနားအဆင်ပြေဆုံးပဲ။ ထားဝယ်မှကျတော့ တကူးတက သွားနေရသေးတယ်။ ကလေးငယ်ငယ်လေးကို အဝေးကြီးခေါ်ခေါ်သွားနေရတာ သိပ်အဆင်မပြေဘူး။ အခုက နေလည်းအရမ်းပူတယ်လေ” ဟု […]

ထားဝယ်တွင် စစ်ဘေးသင့်ပြည်သူများအတွက် စားနပ်ရိက္ခာနှင့် အသုံးအဆောင်များတင်လာသည့်ကား အဖမ်းခံရ

diz_admin

March 30, 2023

ထားဝယ်အရှေ့တောဒေသက စစ်ဘေးသင့်ပြည်သူများကို ထောက်ပံ့ပေးအပ်မည့် စားနပ်ရိက္ခာနှင့် အသုံးအဆောင် ပစ္စည်းများ တင်ဆောင်လာသည့် ကားကို ပကာရီရဲကင်းစခန်း စစ်ဆေးရေးဂိတ်က မတ်လ ၂၈ ရက်က ဖမ်းဆီးခဲ့ကြောင်း ဒေသခံအချို့က ပြောသည်။ စားနပ်ရိက္ခာများ၊ အိုးခွက်၊ ဖျာ၊ အမိုးအကာ စသည့် ပစ္စည်းများ တင်ဆောင်လာသည့်ကားဖြစ်ကြောင်း ၎င်းတို့က ဆိုသည်။ PDF များနှင့် ဆက်စပ်နိုင်သည်ဟု သံသယဖြင့် စွပ်စွဲကာ ထောက်ပံ့ရေးပစ္စည်းများ၊ ကားတို့ကို ပကာရီစစ်ဆေးရေး ဂိတ်ရှိ စစ်ကောင်စီတပ်ဖွဲ့ဝင်များက သိမ်းဆည်းထားပြီး ကားသမားသားအဖတို့ကိုလည်း ဖမ်းဆီးခဲ့ကြောင်း ဒေသခံတို့က ပြောဆိုသည်။ အဆိုပါပစ္စည်းများကို NGO တစ်ခုက စစ်ဘေးသင့်ပြည်သူတွေအတွက် ကူညီထောက်ပံ့ခဲ့တာဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယခင်ကလည်း တစ်ကြိမ်ထောက်ပံ့ဖူးပြီး ဝကုန်းကျေးရွာက စစ်ဘေးသင့်ပြည်သူများ၊ နေအိမ်မီးရှို့ခံရသူများနှင့် နေအိမ်ဖျက်ဆီးခံရသည့် ပြည်သူများ အထောက်အပံ့များ […]

ဖမ်းဆီးခံထားရသည့် လောင်းလုံးမြိုနယ်မှ စစ်ဘေးရှောင် အများစုပြန်လွတ်

diz_admin

March 30, 2023

လောင်းလုံးမြို့နယ်တွင် စစ်ဘေးရှောင်းရင်း အဖမ်းခံလိုက်ရသူ ၁၃ ဦးအနက် ၁၂ ဦး ပြန်လွတ်လာပြီဖြစ်ကြောင်း ‌မိသားစုဝင်များကပြောသည်။ လောင်းလုံးမြို့နယ် ကျေးရွာတစ်ရွာတွင် စစ်ဘေးရှောင်နေသူများကို စစ်ကြောင်းထိုးလာသည့် စစ်ကောင်စီတပ်က မတ်လ ၁၇ ရက်နေ့တွင် ဖမ်းဆီးသွားခဲ့ခြင်းဖြစ်ပြီး မတ်လ ၂၉ ရက် ညနေပိုင်းတွင် ပြန်လွတ်လာခြင်းဖြစ်သည်။ အဖမ်းခံရသူများမှာ လောင်းလုံးမြိူ့နယ် ဇလွတ်ကျေးရွာဒေသခံများဖြစ်ပြီး ရွာအနီးတိုက်ပွဲများကြောင့် တိမ်းရှောင်နေစဉ် စစ်ကောင်စီတပ်က ဖမ်းသွားခြင်းဖြစ်သည်။ ၁၁ ရက်အကြားဖမ်းဆီးသွားသည့် ကာလအတွင်း လောင်းလုံးမြို့နယ် တစ်ကြော စစ်ကြောင်းထိုးရာ တစ်လျှောက် စစ်ကောင်စီတပ်နှင့်အတူ လိုက်ပါနေရကြောင်း မိသားစုဝင်တစ်ဦးကဆိုသည်။ “တောင်‌တွေတောင် သုံးလုံးလောက် ကျော်ခဲ့ရတယ်” ဟု မိသားစုဝင်တစ်ဦးကဆိုသည်။ ဖမ်းဆီးခံထားရစဉ်အတွင်း မိသားစုဝင်များနှင့် လုံးဝအဆက်အသွယ်‌ပြတ်တောက်နေခဲ့သည်။ အဖမ်းခံသူများအနက် လူလတ်ပိုင်းအရွယ် ကိုမျိူးဇော်ဦးဆိုသူတစ်ဦးမူ ပြန်လွတ်သည့်အထဲ မပါ‌သေးကြောင်း မိသားစုဝင်တစ်ဦးကပြောသည်။ ၎င်းကိုမည်သည့်နေရာတွင် […]

လာမည့်စနေနေ့ ထားဝယ်ခရိုင်တစ်ခုလုံး ဆယ်နာရီကြာ လျှပ်စစ်မီးပြတ်တောက်မည်

diz_admin

March 30, 2023

လာမည့် ဧပြီလ ၁ ရက် စနေနေ့တွင် ထားဝယ်ခရိုင်တစ်ခုလုံးတွင် လျှပ်စစ်မီး ဆယ်နာရီခန့်ကြာ ပြတ်တောက်နေမည် ဖြစ်ကြောင်း ထားဝယ်ခရိုင်လျှပ်စစ်ဖြန့်ဖြူးရေးလုပ်ငန်းဖြစ်သည့် Petro & Trans ကုမ္ပဏီက ထုတ်ပြန်ထားသည်။ ရေဖြူမြို့နယ် ကံပေါက်ဒေသရှိ သဘာဝဓာတ်ငွေသုံးစက်ရုံမှ ဓာတ်အားခွဲရုံသို့ ဓာတ်အားပို့လွှတ်လျှက်ရှိသည့် (၅) ဖီဒါ ဓာတ်အားလိုင်းတွင် ဓာတ်တိုင် နှစ်တိုင်စင်ဖြင့် တည်ဆောက်ထားသည့် လိုင်းတိုင်ကို လေးတိုင်စင်ဖြင့် ပြောင်းလဲတပ်ဆင်မည် ဖြစ်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ လျှပ်စစ်ဓာတ်အားကို ပိတ်ကာ ပြောင်းလဲတပ်ဆင်မည်ဖြစ်သဖြင့် ထားဝယ်ခရိုင်အတွင်းရှိ ရေဖြူ၊ ထားဝယ်၊ လောင်းလုံး၊ သရက်ချောင်းစသော မြို့နယ်တို့ နံနက် ၇ နာရီမှ ညနေ ၅နာရီအထိ လျှပ်စစ်ဓာတ်အား ပြတ်တောက်မည်ဖြစ်သည်ဟု ဆိုသည်။ နှစ်တိုင်စင်မှာ ဓာတ်အားလိုင်းများ၏ ဝန်အားကို မခံနိုင်သောကြောင့် ယိမ်းယိုင် […]

ရေဖြူလမ်းပိုင်းတွင် စစ်တပ်က လမ်းဘေးဝဲယာကို သေနတ်ဖြင့်ပစ်ခတ်သွား

diz_admin

March 29, 2023

ရေဖြူမြို့နယ် ညင်းထွေးရွာနှင့် ဇီးကျရွာကြားတွင် ယနေ့(မတ် ၂၉) မွန်းလွဲပိုင်းက ကလိန်အောင်ဘက်မှ ဖြတ်လာသော စစ်ယာဉ်တန်းက လမ်းဘေးဝဲယာကို သေနတ်ဖြင့်ပစ်ခတ်သွားသည်ဟု ဒေသခံများထံမှသိရသည်။ ယနေ့ မွန်းလွဲ ၁၂ နာရီခန့်က ရေဖြူမြို့ဘက်မှ ဆင်းလာသည့် စစ်ကောင်စီတပ်ကားများ ညင်းထွေးရွာနှင့် ဇီးကျရွာကြား ဖြတ်သန်းစဉ် ပေါက်ကွဲပစ်ခတ်သံများ ထွက်ပေါ်လာကြောင်း ဒေသခံတစ်ဦးကပြောသည်။ “ကားပေါ်က ပစ်ခတ်သွားတယ်ထင်တာပဲ လက်နက်ကြီးကတစ်ချက် လက်နက်ငယ်သံတွေ ကမနည်းဘူး “ဟု ၎င်းကပြောသည်။ အဆိုပါစစ်ယာဉ်တန်း ဖြတ်သွားပြီးနောက် ရေဖြူ-ထားဝယ် လမ်းပိုင်းတွင် နှစ်နေရာခန့်မီးလောင်ပြီး ကျန်ခဲ့သည်ဟုဆိုသည်။ ကျောက်ကညာ-ညင်ထွေး လမ်းပိုင်းတစ်နေရာနှင့် ညင်းထွေး-ဇီးကျ လမ်းပိုင်းတစ်နေရာ မီးလောင်ကျန်ခဲ့ခြင်းဖြစ်သည်။ မီးလောင်ရခြင်းမှာ ယာဉ်တန်းဖြတ်သန်းသွားစဉ် ဗုံးပစ်ချခဲ့ခြင်းကြောင့်ဖြစ်ကြောင်း ဒေသခံနောက်တစ်ဦးကပြောသည်။ “ပထမ အသံ အကျယ်ကြီးကြားတယ်။ နောက်မှ လက်နက်ငယ်တွေ ဆက်တိုက်ပစ်သွားတာ”ဟု ၎င်းကပြောသည်။ ပထမ အကျယ်ကြီးကြားသည့်အသံကို ဒေသခံအများစုက စစ်ကောင်စီယာဉ်တန်းပေါ်က […]