တနင်္သာရီတိုင်းတွင် နေရာကွက်ကျား မိုးထစ်ချုန်းဆက်ရွာနိုင်
diz_admin
February 16, 2023တနင်္သာရီတိုင်းတွင် ဖေဖော်ဝါရီလ ၁၈ ရက်နေ့အထိ နေရာကွက်ကျား မိုးထစ်ချုန်းရွာနိုင်သေးကြောင်း မိုးလေဝသနှင့် ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၁၆ ရက်မှ ၁၈ ရက်အထိ ခန့်မှန်းချက်အရ တနင်္သာရီတိုင်းတွင် နေရာကွက်ကျားမှ နေရာကျဲကျဲ မိုးထစ်ချုန်းရွာနိုင်ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြသည်။ ဖေဖော်ဝါရီလ ၁၅ ရက် မနေ့က ညနေပိုင်းတွင် ထားဝယ်၊ သရက်ချောင်း၊ ရေဖြူစသည့်မြို့နယ်အချို့တွင် မိုးရွာသွန်းပြီး လေပြင်းတိုက်ခတ်ခဲ့သေးသည်။ သရက်ချောင်းမြို့နယ်နှင့် ပြင်ကြီးကျွန်းတွင် မိုးအနည်းငယ်ရွာခဲ့သော်လည်း ဆားချက်လုပ်သည့် လုပ်ငန်းထိခိုက်မှု မရှိကြောင်း ဆားချက်တောင်သူအချို့က ပြောသည်။ “ရေကြိုပြီးတော့ အုပ်ထားနိုင်တယ်။ မိုးလာမယ်ဆိုတာ ကြိုသိတယ်လေ” ထားဝယ်မြို့၊ ကြက်စားပြင်ရပ်ကွက်မှ နေလှန်းဆားလုပ်ငန်းရှင် ဦးသန်းဝင်းက ပြောသည်။ မိုးအနည်းငယ်သာ ရွာသွန်းခဲ့ခြင်းကြောင့် ဆားလုပ်ငန်းကို ထိခိုက်မှုမရှိခဲ့ကြောင်း သရက်ချောင်းမြို့နယ် ပြင်းဖြူသားကျေးရွာမှ မီးချက်ဆားလုပ်ငန်းလုပ်ကိုင်သည့် ကိုမိုးဇော်က […]


