ဒေသအခြေပြုမီဒီယာတစ်ခု ဆက်လက်ရှင်သန်ဖို့ နဲ့ ပြည်သူတွေ သတင်း သိနိုင်ဖို့

ကူညီပေးပါ

ထားဝယ်

ဓာတ်မြေဩဇာတစ်အိတ် ကျပ်တစ်သိန်းကျော်အထိ မြင့်တက်လာ၍ တောင်သူများအခက်တွေ့

diz_admin

February 20, 2023

ဓာတ်မြေဩစာတစ်အိတ် ကျပ်တစ်သိန်းကျော်အထိရောက်ရှိလာသဖြင့် ဝယ်ယူအသုံးပြုရန် အခက်အခဲဖြစ်နေကြောင်း ထားဝယ်မြို့ရှိ တောင်သူများကဆိုသည်။ လတ်တလောတွင် ထားဝယ်ဒေသရှိ လယ်သမားများ အများဆုံးသုံးပြုလေ့ရှိကြသည့် သုံးမျိုးစပ် ဓာတ်မြေဩဇာတစ်အိတ်လျှင် ၁၀၅၀၀၀ ကျပ်၊ မြင်းတံဆိပ်တစ်အိတ်လျှင် ၁၁၀၅၀၀ ကျပ်၊ မြှားကမ္ဘာ တစ်အိတ်လျှင် ၇၅၀၀၀ ကျပ် ဈေးပေါက်နေကြောင်း ထားဝယ်မြို့ရှိ ဓာတ်မြေဩဇာ အရောင်းဆိုင်ပိုင်ရှင် တစ်ဦးကပြောသည်။ အာဏာမသိမ်းခင်ကမူ မြှားကမ္ဘာတစ်အိတ်လျှင် ၂၅၀၀၀ ကျပ်ဝန်းကျင်သာပေးရပြီး သုံးမျိုးစပ်တစ်အိတ်လျှင်လည်း ၄၀၀၀၀ ကျပ်ဝန်းကျင်သာ ဝယ်ယူရကြောင်း လယ်သမားအချို့ကဆိုသည်။ “ဓာတ်‌ေမြသြဇာ‌‌ဈေးက တစ်ခါမှမကြားဖူးတဲ့ ဈေးဖြစ်နေတော့ ဝယ်ထားရမလား။ မဝယ်ရဘူးလား တွေဝေနေရတယ်” ဟု လောင်းလုံးမြို့နယ်မှ လယ်သမားတစ်ဦးဖြစ်သူ ဒေါ်အင်ကြူကဆိုသည်။ ထားဝယ်ဒေသတွင် မိုးဦးမကျမီ လယ်ယာလုပ်ငန်းအတွက် မျိုးစပါးနှင့် ဓာတ်မြေဩဇာကို ကြိုတင်ဝယ်ယူ စုဆောင်းထားလေ့ရှိသည်။ လယ်လုပ်ချိန်နီးကပ်လာပါက ဓာတ်မြေဩဇာဈေး ထပ်တက်လာနိုင်ကြောင်း […]

ထားဝယ်၊ သင်္ကန်းတုံးရွာတွင် နေအိမ်မီးရှို့ခံရ၊ လက်နက်ကြီးကျ၍ ကလေးတစ်ဦး ဒဏ်ရာရ

diz_admin

February 18, 2023

တိုက်ပွဲဖြစ်ပွားနေသည့် ထားဝယ်အရှေ့တောဒေသ ပကာရီကျေးရွာအုပ်စု၊ သင်္ကန်းတုံးရွာမှ နေအိမ်တချို့ မီးရှို့ခံရကြောင်း ဒေသခံအချို့က ပြောသည်။ ယနေ့(ဖေဖော်ဝါရီ ၁၈) နေ့လယ်ပိုင်းခန့်က မီးရှို့ခံရခြင်းဖြစ်ပြီး ကျေးရွာစာသင်ကျောင်းဘေးပတ်လည်မှ နေအိမ်နှစ်လုံးနှင့် ကျေးလက်ကျန်းမာရေးဌာနဆေးပေးခန်းတို့ မီးလောင်ခဲ့ကြောင်း သင်္ကန်းတုံးရွာမှ ဒေသခံအချို့က ပြောသည်။ စာသင်ကျောင်းပတ်လည်ကို အုတ်တံတိုင်းကာထားသဖြင့် အဝေးကမြင်ရသည့် အနေအထားအရ ကျောင်းကိုမီးစွဲလောင်ခြင်းမရှိသေးဟု သင်္ကန်းတုံးရွာမှ ဒေသခံအမျိုးသမီးတစ်ဦးက ပြောသည်။ “စစ်ကြောင်းပြန်ထွက်ချိန်မှာ ရှို့ခဲ့တာ” ဟု ၎င်းက ပြောသည်။ အိမ်များ မီးလောင်နေသည်ကို စစ်ဘေးရှောင်နေသည့် ရွာသားအချို့က တောထဲမှမြင်နေရသော်လည်း မီးလာငြှိမ်းသူများကို ကင်းပုန်းဝပ်ကာ ပစ်ခတ်သတ်ဖြတ်မည်စိုးသဖြင့် မည်သူမျှ မီးသွားမငြှိမ်းရဲကြဟု ဒေသခံအချို့က ဆိုသည်။ မီးငြိမ်းသတ်သူမရှိသဖြင့် ယနေ့ ည ၆ နာရီခွဲအထိ မီးစွဲနေသေးပြီး နောက်ထပ် အိမ်ဘယ်နှစ်လုံး မီးလောင်သည်ဆိုသည်ကိုမူ မသိရသေးကြောင်း အထက်ပါအမျိုးသမီးက […]

သရက်ချောင်း၊ ကတွဲရွာက ဖမ်းဆီးခံရသည့်အမျိုးသား ၁၁ရက်အကြာတွင် အလောင်းပြန်တွေ့

diz_admin

February 18, 2023

သရက်ချောင်းမြို့နယ်၊ ကတွဲရွာတွင် မျက်နှာဖုံးစွပ်လက်နက်ကိုင်လူတစ်စုက ဖမ်းဆီးခေါ်ဆောင်သွားသည့် ကိုအာကာ (ခေါ်) ကိုစိုးဝင်းနိုင်ကို ၁၁ ရက်အကြာတွင် အလောင်းပြန်တွေ့ကြောင်း ဒေသခံအချို့ထံမှ သိရသည်။ မြိတ်-ထားဝယ်ကားလမ်းပေါ်က တံတားတစ်ခုအောက်တွင် ပုပ်ပွနေသည့် ရုပ်အလောင်းကို ဖေဖော်ဝါရီလ ၁၇ရက်က ပြန်လည်တွေ့ရှိကြောင်း ဒေသခံအမျိုးသားတစ်ဦးက ပြောသည်။   “တံတားတစ်ခုရှိနေတာကိုး။ တံတားအောက်ကို ပစ်ချထားတယ်။ တော်ရုံတန်ရုံသွားလာရင် မမြင်ဘူး၊ ကတွဲနဲ့ဆို ၂ မိုင်လောက်ဝေးတယ်” ဟု ၎င်းက ဆိုသည်။ ကိုအာဏာသည် ပြည်သူ့စစ်အဖွဲ့ဝင်အဖြစ်လုပ်ကိုင်ဖူးပြီး စစ်ကောင်စီတပ်က ယင်းရွာသို့ ရောက်လာလျှင် လိုအပ်သည်များကို လိုက်လံလုပ်ဆောင်ပေးသဖြင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က သတိပေးခြိမ်းခြောက်စာ ထုတ်ပြန်ဖူးကြောင်း အထက်ပါဒေသခံအမျိုးသားက ပြောဆိုသည်။ ယင်းနောက် ရန်ကုန်တွင် ရှစ်လခန့်သွားရောက်နေထိုင်ကာ ရွာသို့ ပြန်လာပြီး ၂ရက်အကြာ ဖေဖော်ဝါရီလ ၅ရက် ည ၈နာရီတွင် […]

ထားဝယ်အရှေ့တောတွင် နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်

diz_admin

February 17, 2023

ထားဝယ်အရှေ့တောဒေသတွင် စစ်ကောင်စီတပ်နှင့် ပြည်သူ့ကာကွယ်ရေးတပ်တို့ကြား နှစ်ရက်ဆက်တိုက် တိုက်ပွဲဖြစ်ပွားကြောင်း ဒေသခံတို့နှင့် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တို့ထံမှ သိရသည်။ ဝကုန်းကျေးရွာနှင့် ဗဲ့မဲ့တတ်တောင်ကြောနေရာနှစ်ခုတွင်တိုက်ပွဲဖြစ်ပွားခြင်းဖြစ်သည်ဟု ဆိုသည်။ စစ်ကောင်စီတပ်ဖွဲ့မှာ ဖေဖော်ဝါရီလ ၁၅ ရက်နေ့က ဝကုန်းရွာအနီးက ဘဝပင်လမ်းဆုံသို့ ရောက်ရှိလာခြင်းဖြစ်ကြောင်း ဒေသခံတို့ထံမှ သိရသည်။ ယင်းနေ့က ဆိတ်လိုက်ဖမ်းသည့် ဒေသခံနှစ်ဦးမှာ သေနတ်ဖြင့် ပစ်ခတ်ခံရသော်လည်း ထိခိုက်ဒဏ်ရာ မရရှိခဲ့ကြောင်း ဝကုန်းရွာမှ ဒေသခံတစ်ဦးက ဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက်နံနက်ပိုင်းတွင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့နှင့် စစ်ကောင်စီတပ်ဖွဲ့တို့ နှစ်ဖက်အပြန်အလှန် ပစ်ခတ်မှုဖြစ်ပွားခဲ့ကြောင်း ဒေသခံတို့ထံမှ သိရသည်။ “နှစ်ဖက်ထိခိုက်မှုအခြေအနေက ကျွန်တော်တို့ဘက်မှာတော့ ဘာမှမဖြစ်ဘူး။ ရန်သူဘက်ခြမ်းမှာတော့ ထိမယ်။ ကျွန်တော်တို့က အနီးကပ်ပစ်ထားတာကိုး” ဟု ပြည်သူ့ကာကွယ်ရေးတပ်ဘက်မှ တာဝန်ရှိသူက ပြောဆိုသည်။ ယနေ့ ဖေဖော်ဝါရီလ ၁၇ ရက် နံနက် […]

ထီးခီးနယ်စပ်တွင် ကရင်တပ်ဖွဲ့နှစ်ခု ပစ်ခတ်မှုဖြစ်နေ

diz_admin

February 17, 2023

ထားဝယ်-ထိုင်းနယ်စပ် ထီးခီးနယ်စပ်တွင် ကရင်လက်နက်ကိုင်နှစ်ဖွဲ့ကြား တိုက်ပွဲဖြစ်ပွားနေကြောင်း စုံစမ်းသိရသည်။ ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ ၄ နှင့် ကော်သူးလေတပ်မတော် (KTLA) တို့အကြား ဖေဖော်ဝါရီလ ၁၆ ရက်မှ စတင်ကာ တိုက်ပွဲဖြစ်ပွားပြီး ယနေ့တွင်လည်း ဆက်လက်ဖြစ်ပွားကြောင်း ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့မှ တာဝန်ရှိသူအချို့နှင့် KTLA တပ်ခွဲတစ်ခုမှ တာဝန်ရှိသူတစ်ဦးတို့က ပြောသည်။ ထီးခီးနယ်စပ် အမိုရွာအနီးတည်ရှိသည့် KTLA တပ်ခွဲ (၅) စခန်းကို KNU တပ်မဟာ (၄) KNLA တပ်ရင်းက ဝင်တိုက်ခြင်းဖြစ်ပြီး နှစ်ဖက်အပြန်အလှန်ပစ်ခတ်မှုပြင်းထန်ခဲ့ကြောင်း KTLA တပ်ခွဲ (၃) မှ တပ်ခွဲမှူး ဗိုလ်နှင်းဆီက ဆိုသည်။ ဖေဖော်ဝါရီလ ၁၆ ရက် နံနက် ၁ဝနာရီဝန်းကျင်တွင် KNLA က ကော်သူးလေ KTLA […]

ကံပေါက်ဒေသခံ ၇ ဦး ပြန်လွတ်လာသော်လည်း အမျိုးသမီး ၁ ဦး အဖမ်းခံထားရဆဲ

diz_admin

February 17, 2023

စစ်ကောင်စီကဖမ်းဆီး စစ်ဆေးနေသည့် ရေဖြူမြို့နယ် ကံပေါက်ဒေသခံ ၇ ဦးမှာပြန်လွတ်လာသော်လည်း အမျိုးသမီး တစ်ဦးကိုမူ ဆက်လက်ဖမ်းထားဆဲဖြစ်ကြောင်း ဒေသခံများထံမှသိရသည်။ ပြန်လွတ်လာသူများမှာ ကံပေါက်ကျေးရွာ ဗိုလ်ချုပ်ရပ်ကွက်မှ မဝင်းစန္ဒီကျော်(ခ)အသေးလေး၊ လှည်းကုန်း (၁)ရပ်ကွက်မှ မချိုချိုအောင်၊ မိသန်းကြွယ်နှင့် သမီးဖြစ်သူ မရွက်နုဝေ၊ ကိုသက်ဦးနှင့် ဇနီးဖြစ်သူ မမာဝေ၊ မသန်းသန်းစိုးတို့ ဖြစ်သည်။ ၄င်းတို့အနက် ကိုသက်ဦးနှင့် မဝင်းစန္ဒီကျော်တို့မှာ ဖေဖော်ဝါရီလ ၄ ရက်နေ့တွင် ဖမ်းဆီးထိန်းသိမ်းခံခဲ့ရပြီး ကျန် အမျိုးသမီး ၅ ဦးမှာ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ မနက်ပိုင်းတွင် ကံပေါက်နယ်မြေရဲစခန်းမှတစ်ဆင့် မောရဝတီ ရေတပ်သို့ ခေါ်ဆောင် စစ်ဆေးခံရခြင်းဖြစ်သည်။ ဖေဖော်ဝါရီလ ၄ ရက်နေ့ကတည်းက မောရဝတီရေတပ်တွင် ဖမ်းဆီးစစ်ဆေးခံနေရသည့် မမီးသက်မှာမူ ၁၀ ရက်ကျော်သည်အထိ ပြန်လည်လွတ်မြောက်ခြင်းမရှိသေးပေ။ “လှည်းကုန်း […]

လောင်းလုံးတွင် ပြည်သူ့စစ်အဖွဲ့ဝင်ဟုဆိုသူတစ်ဦး ပစ်သတ်ခံရ

diz_admin

February 16, 2023

လောင်းလုံးမြို့ပေါ် (ဃ) ရပ်ကွက်တွင် ယနေ့ ဖေဖော်ဝါရီ ၁၆ ရက် ယနေ့ညနေပိုင်းက ပြည်သူ့စစ်အဖွဲ့ဝင်တစ်ဦး ပစ်သတ်ခံရကြောင်း ဒေသခံများထံမှ သိရသည်။ ပစ်သတ်ခံရသူမှာ အသက် ၄၀ ကျော်ဝန်းကျင်အရွယ်ရှိ ဦးအောင်ဆန်းဦးဆိုသူဖြစ်ပြီး ယနေ့ ည ၆ နာရီ ၄၅ မိနစ်ခန့် တွင် လက်နက်ကိုင်လူတစ်စုက လာရောက်ပစ်သတ်သွားခြင်း ဖြစ်ကြောင်း ၎င်းတို့ထံမှ သိရသည်။ ၎င်းသည် ယူနီဖောင်းဝတ်ကာ လက်နက်ကိုင်ဆောင်လေ့ရှိကာ လုံခြုံရေးတာဝန်များလည်း ထမ်းဆောင်သည်ကို တွေ့ရလေ့ရှိကြောင်း ဒေသခံအချိုက ပြောဆိုကြသည်။ “သူအိမ်နောက်က မီးပုံဘေးမှာသေနေတယ်” ဟု ဒေသခံတစ်ဦးက ပြောသည်။ ညဘက်မေးရိုးအောက်နှင့် ဦးခေါင်းတို့တွင် ကျည်ထိမှန်ဒဏ်ရာများဖြင့် သေဆုံးနေခြင်းဖြစ်ကြောင်း ၎င်းက ဆိုသည်။ ဦးအောင်ဆန်းဦးကို မည်သူတို့က မည်သည့်အကြောင်းရင်းကြောင့် လာရောက်ပစ်ခတ်သွားသည်ကို Dawei Watch အနေဖြင့် […]

ဖမ်းထားသည့် သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာသားကို သတ်လိုက်ပြီဟု ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထုတ်ပြန်

diz_admin

February 16, 2023

သရက်ချောင်းမြို့နယ်၊ ကျွဲဇပ်ရွာသား ဦးတင်လတ်မှာ သတင်းပေးဒလန်ဖြစ်၍ သတ်လိုက်ပြီဖြစ်ကြောင်း သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေး ပြောက်ကျားတပ်ဖွဲ့က ယနေ့(ဖေဖော်ဝါရီ ၁၆) ညနေပိုင်းတွင် ထုတ်ပြန်လိုက်သည်။ ဦးတင်လတ်ကို စစ်ကောင်စီ၊ ပျူစောထီးတို့နှင့် ပူးပေါင်း ဆက်သွယ်သည်ဆိုသော စွပ်စွဲချက်ဖြင့် သရက်ချောင်းမြို့နယ်အခြေစိုက် ပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တို့က ဖမ်းဆီးကာ သတ်ခဲ့ခြင်းဖြစ်သည်။ ဦးတင်လတ်မှာ ၂၀၂၂ ခုနှစ် ၁၂ လပိုင်း ၁၇ ရက်က စစ်ကောင်စီတပ်သားများ၊ ပျူစောထီးအဖွဲ့ဝင်များနှင့်အတူ ကင်းရှေ့ရွာရှိ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်များကို ဝင်ရောက်ရှာဖွေခဲ့သည်ဟု သတင်းရရှိခဲ့ကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ၂၀၂၂ ခုနှစ် ၁၂ လပိုင်း ၁၉ ရက်ကလည်း ဥတ္တူရွာကို စစ်ကောင်စီတပ်၊ ပျူစောထီးအဖွဲ့များနှင့်အတူ လိုက်ပါလာသည်ကို မျက်မြင်တွေ့ရှိသည်ဟု ထုတ်ပြန်ချက်တွင်ပါရှိသည်။ သို့သော် ယင်းပြောဆိုချက်များအပေါ် ဦးတင်လတ်၏ သမီးဖြစ်သူ မမေမြတ်နိုး ကန့်ကွက်လိုက်ပြီး […]