ကံပေါက်တွင် အာယုဒါနအသင်းက စေတနာ့ဝန်ထမ်းနှစ်ဦး ထပ်အဖမ်းခံရ
diz_admin
January 27, 2023ရေဖြူမြို့နယ်၊ ကံပေါက်ဒေသရှိ အာယုဒါန အောက်ဆီဂျင်နှင့် အခမဲ့သွေးလှူဒါန်းရေးအသင်းက စေတနာ့ဝန်ထမ်း ဖြစ်သူ ကိုမောင်မောင်နှင့် မသိင်္ဂိစိုး (ခေါ်) မလတီဖွါတို့နှစ်ဦး ထပ်မံအဖမ်းခံရကြောင်း စုံစမ်းသိရသည်။ ဇန်နဝါရီလ ၂၇ ရက် နံနက်အစောပိုင်းတွင် စစ်ကောင်စီတပ်က ဖမ်းဆီးသွားခြင်းဖြစ်ကြောင်း ဒေသခံအချို့က ဆိုသည်။ “ဗိုလ်ချုပ်ရပ်ကွက်မှာ အိမ်သုံးလေးအိမ် ဧည့်စာရင်းစစ်သလို တံခါးတွေ ဖွင့်ခိုင်းပြီး စစ်တယ်။ စစ်ပြီးတာနဲ့ မလတီဖွာကို မေးစရာရှိတယ်ဆိုပြီး ခေါ်သွားတယ်။ ကိုမောင်မောင်ကိုပါ ခေါ်သွားတာ” ဟု ဗိုလ်ချုပ်ရပ်ကွက်နေသူ တစ်ဦးက ပြောသည်။ ကိုမောင်မောင်မှာ ပြီးခဲ့သည့်နှစ်က စစ်ကောင်စီတပ်၏ ခေါ်ယူစစ်ဆေးခြင်းခံခဲ့ရပြီး ပြန်လွတ်လာခဲ့သူဖြစ်သည်။ မလတီဖွာနှင့် ကိုမောင်မောင်တို့ကို မည်သည့်အကြောင်းအရင်းကြောင့် စစ်ကောင်စီတပ်က ဖမ်းဆီးသွားသည်ကိုမူ မသိရသေးပေ။ ကံပေါက်ကျေးရွာတွင် စစ်ကောင်စီခန့်အုပ်ချုပ်ရေးမှူးနှင့် နောက်ထပ်အမျိုးသားတစ်ဦးတို့ ပစ်ခတ်ခံရပြီးနောက် ဒေသခံများ ဆက်တိုက်ဆိုသလို ဖမ်းဆီးခံနေရသည်။ […]


