လောင်းလုံး တောကျဲရွာအနီးပေါက်ကွဲမှုဖြစ်၊ မြို့ပေါ်တွင် စစ်ဆေးတင်းကြပ်
diz_admin
January 31, 2023လောင်းလုံးမြို့နယ် တောကျဲကျေးရွာနှင့် သပြေရှောင်ကျေးရွာအုပ်စု ရဘဲအင်းကျေးရွာကြားတွင် ယနေ့ ဇန်နဝါရီလ ၃၁ ရက် နံနက်ပိုင်းက ပေါက်ကွဲမှုဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ နံနက် ၈ နာရီကျော်တွင် လက်နက်ကြီးပစ်ခတ်သံ သို့မဟုတ် မိုင်းပေါက်ကွဲသံဟု ယူဆရသည့် ပေါက်ကွဲသံ သုံးချက် ကြားရကြောင်း ၎င်းတို့က ဆိုသည်။ ပေါက်ကွဲမှုဖြစ်ရသည့်အကြောင်းအရင်းကိုမူ တိတိကျကျ မသိရသေးပေ။ ဒေသခံအချို့ကမူ သပြေရှောင်ကျေးရွာအထိ ရေကြောင်းကနေလာပြီး ယင်းမှတစ်ဆင့် တောကျဲရွာကို ကုန်းကြောင်း ဝင်ရောက်လာသည့် စစ်ကောင်စီတပ်ကို မိုင်းဆွဲတိုက်ခိုက်ခြင်းဖြစ်နိုင်ကြောင်း ခန့်မှန်းပြောဆိုသည်။ “ပေါက်ကွဲမှုဖြစ်တာတော့ သေချာတယ်။ နောက်ဆက်တွဲတော့ ဘာမှမကြားရသေးဘူး။ ရွာထဲမှာ အဖမ်းခံရတာလည်း မရှိဘူး။ ကျွန်တော်တို့လည်း စုံစမ်းနေတုန်းပဲ ရှိသေးတယ်။ ဘာဖြစ်တယ်ဆိုတာကိုလေ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ယင်းသို့ ပေါက်ကွဲမှုဖြစ်ပေါ်နေချိန် လောင်းလုံးမြို့ ရဲစခန်းအရှေ့တွင်မူ […]


