ရငဲရွာသားတစ်ဦးကိုပစ်သတ်ပြီး ငွေကြေးယူဆောင်သူများမှာ သရက်ချောင်း ပကဖ အဖွဲ့မဟုတ်ဟုထုတ်ပြန်
diz_admin
March 1, 2023သရက်ချောင်းမြို့နယ် ရငဲကျေးရွာတွင် လက်နက်ကိုင်လူတစ်စုက အမျိုးသားတစ်ဦးကို ပစ်သတ်ပြီး အခြားဒေသခံ နှစ်ဦးထံမှ ငွေကြေးတောင်းခံသည့်ဖြစ်စဉ်သည် သရက်ချောင်းမြို့နယ်ရှိ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (ပကဖ) အဖွဲ့ဝင်များလုပ်ဆောင်ခြင်း မဟုတ်ကြောင်း ထုတ်ပြန်ထားသည်။ ဖေဖော်ဝါရီလ ၂၁ ရက်က ရငဲကျေးရွာသို့ လက်နက်ကိုင်လူတစ်စုရောက်လာပြီး မူယစ်ဆေးဝါးသုံးစွဲသူများကို ဖမ်းဆီးစစ်ဆေးခဲ့သည်ဟု ထုတ်ပြန်တွင် ဖော်ပြသည်။ ထိုသို့စစ်ဆေးစဉ် အမျိုးသားတစ်ဦးမှာ ထွက်ပြေးသဖြင့် ပစ်ခတ်လိုက်ရာ သေဆုံးသွားပြီး အခြားဒေသခံနှစ်ဦးထံမှ လည်း အဆိုပါလက်နက်ကိုင်အဖွဲ့က ငွေကျပ် သိန်း ၃ဝစီ တောင်းယူသွားကြောင်း ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ယင်းဖြစ်စဉ်ပါဝင်သူများမှာ သရက်ချောင်းမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့ဝင်များ မဟုတ်ကြောင်း သရက်ချောင်း မြို့နယ်အတွင်း လှုပ်ရှားနေသည့် ပြည်သူ့ကာကွယ်ရေးအဖွဲ့ ၇ ဖွဲ့ပူးပေါင်းပြီး ဖေဖော်ဝါရီလ ၂၇ ရက်က ထုတ်ပြန် ထားခြင်းဖြစ်သည်။ အဆိုပါထုတ်ပြန်ချက်တွင် အမည်မသိလက်နက်ကိုင်အဖွဲ့ဟု သုံးနှုန်းထားပြီး […]


