ကမြောကင်းတံတားတွင် စစ်ဆေးမှုတင်းကျပ်၊ မှတ်ပုံတင်ဖြင့်တိုက်ဆိုင်စစ်ဆေးခံရ
diz_admin
April 20, 2023ထားဝယ်နှင့် လောင်းလုံးမြို့နယ်တို့ကို ဆက်သွယ်ထားသည့် ထားဝယ်မြစ်ကူးတံတားတစ်စင်းဖြစ်သော ကမြောကင်းတံတားတွင် စစ်ဆေးမှုပိုမိုတင်းကျပ်လာပြီး မှတ်ပုံတင်ဖြင့်တိုက်ဆိုင်စစ်ဆေးခံရကြောင်း ဒေသခံခရီးသွားပြည်သူများက ပြောသည်။ သင်္ကြန်မတိုင်ခင်က တံတားကို ဖြတ်သန်းသွားလာလျှင် စစ်ဆေးရေးဂိတ်တွင် ဆိုင်ကယ်တွန်း၍ သွားလာရခြင်း၊ ဆိုင်ကယ်တူးဘောက်ဖွင့် စစ်ဆေးခြင်း၊ ပိုက်ဆံအိတ်များကိုသာ ဖွင့်၍ စစ်ဆေးခဲ့ကြောင်း ဒေသခံတို့က ဆိုသည်။ သင်္ကြန်ပွဲတော်အပြီးတွင် မှတ်ပုံတင်ပါ ပြရသည့်အပြင် မှတ်ပုံတင်ပါ ဓာတ်ပုံနှင့် လူမျက်နှာ၊ ကိုယ်ရေး အချက်အလက်များကိုလည်း တိုက်ဆိုင်စစ်ဆေးနေကြောင်း ဒေသခံများက ပြောဆိုသည်။ “ဒီနေ့မနက်ကဆိုရင် လမ်းကြောင်းတောင် ခဏပိတ်သွားတယ်။ ကားပေါ်က ခရီးသည်တွေလည်း အကုန်ဆင်းပြရတယ်” ဟု ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။ မှတ်ပုံတင် မပါလာသူများဆိုလျှင် ဖြတ်သန်းသွားလာခွင့်မပြုဘဲ ပြန်လှည့်၍ယူခိုင်းခြင်း၊ အချို့ကို နောက်ဆုံးအကြိမ် အဖြစ် သတိပေးကာ ဖြတ်သန်းခွင့်ပြုခြင်းများရှိခဲ့ကြောင်း ကိုယ်တိုင်ကြုံခဲ့သည့် ခရီးသွားပြည်သူအချို့က ပြောပြသည်။ ယင်းသို့ […]


