ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ကံပေါက်ဒေသခံ အမျိုးသမီးနှစ်ဦးထပ်မံအဖမ်းခံရ

diz_admin

February 4, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသ၊ လှည်းကုန်း (၁) ရပ်ကွက်တွင် နေထိုင်သူ အမျိုးသမီးနှစ်ဦး ဖမ်းဆီးခံရကြောင်း ဒေသခံအချို့က ပြောသည်။ အသက် ၃၀ ဝန်းကျင်အရွယ် မမူယာစိုးနှင့် မမီးသက်တို့နှစ်ဦးသည် ဖေဖော်ဝါရီလ ၃ ရက် ညတွင် နေအိမ်တွင် အဖမ်းခံလိုက်ရကြောင်း ၎င်းတို့က ဆိုသည်။ အဆိုပါအမျိုးသမီးနှစ်ဦးသည် သာမန်အရပ်သားများဖြစ်ကြပြီး မည့်သည်အကြောင်းအရင်းကြောင့် အဖမ်းခံရသည်ကို မသိရကြောင်း ဒေသခံအချို့က ပြောဆိုသည်။ “အခုလို ညဘက်တွေလိုက်ဆွဲနေတော့ ရွာမှာက ညဆိုရင်တောင် လန့်နေရပြီ” ဟု ဒေသခံတစ်ဦးက ပြောသည်။ ကံပေါက်ဒေသတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူး ပစ်ခတ်ခံရပြီးနောက် ယခုအဖမ်းခံရသူ နှစ်ဦးအပါအဝင် ဖမ်းဆီးခံရသူစုစုပေါင်း ၁၇ ဦး ရှိလာခဲ့ပြီဖြစ်သည်။ ယင်း ၁၇ ဦးအနက် ဖေဖော်ဝါရီလ ၄ ရက်အထိ ၁၂ ဦး […]

လောင်းလုံးတွင် အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး နေအိမ်ကိုလည်းမီးရှို့

diz_admin

February 4, 2023

လောင်းလုံးမြို့နယ် မင်းရပ်ရွာမြောက်ပိုင်းတွင် ဖေဖော်ဝါရီ ၃ ရက်နေ့ညက စစ်ကောင်စီတပ်နှင့် ပျူစောထီးပူပေါင်းအဖွဲ့က အမျိုးသားတစ်ဦးကို ပစ်သတ်ပြီးနောက် နေအိမ်ကို မီးရှို့ခဲ့သည်ဟု ဒေသခံများ၏ ပြောကြားချက်အရသိရသည်။ ပစ်သတ်ခံရမှုကြောင့် အသက် ငါးဆယ်အရွယ်ရှိ ဦးတင်လောင်းဆိုသူအမျိုးသား တစ်ဦးသေဆုံးပြီး နေအိမ်ကိုလည်း မီးရှို့သွားခဲ့သည်ဟု ဒေသခံတစ်ဦးကပြောသည်။ “အိမ်ကတော့ပြာကျသွားတယ်။ အလောင်းကတော့ အိမ်နားက ငှက်ပျောတောထဲမှာ သွားတွေ့တာပါ”ဟု ၎င်းကပြောသည်။ ပစ်သတ်ခံရသူမှာ နိုင်ငံရေးနှင့် ပတ်သက်ဆက်နွယ် လှုပ်ရှားနေသူမဟုတ်ကြောင်း ဒေသခံများ၏ ပြောကြားချက်အရ သိရသည်။ စစ်ကောင်စီ ပူးပေါင်းအဖွဲ့သည် မင်းရပ်ရွာသားအချို့၏ နေအိမ်အချို့ကို ဖောက်ထွင်းသွားပြီး ရွှေသားအပါအဝင် ငွေနှင့် မော်တော်ဆိုင်ကယ် သုံးစီးထက်မနည်း ယူဆောင်သွားကြောင်း ဒေသခံအချို့ကပြောသည်။ ယူဆောင်သွားသည့် ပမာဏ အသေးစိတ်ကိုမူ မသိရသေးပေ။ “လက်ဝတ်လက်စားတွေပါ ကြက် တောင်မှမချန်ခဲ့ဘူး။ တော်တော်ဆိုးတယ်”ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ […]

သရက်ချောင်း၊ ညောင်ဇင်ရွာတွင် အမျိုးသားတစ်ဦးပစ်သတ်ခံရ၊ စာသင်ကျောင်းလည်း မီးလောင်

diz_admin

February 3, 2023

သရက်ချောင်းမြို့နယ်၊ ညောင်ဇင်ကျေးရွာတွင် ယနေ့နံနက်ပိုင်းက အမျိုးသားတစ်ဦး ပစ်သတ်ခံလိုက်ရပြီး မွန်းလွဲပိုင်းတွင် အထက်တန်းကျောင်း မီးလောင်ကြောင်း ဒေသခံများက ပြောသည်။ ယနေ့ ဖေဖော်ဝါရီလ ၃ရက် နံနက် ၄ နာရီခွဲခန့်တွင် အသက် ၅၆ နှစ်ခန့်ရှိ ဦးအောင်နိုင်ဦးဆိုသူ ပစ်သတ်ခံရကြောင်း ဒေသခံများက ဆိုသည်။ ညောင်ဇင်မှ ထားဝယ်မြို့သို့ သုံးဘီးဖြင့် ရေခဲတက်ဝယ်စဉ် ညောင်ဇင်ရွာအပြင်ဘက်ရှိ စာသင်ကျောင်းနှင့် ဈေးအနီးရှိ လယ်ကွင်းထဲတွင် ပစ်သတ်ခံရခြင်းဖြစ်ကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ “ဘယ်အဖွဲ့က ပစ်မှန်းတော့ မသိဘူး။ သေနတ်သံ တစ်ချက်ကြားလိုက်တယ်။ အလောင်းက အိမ်ကိုရောက်သွားပြီ” ဟု ၎င်းက ပြောဆိုသည်။ ၎င်းကို မည်သူတို့က မည်သည့်အကြောင်းအရင်းကြောင့် ပစ်သတ်သွားသည်ကို မသိရသေးပေ။ ယင်းနောက် မွန်းလွဲ ၁နာရီခန့်တွင် ကျေးရွာအထက်တန်းကျောင်း မီးလောင်ကြောင်း ဒေသခံအချို့က […]

ရှော့တိုက်၊ မိုင်းခွဲ သဘာဝမဟုတ်နည်းများဖြင့် ငါးဖမ်းခြင်းကို ထားဝယ် ပအဖ တားမြစ် 

diz_admin

February 3, 2023

ထားဝယ်မြို့နယ်အတွင်းရှိ မြစ်ချောင်း၊ အင်း၊ အိုင်များအတွင်းရှိ ရေနေသတ္တဝါများကို သဘာဝမဟုတ်သည့် နည်းလမ်းများဖြင့် ဖမ်းဆီးခြင်း မပြုလုပ်ကြရန် ထားဝယ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က တားမြစ်လိုက်သည်။  ရေနေသတ္တဝါများကို ‌လျှပ်စစ်ဖြင့် ရှော့တိုက်ဖမ်းဆီးခြင်း၊ မိုင်းခွဲ၊ အဆိပ်ခတ်ဖမ်းဆီးခြင်း စသည့် သဘာဝနည်း မဟုတ်သည့် ငါးဖမ်းနည်းများဖြင့် ဖမ်းဆီးခြင်းမပြုကြရန် ဖေဖော်ဝါရီလ ၁ ရက်‌ ရက်စွဲဖြင့် ဒေသန္တရအမိန့် ထုတ်ပြန်တားမြစ်လိုက်ခြင်းဖြစ်သည်။  ထားဝယ်မြို့နယ် အရှေ့တောဒေသဘက်သို့သွားသည့် လမ်းတလျှောက်တွင် တိုက်ပွဲများကြောင့် မကြာခဏ လမ်းပိတ်ခြင်းများလည်း ရှိသည်။  ယင်းအတွက်ကြောင့် ကုန်စည်စီးဆင်းရေးအခက်အခဲကြောင့် စားရေးသောက်ရေး ခက်ခဲလာသဖြင့် မြစ်ချောင်းများအတွင်း သဘာဝမဟုတ်သည့် ရှော့တိုက်၊ မိုင်းခွဲငါးဖမ်းနည်းများကို အသုံးပြု ဖမ်းဆီးလာကြကြောင်း အရှေ့တောဒေသ စစ်ဘေးရှောင်တစ်ဦးက ပြောသည်။  “မိုင်းခွဲ၊ ရှော့ရိုက် နည်းပေါင်းစုံနဲ့ ငါးဖမ်းလာတော့ အခုတောင် ချောင်းထဲ ငါးမရှိသလောက်ဖြစ်နေပြီ။ ဒီအတိုင်းဆက်သွားရင် […]

ကံပေါက်ဒေသခံ ၁၀ကျော် ပြန်လွတ်

diz_admin

February 3, 2023

ရေဖြူမြို့နယ်၊ ကံပေါက်ဒေသက ဖမ်းဆီးခံထားရသည့် ဒေသခံအချို့ ပြန်လည်လွတ်မြောက်လာကြောင်း ဒေသခံအချို့ထံမှ သိရသည်။ ယနေ့ ဖေဖော်ဝါရီလ ၃ ရက် နံနက်ပိုင်းအထိ ပြန်လွတ်လာသူ ၁၁ ဦးရှိပြီဖြစ်ကြောင်း ဒေသခံအချို့က ပြောသည်။ ပြန်လွတ်လာသူများမှာ မဂ္ဂင်ရပ်ကွက်က ကိုမောင်မောင်နှင့် ကိုအာကာမာန်၊ လှည်းကုန်း (၁) ရပ်ကွက်က ဦးထွန်းရှိန်၊ ဒေါ်ပု၊ ဒေါ်ခင်ဆွေလတ်နှင့် ကိုသက်အောင်၊ မိကျောင်းအိုင်ရပ်ကွက်က ဦးဆန်းဦး၊ မရီမာလွင်နှင့် မနီနီ၊ မြသီတာ ရပ်ကွက်ရှိ ကိုသက်အောင်ဆိုင်ကယ်ပြင်ဆိုင်မှ ဝပ်ရှော့အလုပ်သမားနှစ်ဦး စုစုပေါင်း ၁၁ဦးဖြစ်သည်။ “ထားတဲ့နေရာကတော့ မတူကြဘူး။ ရေတပ်မှာပဲ နေရာခွဲပြီးထားတယ်လို့‌ပြောတယ်။ မေးတာကတော့ အစုံပါပဲတဲ့။ သိတာကို ဖြေလိုက်တယ်။ မသိတာဆိုလည်း မဖြေလိုက်ဘူးပေါ့။ ရိုက်ခံရတာမျိုးတော့ မရှိဘူး။ ဒါပေမဲ့ အခြားနေရာမတူတဲ့ လူတွေမှာ စစ်ခံရတဲ့သူတွေကိုတော့ ဘယ်လိုတွေ […]

လောင်းလုံးတွင် PDF နှင့်ပြည်သူ ပူးပေါင်းဆန္ဒပြ

diz_admin

February 1, 2023

စစ်အာဏာသိမ်းမှု ၂ နှစ်ပြည့်နေ့ဖြစ်သည့် ယနေ့ ဖေဖော်ဝါရီလ ၁ ရက် ညပိုင်းတွင် လောင်းလုံးမြို့နယ်၌ PDF နှင့် ပြည်သူများ ပူးပေါင်း၍ စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒပြကြကြောင်း ပါဝင်ဆန္ဒပြသည့် ဒေသခံအချို့ထံမှ သိရသည်။ လောင်းလုံးမြို့နယ် ဒေသအသီးသီးရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ တပ်စုအသီးသီးနှင့် ပြည်သူလူထုပူးပေါင်း၍ ကျေးရွာအချို့တွင် ဆိုင်ကယ်ဖြင့် လှည့်လည်၍ ဆန္ဒပြကြခြင်းဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ “(ဆန္ဒပြသူ) အင်အားတစ်ရာလောက်ရှိမယ်။ ဆိုင်ကယ်တွေနဲ့ ဘေးမှာ လက်နက်ကိုင်တပ်ဖွဲ့တွေလည်း ဝန်းရံထားတယ်” ဟု ဆန္ဒပြရာတွင် ပါဝင်ခဲ့သည့် ဒေသခံတစ်ဦးက ပြောသည်။ PDF နှင့် ပြည်သူ ပူပေါင်းသပိတ်စစ်ကြောင်းသည် ယနေ့ ည ၇ နာရီမှစပြီး ကျေးရွာအချို့သို့ သွားရောက်ကာ စစ်အာဏာရှင်ဆန့်ကျင်ရေး ကြွေးကြော်သံများဖြင့် ဆန္ဒထုတ်ကြကြောင်း ဒေသခံများထံမှ သိရသည်။ […]

သရက်ချောင်းမြို့နယ်၊ ပိန်းတောရွာတွင် အမျိုးသားတစ်ဦး ပစ်သတ်ခံရ

diz_admin

February 1, 2023

သရက်ချောင်းမြို့နယ် ပိန်းတောကျေးရွာတွင် ယနေ့ မွန်းလွဲပိုင်းက အသက် ၅၅ နှစ်အရွယ် အမျိုးသားတစ်ဦး သေနတ်ဖြင့် ပစ်သတ်ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ပစ်သတ်ခံရသူမှာ ဦးကျော်စိုးဆိုသူဖြစ်ပြီး ဖေဖော်ဝါရီလ ၁ ရက် မွန်းလွဲ ၁ နာရီခန့်က နေအိမ်တွင် ရှိနေစဉ် ပစ်ခတ်ခံရပြီး သေဆုံးသွားကြောင်း ၎င်းတို့က ဆိုသည်။ ဦးကျော်စိုးသည် ပိန်းတောရွာတွင် ပိုက်လှေလုပ်ငန်းလုပ်ကိုင်ပြီး စစ်ကောင်စီတပ်ဖွဲ့ဝင်များနှင့် နီးနီးကပ်ကပ် နေ့ထိုင်သွားလာလေ့ရှိသည်ကို တွေ့ရကြောင်း အဆိုပါကျေးရွာမှ ဒေသခံတစ်ဦးက ပြောသည်။ ယင်းကြောင့် သတိပေးစာ ပေးခံရသည့် သတင်းများလည်း ထွက်ဖူးကြောင်း ၎င်းက ဆိုသည်။ “သူ့ကို စာပစ်ပြီးသတိပေးနေတာ နှစ်ခါရှိပြီလို့တော့ ကြားတယ်။ အိမ်မှာ လာပစ်သွားတယ်ဆိုတာလောက်ပဲ ကြားတယ်” ဟု အထက်ပါအမျိုးသားက ပြောဆိုသည်။ သို့သော် ဦးကျော်စိုးကို […]

ငါးဖမ်းထွက်သည့် ဝေဒီရွာသားနှစ်ဦး ပြတ်ရှဒဏ်ရာများဖြင့် သေဆုံးလျက်ပြန်တွေ့

diz_admin

February 1, 2023

လှေငယ်တစ်စီးဖြင့် ငါးဖမ်းထွက်သွားသည့် ဝေဒီရွာသား နှစ်ဦးကို ဇန်နဝါရီလ ၂၉ ရက်က သ‌ပြေရှောင်ချောင်းဝတွင် လှေပေါ်၌ သေဆုံးလျက် ပြန်လည်တွေ့ရှိကြောင်း ဒေသခံများထံမှ သိရသည်။ သေဆုံးသူများမှာ လောင်းလုံးမြို့နယ် ဝေဒီရွာသားဖြစ်သည့် အသက် ၆၀ ဝန်းကျင်အရွယ် ဦးတင်သန်းဆိုသူနှင့် အသက် ၃၀ ကျော်ဝန်းကျင်အရွယ်ရှိ ကိုနိုင်အောင်ဆိုသူတို့ ဖြစ်သည်။ ဇန်နဝါရီလ ၂၆ ရက်က ထားဝယ်မြစ်ကြောင်းတစ်လျှောက် စက်တပ်လှေငယ်ဖြင့် ငါးဖမ်းထွက်ရာမှ နှစ်ဦးစလုံး ပျောက်ဆုံးသွားခဲ့ခြင်းဖြစ်ကြောင်း ဒေသခံတစ်ဦးက ပြောသည်။ သုံးရက်ကြာပြီးနောက် မြစ်ကြောင်းအတိုင်း‌ လှေဖြင့် မျောပါနေသည့် အလောင်း နှစ်‌လောင်းကို ဝေဒီရွာနှင့် ၁၀ မိုင်ကျော် ဝေးကွာသည့် သပြေရှောင်ရွာချောင်းဝတွင် တွေ့ရှိခဲ့ခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ “ကိုယ်မှာ ခုတ်ထစ်ပြတ်ရှဒဏ်ရာတွေရှိတယ်။ အလောင်းက ပုပ်ပွနေပြီ။ မီးရှို့ထားခဲ့ပုံရတယ်။ လှေနဲ့ […]